ဂျူမုအဟ် နေ့ “စူရဟ် ကဟဖ် ဖတ်ခြင်း”

တမန် တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) မိန့်ကြားတော် မူခဲ့သည်မှာ၊ သောကြာနေ့ တွင် စူရဟ် ကဟဖ် အား ဖတ်ရွတ် မည်ဆို ပါက ဖတ်သူ၏ ခြေထောက် မှ စ၍ မိုးကောင်းကင် အထိ (နာမ်ပိုင်း ဆိုင်ရာ) လင်းဝင်း မှု ရှိနေ လိမ့်မည်။ ဂျုမုအဟ် နှစ်ခု ကြား အချိန် ကာလ တွင် ကျူးလွန် မိသော ဂိုနဟ် များကို ခွင့်လွှတ် ချမ်းသာ ပေးတော် မူမည်။

(အိဗ်နု မာဂျဟ်ကျမ်း)

“စူရဟ် ကဟဖ်” ၏ ရှေ့ဆုံး (၁၀) အာယသ် နှင့် ပတ်သက်၍ အိမာမ် မွတ်စ်လင်မ် (ရဟ်မသွလ်လာဟိ အလိုင်ဟ်) သခင် ဆင့်ပြန် ထားသည် မှာ-
အကြင် သူသည် (၎င်း ဖေါ်ပြပါ (၁၀)ပါး အား) အလွတ် ကျက်မှတ် ခဲ့လျှင် လည်းကောင်း၊ ဖတ်ရွတ် ခဲ့လျှင် လည်းကောင်း ထို သူသည် “ဒဂ်ျဂျာလ်” ၏ ပြဿနာ ရပ် များမှ ထိန်းသိမ်း စောင့်ရှောက် ခြင်းခံ ရမည်။

About puresunni

I like this site.
This entry was posted in ကွရ်အန်ကဏ္ဍ, Quran. Bookmark the permalink.

Leave a comment