အိဒဒ်ကာလပြီးသည့်နောက် အမျိုးသမီးအား စောင့်ရှောက်ရန်တာဝန်

 

ကမားရ်စိုင်ယဒ် (အိုးအိမ်ဦးစီးဋ္ဌာန အတွင်းရေးမှူး) ။  ။ အသင်၏ နှစ်လိုဖွယ်ရာကောင်းသော စကား တွင်း၌ အသင်သည် ကွာရှင်းပြတ်စဲခြင်းခံရသော အမျိုးသမီးအား “အီဒဒ်”(စောင့်ဆိုင်း) ကာလ အတွင်း၌ ၎င်း၏ခင်ပွန်းမှ ၎င်းအား ကျွေးမွေးထောက်ပံ့ရမည်ဟု ပြောကြားဖော်ပြခဲ့ပါသည်။ ထို့နောက် ယင်းမိန်းကလေးကို ၎င်း၏ မိဘများက ကျွေးမွေး စောင့်ရှောက်ထိန်းသိမ်းပေးရမည်ဟု ယူဆပါသည်။ ယင်းကဲ့သို့သောကိစ္စတွင် မိဘများမှ ထိန်းသိမ်းစောင့်ရှောက်ရန် မတတ်စွမ်း နိုင်ခဲ့သော် မည်သူမှ ထိန်းသိမ်းစောင့်ရှောက်ရမည်နည်း။

ဒေါက်တာဇာကိရ် ။     ။ နှမတော်မှ မေးမြန်းသွားသော မေးခွန်းမှာ အလွန်ပင် ကောင်းလှပါသည်။ အမျိုးသမီးတစ်ယောက်သည် ကွာရှင်း ပြတ်စဲခြင်းခံရသည်လို့ ဆိုကြပါစို့။ ယင်းအမျိုးသမီး၏ အီဒဒ် (စောင့်ဆိုင်းကာလ) သုံးလ (သို့) ကလေး မီးဖွားပြီးသည့်တိုင်အောင် ၎င်းင်း၏ ခင်ပွန်းမှ ကျွေးမွေး   ထောက် ပံ့၊   စောင့်ရှောက်ရပါမည်။ ၎င်းင်းနောက် သူမ၏ ခင်ပွန်း၏တာဝန်ဖြစ် တယ် လို့ ကျွန်ုပ် ၏ ဟောပြောတင်ပြမှုတွင် ဖော်ပြခဲ့ခြင်းကို တောင်းပန်ပါရစေ။ ၎င်းင်းနောက် ယင်းအမျိုးသမီးအား ကြည့်ရှု စောင့်ရှောက်ရမည့်တာဝန်မှာ သူမ၏ ဖခင်(သို့) အစ်ကို၊ မောင်များ၏ တာဝန်ပင် ဖြစ်သည်။ အကယ်၍ သူမ၏ ဖခင်နှင့် အစ်ကို၊ မောင်များမှ သူမအား စောင့်ရှောက် နိုင်စွမ်း မရှိပါက သူမ၏ ဆွေမျိုးသားချင်းများသည် သူမအား စောင့်ရှောက်ရပါမည်။ သူမ၏ ဆွေမျိုးသားချင်းများ မှ စောင့်ရှောက်နိုင်စွမ်းမရှိပါလျှင် သူမကို ထိန်းသိမ်း စောင့်ရှောက်ရန်မှာ မွတ်စလင်မ် အွမ္မသ်၏ တာဝန်ပင်ဖြစ်သွားပေသည်။

ထို့ကြောင့် (ယင်းကဲ့သို့သော ကိစ္စများဆောင်ရွက်ရန်) ကျွန်ုပ်တို့သည် အဖွဲ့အစည်းများဖွဲ့စည်းထားရန် လိုအပ်ပေသည်။ဇကားသ်ရန်ပုံငွေများရရှိလာပါကယင်းကဲ့သို့သောအမျိုးသမီးများကို  စောင့်ရှောက်နိုင်ပေ မည်။ ဤကဲ့သို့သော အလုပ် များကို မလုပ်နိုင်ခဲ့လျှင် ယင်းကဲ့သို့ အမျိုးသမီးများကို စောင့်ရှောက် ထိန်းသိမ်းရန်မှာ နောက်ဆုံးအနေနှင့် အစ္စလာမ်နိုင်ငံတော်၏တာဝန်ပင်ဖြစ်သည်။

Posted in မစာအိလ် ရှင်းလင်းချက် | Leave a comment

ကျား၊ မအတူတကွရောနှော နေထိုင်လုပ်ကိုင်ခွင့်ပြု/ မပြု

 

ဘီဂျေး ။    ။ အစ္စလာမ်၌ အလုပ်လုပ်သောနေရာများတွင် လိင်မတူသူများ ရောနှော လုပ်ကိုင်ခြင်းကို ခွင့်မပြုခြင်းသည် ခေတ်မီပါသေးလော (သို့) ခေတ်နောက်ကျနေပြီလော။

ဒေါက်တာဇာကိရိနိုက်(ခ်) ။  ။၎င်းမှ မေးမြန်းသည့် မေးခွန်းမှာ အစ္စလာမ်တွင် လိင်မတူသူများ အား ရောနှော ၍ အတူတကွ အလုပ် လုပ်ကိုင်ခြင်းကို ခွင့်မပြုပေ။ ဤအချက် သည် ခေတ်မီပါသေး သလော။ သို့မဟုတ် ခေတ်နောက်ကျနေပြီလော။ အသင့်အနေနှင့် ခေတ်မီခြင်းဆို သည်မှာ သင်၏ အမျိုးသမီး များကို ရောင်းချရန်အတွက် ၎င်းတို့နှင့် ရောနှောဆက်ဆံ အတူနေထိုင်ခြင်း ကို ခေါ်ဆို နားလည်ထားသည်။ (သို့) အသင့်အနေနှင့် ၎င်းအမျိုးသမီးတို့ကို မော်ဒယ်သရုပ်ဆောင်မှုဖြင့် အသက်မွေး ၀မ်းကျောင်းပြုစေခြင်းကို ခေတ်မီခြင်းဖြစ်သည်ဟု ဆိုလိုပါက အစ္စလာမ်သည် ခေတ်နောက်ကျနေပြီဟု ကျွန်ုပ်ခံစားမိပါသည်။

အနောက်တိုင်းမီဒီယာ၊ အနောက်တိုင်း ယဉ်ကျေးမှုများက ပြောကြားနေ သည်မှာ ၎င်းတို့သည် အမျိုးသမီး များ၏ အခွင့်အရေးများကို မြောက်များစွာပေးခဲ့သည်။ ၎င်းအမျိုးသမီးများ၏ ဂုဏ် သိက္ခာအဆင့်အတန်း ကျဆင်းမှုကို ဖယ်ရှား၍ ဂုဏ်သိက္ခာ အဆင့်အတန်းကို မြင့်တင်ပေးနေသည်။ စာရင်းဇယားများအရ အမေရိကန်ပြည်ထောင်စုရှိတက္ကသိုလ်တွင် ပညာသင်ယူရန်သွားသူ၊ လုပ်ငန်းခွင်ဝင်ကြသူ၊ အမျိုးသမီး များ ၏ (၅၀%)မှာ မုဒိန်းကျင့်ခံနေရသည်ဟု သိရှိရပါသည်။ ၅၀% တောင် မုဒိမ်းကျင့်ခံနေ ရခြင်း သည် အဘယ်ကြောင့်ဟု အသင် သိပါသလား။ အမေရိကန်၏ မြောက်များစွာသော လုပ်ငန်းခွင်များတွင် ကျားမရောနှောပြီး နေထိုင်လုပ်ကိုင်ရခြင်းကြောင့်ပင်။

အကယ်၍ အသင့်အနေနှင့် မိန်းမတစ်ယောက်သည်  မုဒိမ်းကျင့်ခြင်းကို ခံသင့်သည်ဟု တွေးခေါ် ယူဆလျှင် အစ္စလာမ်သည် ခေတ်နောက်ကျနေချေပြီ။ အကယ်၍  မိန်းမတစ်ယောက်သည် ဆန့်ကျင် ဘက်လိင် ယောက်ျား၏ မုဒိမ်းကျင့် ခြင်းကို မခံသင့်ဘူးဆိုလျှင်တော့ အစ္စလာမ် သည် ခေတ်အမီ ဆုံးဖြစ်နေမည်။

Posted in Masa-il | Leave a comment

နှစ်ပေါင်း ၁၄၀၀ ကျော်ခဲ့သော်လည်း တ မန် တော် မြတ် ထိုင် ခဲ့ သောကြောင့် ယ နေ့ တိုင် ရှင် သန် နေ တဲ့ သစ် ပင်

 
 
အဲဒီသစ်ပင်ကို တချို့က ဆွဟာဗဟ်သစ်ပင်လို့တောင်ခေါ်ကြပါတယ်။ ဒီသစ်ပင်ဟာ ဂျော်ဒန်နိုင်ငံမှာရှိနေပါတယ်။ တမန်တော်မြတ်ကို အရိပ်ပေးဖို့ ယိမ်းညွှတ်ခဲ့တဲ့ အတွက်   နှစ်ပေါင်း1400ကျော်ခဲ့သည့်တိုင် အသက်ရှင်လျက်ရှိနေပါတယ်။

အံ့သြစရာမှာ အဲဒီသစ်ပင်ရဲ့အနီးအနားမှာ ဘယ်သစ်ပင်မှမရှိတော့ဘဲ ရာသီဥတုပြင်းထန်မှုဒဏ်ကို ကြံ့ကြံ့ခံကာ တစ်ပင်တည်းနှစ်ပေါင်းများစွာ အသက်ရှင်ရပ်တည်နေခြင်းပါ။

အဲဒီသစ်ပင်အကြောင်း သိရ်မီဇီကျမ်း အဗ်ဝါးဗွလ်မရာကိဗ်အခန်းမှာပါရှိပါတယ်။ ဆွဟာဗဟ်ကြီး အဗူမူစာအရှ်အရီက ဆင့်ပြန်ပို့ချထားခြင်းဖြစ် ပါတယ်။
တမန်တော်မြတ် صلى الله عليه وسلم သက်တော် ၁၂ နှစ် အရွယ်ဖြစ်ပါတယ်။ ဘကြီးတော်အဗူသွာလိဗ်က ကုရိုက်ရှ်မျိုးနွယ်စုခေါင်းဆောင်များနဲ့အတူ ကုန်ရောင်းကုန်ဝယ်လုပ်ဖို့ ဆီးရီးယားသို့သွားရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ တမန်တော်မြတ်ကလည်း အတူလိုက်လိုကြောင်းပြောပါတယ်။ အဲဒါနဲ့တမန်တော်မြတ်ကိုလည်း အတူခေါ်ဆောင်လာခဲ့ပါတယ်။ သမိုင်းပညာရှင်များရဲ့အဆိုအရ ခရစ်သက္ကရာဇ် 582 ခုနှစ်အချိန်မှာဖြစ်ပါတယ်။

တမန်တော်မြတ်လိုက်ပါလာတဲ့ ကုန်သည်အုပ်စုဟာ ဗိုင်သွလ်မုကဒ်ဒပ်စ် (ဂျေရုစလင်)မြောက်ဘက် ဒမက်စကတ်မြို့အနီးရှိ ဗွတ်စ်ရာအမည်ရှိဒေသ သို့ရောက် တဲ့ အခါ အရွက်ထူထည်းပြီးအရိပ်ကောင်းတဲ့အပင်တစ်ပင်အနားမှာ အဗူသွာလစ်ဗ်ဟာ အစီးအနင်းကနေဆင်းလိုက်ပါတယ်။ ကျန်တဲ့ခရီးဖော်အားလုံးဟာလည်း အရိပ်မှာအနားယူဖို့ အစီးအနင်းတွေကနေဆင်းကြပါတယ်။ အဲဒီခေတ်အခါမှာ အဲဒီနေရာဟာ ရောမအုပ်ချုပ် မှုအောက်မှာ ရှိနေပါတယ်။ အပင်နဲ့မနီးမဝေးမှာ ခရစ်ယန်ဘုရားကျောင်းတစ်ခုလည်းရှိပါတယ်။ အဲဒီဘုရားကျောင်းမှာ (သုံးပါတစ်ဆူဝါဒကိုလက်မခံ ဘဲ တစ်ပါးတည်းအရှင်ကိုသာ လက်ခံကိုးကွယ်လျက်ရှိတဲ့) ခရစ်ယန်ဘုန်းကြီးတစ်ပါးတရားကျင့်လျက် သတင်းသုံးနေပါတယ်။ ဘုန်းကြီးရဲ့ဘွဲ့မှာ (Bahira) ဗဟီရာဖြစ်ပြီး အဓိပ္ပာယ်က သန့်ရှင်းသူလို့ရပါတယ်။ အမည်အရင်းက SERGIUS စရ်ဂျီးစ် (သို့) ဂျရ်ဂျီးစ်လို့ခေါ်ပါတယ်။ ဗဟီရာဟာ အင်ဂျီလ်ကျမ်း လေးကျမ်းကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားတဲ့ ပညာရှင်တစ်ပါးလည်းဖြစ်ပါတယ်။ အင်ဂျီလ်ကျမ်းကို သင်ကြားပို့ချနေသူ လည်းဖြစ်တဲ့အတွက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရိုသေလေးစားခံရတဲ့ဘုန်းတော်ကြီးဖြစ်ပါတယ်။ သူဟာ ဆွဟာဗဟ်ကြီး စလ်မာန်ဖာရစီရဲ့ ယခင်ဆရာဟောင်းလည်းဖြစ်ပါတယ်။

ဗဟီရာဘုန်းတော်ကြီးဟာ ရှေးကျမ်းများရဲ့အဆိုအရ နောက်ဆုံးတမန်တော်ဟာဒီနေရာကဖြတ်ကျော်မယ်လို့

ပါရှိတဲ့အတွက် အဲဒီနေရာကို ရွေး ချယ်နေ ထိုင်ပြီး စောင့်စားခဲ့တာပါ။ အမြဲတစေ အရဗ်မှကုန်သည်အုပ်စုတွေ လာတိုင်း ပြူတင်းပေါက်မှကြည့်ရှုအကဲခတ် ခဲ့သော်လည်း စောင့်စားနေ တဲ့ ပုဂ္ဂိုလ်မြတ်ကို မတွေ့ခဲ့ရပါ။

ဗဟီရာဘုန်းတော်ကြီးမှာ လောကီရေးစွန့်လွှတ်ပြီး တရားကျင့်သူဖြစ်တဲ့အတွက် ဘုရားကျောင်းအပြင်ကိုလည်းမထွက်သလို ခရီးသွားဧည့်သည်တွေ ဆီ သွားရောက်တွေ့ဆုံတတ်သူလည်းမဟုတ်ပါ။

သို့သော်အခုတစ်ခေါက်တော့ လာနေတဲ့ကုန်သည်အုပ်စုကို ထုံစံအတိုင်းမဟုတ်တော့ဘဲ ဘုရားကျောင်းအပြင်ဘက် ဂိတ်တံခါးဝမှာမတ်တတ်ရပ်ပြီး ဂရုတစိုက်ကြည့်ပြီး စောင့်ဆိုင်းနေခဲ့ပါတယ်။ တမန်တော်မြတ်နဲ့ပါလာတဲ့ကုန်သည်အုပ်စုဟာ အပင်အောက်မှာ နားလိုက်ကြတော့ ဘုန်းတော်ကြီးဟာ ကိုယ်တိုင်အပင်ရှိရာကို လိုက်သွားပါတယ်။

အဲဒီအခါ ကလေးအရွယ်သာရှိသေးတဲ့တမန်တော်မြတ်ရဲ့လက်တော်ကိုကိုင်ကာ လူတို့ဘက်ကိုလှည့်ပြီး အသံကျယ်ကျယ်နဲ့ဒီလိုပြောခဲ့ပါတယ်။
هذا سيد العالمين هذا رسول رب العالمين هذا يبعثه الله رحمة للعالمين
သူဟာ လောကအပေါင်းရဲ့ခေါင်းဆောင်၊ သူဟာ လောကအပေါင်းအားမွေးမြူဖန်ဆင်းတော်မူတဲ့အရှင်ရဲ့တမန်တော်၊ သူဟာ လောကအပေါင်း အတွက် ကရုဏာရှင်အဖြစ်အလာဟ်စေလွှတ်မယ့်ပုဂ္ဂိုလ်ဖြစ်ပါတယ်။ (သိရ်မိဇီ ၊အရ်ရဟီးကွလ်မခ်သူးမ် စာ-၆၅)

ကုန်သည်များမှာ ဗဟီရာဘုန်းတော်ကြီးရဲ့စကားကိုကြားပြီး အလွန်မှမှင်သက်အံ့သြကြရတော့တယ်။ ဘကြီးတော်အဗူသွာလိဗ်က ဘုန်းတော်ကြီး အား ဒီအချက်တွေကိုဘယ်လိုသိပါသလဲလို့မေးလျှေက်တော့ ဘုန်းတော်ကြီးဒီလိုဖြေပါတယ်။
သင်တို့ဒီချိုင့်ဝှမ်းကိုဆင်လာနေကြတဲ့အချိန်မှာ ငါအဝေးကနေတွေ့နေရတယ်။ သစ်ပင်တွေကျောက်တုန်းတွေဟာ ဒီလူငယ်လေးကို ဦးချနေကြ တယ်။ မိုးတိမ်း တစ်ခုဟာသူ့ရဲ့ဦးခေါင်းထက်မှာ အရိပ်ပေးနေတယ်။ အဲဒီလိုဖြစ်အင်မျိုးဟာ တမန်တော်တွေမှာသာဖြစ်ကြတာပါ။ ဒါ့အပြင် ဒီကလေးငယ်ရဲ့ပုခုံးနှစ်ဖက်ကြားမှာ နဗူဝသ်တ့ဆိပ်တော်ရှိနေတဲ့အတွက်ကြောင့်လည်း တတ်အပ်ပြောနိုင်တာပါ။

ဗဟီရာဘုန်းတော်ကြီးမှာ ဘုရားကျောင်းကိုပြန်သွားပြီး ခရီးသည်များကိုကျွေးမွေးပြုစုဖို့အစီအစဉ်ပြုလုပ်ပါတယ်။ စားစရာတွေသယ်ယူပြီး ကုန် သည်တွေ ဆီရောက်တော့ တမန်တော်မြတ်ကိုမတွေ့လို့မေးပါတယ်။ အဲဒီအချိန်မှာ တမန်တော်မြတ်ဟာ ကုလားအုပ်ကျောင်းဖို့ ခပ်လှမ်းလှမ်း ကိုရောက်နေပါတယ်။
သွားခေါ်ဖို့စေခိုင်းတော့တစ်ယောက်ကသွားခေါ်လာပါတယ်။ တမန်တော်မြတ်အပင်အနီးကိုရောက်တော့ အရိပ်ရှိသမျှလူအားလုံးထိုင်ပြီး သားဖြစ်နေ ပါတယ်။ တမန်တော်မြတ်ဟာ မိမိရဲ့မွေးရာပါစာရိတ္တမွန်ကြောင့် လူကြီးတွေကို ဂုဏ်ပေးသောအားဖြင့် အားလုံးရဲ့နောက်ဆုံးအရိပ် မရှိတဲ့နေရာ မှာပဲထိုင်ချလိုက်ပါတယ်။

အဲဒီအချိန်မှာ သစ်ပင်ကြီးဟာ တမန်တော်မြတ်ရှိရာဘက်ကို ယိမ်းညွှတ်သွားပြီးအရိပ်ပြုလိုက်ပါတယ်။

ရှေးဟောင်းသမိုင်းစာအုပ်ဖြစ်တဲ့ အလ်ဗိဒါယသုဝန်နိဟာယဟ်၊ စီရသ်အဗ်နုဟိရှားမ်ကျမ်းများအရ သစ်ပင်ရဲ့အကိုင်းများဟာ တမန်တော်မြတ်ရဲ့ ဘက် ကို ယိမ်းညွှတ်သွားပြီးအရိပ်ပေးနေတာကို ဗဟီရာဘုန်းတော်ကြီးတွေ့မြင်ပြီး အချစ်ဇောဖြင့် အော်ဟစ်ပြောလိုက်တာကတော့၊

ဒီမှာကြည့်ကြစမ်း အပင်အရိပ်ဟာ တမန်တော်လောင်းဘက်ကို ယိမ်းညွှတ်သွားနေတယ်။

ဗဟီရာဘုန်းတော်ကြီးဟာ တမန်တော်မြတ်ကို ရှေ့ဆက်မခေါ်သွားဖို့ ဘကြီးတော် အဗူသွာလိဗ်ကို တိုက်တွန်းပါတယ်။ ဘာကြောင့်လဲဆိုရင် တမန်တော်မြတ် ရဲ့ရုပ်ဆင်းအင်္ဂါကိုကြည့်ရုံနဲ့ ကျမ်းတတ်တွေဟာ တမန်တော်ရဲ့နိမိတ်လက္ခဏာကို တွေ့ကြမှာပါ။ ရောမသားတို့နဲ့ ယဟူဒီတွေဟာ တမန်တော်မြတ်ကို လုပ်ကြံသတ်ဖြတ်မှာကို ငါစိုးရိမ်တယ်လို့ပြောပါတယ်။
အဲဒီနောက်မှာ အဗူသွာလိဗ်ဟာ ကြေးကျွန်များကိုတာဝန်ပေးပြီး မက္ကဟ်မြို့သို့ပြန်ပို့လိုက်ပါတော့တယ်။

ယနေ့ပထ၀ီအနေအထားအရ အဲဒီသစ်ပင်ဟာ ဂျော်ဒန်နိုင်ငံအရှေ့ဘက် ဆွဖ်ဝါဒေသ ဆရ်ဟာန်ချိုင့်ဝှမ်း အနားမှာရှိနေပါတယ်။ ဂျော်ဒန်အစိုးရဟာ အဲဒီအပင်အနားမှာ ဆီရီးယားကိုသွားတဲ့ လမ်းဟောင်းတစ်ခုကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။

တမန်တော်မြတ်ကိုချစ်မြတ်နိုးတဲ့အပင်ဟာ ယနေ့တိုင်အသက်ရှင်လျက်ရှိနေတယ်ဆိုရင် တမန်တော်မြတ်ကိုချစ်တဲ့ မုအ်မင်န်ရဲ့နှလုံးသားဟာလည်း ဘယ်တော့အခါမှ သေမှာမဟုတ်ဘဲ အမြဲတမ်းရှင်သန်လျက်ရှိနေမှာပါ။

 http://mchlamoe.blogspot.com

Posted in တမန်တော်ကဏ္ဍ, ပုဂ္ဂိုလ်ထူးကဏ္ဍ, အထူးကဏ္ဍ, ဆောင်းပါး, History | Leave a comment

“စလာမ် ဆိုခြင်း “မက္ကရုဟ်” ဖြစ်စေသော အချိန်များ နှင့် “မက္ကရုဟ်” ဖြစ်သူများ”

“စလာမ် ဆိုခြင်း “မက္ကရုဟ်” ဖြစ်စေသော အချိန်များ နှင့် “မက္ကရုဟ်” ဖြစ်သူများ”

“အောက်ပါ ပုဂ္ဂိုလ် များကို စလာမ် ဆိုခြင်း မှာလည်း “မက္ကရုဟ်” ဖြစ်၏”

အကယ်၍ ၎င်းက စလာမ် ဆိုခဲ့သည် ရှိသော် မိမိ ဘက်မှ တုံ့ပြန် အဖြေ ပေးရန် “၀ါဂျဗ်” တာဝန် မရှိချေ။

(၁) သူစိမ်း တရံစာ အမျိုးသမီး

(၂) ၀တ်လစ်စလစ် ဖြစ်နေသူ

(၃) ထင်ထင် ပေါ်ပေါ် အပြစ် ဒုစရိုက် ကျူးလွန် နေသူ

(၄) တောင်းရမ်း စားသူ

(၅) အတင်းပြော ကုန်းချေ တတ်သော အကျင့် ရှိသူ

(၆) သီချင်း ဆိုသူ (အဆိုတော်)

(၇) ကြက်တိုက်သူ (လောင်းကစား သမား)

(၈) ရူးသွပ် နေသူ

(၉) ငိုက်မျဉ်း နေသူ

(၁၀) ဆံရေး တိုင်းထွာ သည် အကျင့် ရှိသူ

(၁၁) စကားတိုင်း လိမ်ညာ ပြောဆို တတ်သူ

(၁၂) အရက် သေစာ သောက်စားသူ

(၁၃) အိပ်စက် နေသူ

(၁၄) စစ်တုရင် နှင့် ဖဲ ကစားသူ

(၁၅) ဘာသာ မရှိသူ (ဒိဌိ ၀ါဒီများ)

(၁၆) ကာဖိရ် (သွေဖီ ငြင်းပယ်သူ) တို့ဖြစ်သည်။
……………………

အောက်ပါ ကိစ္စ ရပ်များ နှင့် အခြေ အနေတွင် လုံးပမ်း မွေ့လျော် နေသူ တစ်ဦး တစ်ယောက်အား စလာမ် ဆိုခြင်း “မက္ကရုဟ်”

ဖြစ်၏။ အကယ်၍ ဤ ကဲ့သို့ အခြေ အနေ မျိုးတွင် တစ်ဦး တစ်ယောက် က စလာမ် ဆိုပါက ၎င်းအား တုံ့ပြန် အဖြေ ပေးရန်

“၀ါဂျဗ်” တာဝန် မထိုက်ပေ။

(၁) နမာဇ် ၀တ်ပြု နေသည့် အချိန်။

(၂) ဇိကိရ် တသ မှု၌ မွေ့လျော် နေသည့် အချိန်။

(၃) ခွသ်ဗဟ် ဖတ်ရွတ် နေသည့် အချိန်။

(၄) (ဘာသာရေး) သင်ပေး သင်ယူ လုပ်ငန်း ၌ မွေ့လျော် နေသည့် အချိန်။

(၅) ကျမ်းမြတ် ကုရ်အာန် ဖတ်ရွတ် နေသည့် အချိန်။

(၆) အာဇာန် ဆို နေသည့် အချိန်။

(၇) အေကာမတ် ရွတ်ဆို နေသည့် အချိန်။

(၈) ဒိုအာပြု နေသည့် အချိန်။

(၉) သတ်စ်ဗီးဟ် ဖတ်ရွတ် နေသည့် အချိန်။

(၁၀) မတ်စ်အလာဟ် ပညတ်ချက် များကို ဆွေးနွေး နေသည့် အချိန်။

(၁၁) (တရား သူကြီး) ဆုံးဖြတ်ချက် များကို ဆွေးနွေး နေသည့် အချိန်။

(၁၂) စားသောက် နေသည့် အချိန်။

(၁၃) ဟဂ်ျပြု ရာတွင် (လဗ်ဗိုက်၊ အလ္လာဟွမ္မ၊ လဗ်ဗိုက်) ဟူ၍ ရွတ်ဆို နေသည့် အချိန်။

(၁၄) ရှေ့ဆောင် အဖြစ် နမာဇ် ၀တ်ပြု နေသည့် အချိန်။

(၁၅) ကျင်ကြီး၊ ကျင်ငယ် စွန့် နေသည့် အချိန်။

(၁၆) ရေချိုးခန်း ၌ ရှိနေသည့် အချိန်။

(၁၇) တရား ဓမ္မ ဟောကြား နေသည့် အချိန်။

(၁၈) အစ္စလာမ့် ၀တ်ကျောင်းတော် အတွင်း ၌ နမာဇ် ၀တ်ပြုရန် စောင့်ဆိုင်း နေသည့် အချိန်။

Posted in မစာအိလ် ရှင်းလင်းချက် | Leave a comment

“တမန်တော် အစ်ဟားက် (အလိုင်ဟိစ္စလာမ်) အကြောင်း”

နဗီတမန်တော် အီဗရာဟီးမ် (အလိုင်ဟိစ္စလာမ်) ၏ ကြင်ယာတော် စာရဟ် သခင်မသည် အသက် ကြီးရင့် သော အရွယ် ရောက်သော်လည်း သား သမီး မရရှိ သောကြောင့် နဗီတမန်တော် အီဗရာဟီးမ် (အလိုင်ဟိစ္စလာမ်) အား မိမိ အား လုပ်ကျွေး သမူ ပြုသော ဟာဂျေရဟ် သခင်မ နှင့် ထိမ်းမြန်း စေခဲ့သည်။ ဟာဂျေရဟ် သခင်မ သည် အိစ်မာအီးလ် အမည်ရှိ သားတော် တစ်ပါး ထွန်းကား ခဲ့၏။ ယင်းသားတော် (၁၃) နှစ် အရွယ် သို့ ရောက်သော် အလ္လာဟ် အသျှင်မြတ်သည် စာရဟ် သခင်မ အား ကရုဏာ ထားတော် မူပြီး အစ်ဟားက် မည်သော သားတော် တစ်ပါး ပေးသနား တော် မူခဲ့သည်။

တနေ့ သော အခါ နဗီတမန်တော် အီဗရာဟီးမ် (အလိုင်ဟိစ္စလာမ်) သည် တောလည် နေစဉ် သူစိမ်း ဧည်သည် သုံးဦး ကို တွေ့ရာ၊ နဗီတမန်တော် အီဗရာဟီးမ် (အလိုင်ဟိစ္စလာမ်) သည် အိမ်သို့ လိုက်ပါ ၍ ထမင်း သုံးဆောင်ရန် ဘိတ် မန္တက ပြုလေသည်။ ဧည်သည် များအား မိမိ နှင့် အတူ စားရန် ပြောရာ ဧည့်သည် များက အာဟာရ မစားသုံး ကြဘဲ နေသည်ကို မြင်တွေ့ ရသဖြင့် နဗီတမန်တော် အီဗရာဟီးမ် (အလိုင်ဟိစ္စလာမ်) သည် ထို သူများကို အကဲခတ် တော်မူရာ၊ ဤသူများကား ခေါင်းနှင့် ခြေ၌ ဖုံလည်း မတင်နေ သဖြင့် အာဂန္တု မဖြစ်နိုင်၊ ဓလေ့ ထုံးတမ်း စဉ်လာ အရ ဧည့်ခံ မှုကို လက်မခံ ခြင်းကား ရန်သူ ဖြစ်နိုင်သည် ဟု တွေးတော နေစဉ် အာဂန္တုများက အို- နဗီ တမန်တော် မစိုးရိမ် လေနှင့်၊ ကျွန်ုပ် တို့သည် အလ္လာဟ် အသျှင်မြတ် ထံတော်မှ သခင့်ထံ စေလွှတ်ခြင်း ခံရသော ကောင်းကင် တမန်တော် များဖြစ်သည်။ ထို ကောင်းကင် တမန်တော် သုံးပါးမှာ ဂျစ်ဗ်ရာအီလ် (အလိုင်ဟိစ္စလာမ်)၊ မီကာအီလ် (အလိုင်ဟိစ္စလာမ်) နှင့် အစ်ရာဖွီးလ် (အလိုင်ဟိစ္စလာမ်) တို့ဖြစ် ကြပြီး အလွန် လှပ ကျော့ရှင်းသော လူပျို ကလေးများ အသွင်ဖြင့် လာရောက် ခြင်းဖြစ် သည်။

လာရောက် ရခြင်း အကြောင်းမှာ “အို- အိဗ်ရာဟီးမ်၊ သင်၏ ချစ်ဇနီး တွင် အစ်ဟားက် မည်သော နဗီ တစ်ပါး မွေးဖွား မည် ဖြစ်ကြောင်း လျှောက်ထား ရာ၊ ထိုသူ၏ နောက်၌ တံခါးဝ အနားတွင် စာရဟ် သခင်မ ရှိနေ၍ ထို စကားကို ကြားတော် မူပြီး “ငါလည်း အသက် ကြီးရင့် လှပြီ။ မိန်းမ တို့၌ ဥတု ရောက်မြဲ ရှိသည့် အတိုင်း မရောက်ပြီ။ ငါ့ သခင်လည်း အိုပြီ။ သို့ဖြစ်၍ ငါသည် ပျော်မွေ့ခြင်း ရှိလိမ့်မည် လော” ဟု ဆိုလျက် ပြုံးရယ်တော် မူသည်။

အစ်ဟားက် (အလိုင်ဟိစ္စလာမ်) အား ဖွားမြင့် အချိန်တွင် စာရဟ် သခင်မ သည် သက်တော် (၉၀) ရှိပြီး၊ အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) သည် သက်တော် (၁၀၀) ရှိပြီ ဖြစ်သည်။

အစ်ဟားက် ဟူသည် အရဗီ အမည် ဖြစ်ပြီး အဗ်ရာနီ ဘာသာ စကား “ယဇ်ဟားက်”မှ ဆင်းသက် လာသည်။ “ယဇ်ဟားက်” ၏ အဓိပ္ပါယ်မှာ ရယ်ပြုံးခြင်း ဖြစ်သည်။ စာရဟ် သခင်မ ၏ ပြုံးရယ်မှု ကြောင့် အစ်ဟားက် ဟု မှည့်ခြင်း ဖြစ်သည်။

စာရဟ် သခင်မ သည် သက်တော် (၁၂၇) နှစ်တွင် ကွယ်လွန် ခဲ့သည်။ ကြွင်းကျန်သော ရုပ်ကလာပ် တော်ကို အိဗ်ရာဟီးမ် (အလိုက်ဟိစ္စလာမ်) က ဇိုဟာရ် ၏သား ဖေရုန် ထံမှ မံဒရေ မြို့ အရှေ့ဘက် ရှိ လယ်ပြင် ကို ငွေ လေးပိဿာ ဖြင့် ၀ယ်ယူတော် မူပြီး ဆွေတော် မျိုးတော် အစဉ် အဆက် မြှုပ်နှံရန် သချုင်္ီင်း အဖြစ် သတ်မှတ် ပြီး၊ ယင်းနေရာ ၌ မြှုပ်နှံတော် မူ၏။

အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) သည် သက်တော် အိုမင်း သောအခါ သားတော် အိစ်ဟားက် (အလိုင်ဟိစ္စလာမ်) အား လက်ထပ်ပေးရန် မိမိ၏ ဘဏ္ဍစိုး ကျွန်ယုံ ဒမစ်ရှ်က် မြို့သား အလ်ယအ်ဇရ် အား ခေါ်ယူတော် မူပြီး မိန့်တော် မူသည်မှာ “ငါသည် သားတော် ကို ကင်န်အာန် ပြည်ရှိ အမျိုးသမီး နှင် လက်ထပ်မှု ကို မနှစ်မြို့။ ငါ၏ ဘိုးဘေး တို့၏ အနွယ်ဝင် သမီး တစ်ဦး နှင့် စုံဖက်ပေး တော်မူ လိုသည်။ သင်သည် ငါ၏ မျိုးနွယ်များ နေထိုင်ရာ အေရာက် နိုင်ငံ ဖဒ်ဒါန် အာရာမ်မြို့ကို သွား၍ ဆွေတော် မျိုးတော် ထဲမှ တို့သမီး တစ်ဦး ဆောင်ယူ ခဲ့ပါ။

ဤ ကင်န်အာန် ပြည်ကို အလ္လာဟ် အသျှင်မြတ်က ငါနှင့် ငါ၏ အဆက် အနွယ်ဝင် များကို ပေး သနားတော် မူမည်ဟု ဗျာဒိတ်တော် ရှိထား သောကြောင့် ငါ၏ သားတော် ကို ထို တိုင်းပြည် သို့ ငါ ထည့်တော် မမူ၊ သတို့ သမီးကိုသာ ငါ့ထံ အပါ ဆောင်ယူ လာ ရမည် ဟု” ဆိုလျက် ကုလားအုတ် ဆယ်စီးတွင် လက်ဆောင် ပစ္စည်းများ တင်စေလျက် အေရာက် နိုင်ငံ သို့ စေလွှတ် လိုက်လေသည်။

ဆွေတော် မျိုးတော် တို့ရှိရာ မြို့သို့ ညနေချမ်း တွင် ရောက်ရှိပြီး၊ မြို့ပြင် ရှိ ရေတွင်း တစ်ခု အနီးတွင် စခန်းချ တော်မူ၏။ အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) ၏ နောင်တော် နာဟူးရ် ၏ သား “ဘတူအီလ်” တွင် အလွန် ချောမော လှပသော သမီးတော် “ရဖ်ကဟ်” နှင့် သားတော် ”လာဗါန်” ဟူ၍ သားသမီး နှစ်ဦး ရှိလေသည်။ ရဖ်ကဟ် သခင်မသည် ညနေချမ်း မြို့ပြင် ထွက်လျက် ရေခပ်တော် မူစဉ် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) ၏ ဘဏ္ဍာစိုး နှင့် တွေ့ဆုံ မိကြ၏။ ဘဏ္ဍာစိုး မှ ရေတောင်း သောက်လေ ရာ သခင်မက မိမိ ရေပုံး ဖြင့် ကုလားအုတ် များကို ရေခပ် တိုက်သည့် အပြင် ဘဏ္ဍာစိုး ကိုလည်း သောက်ရန် ပေးတော် မူသည်။ ဘဏ္ဍာစိုးက အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) ၏ နောင်တော် နာဟူးရ် သခင် အား စုံစမ်း ရာ၊ သခင်မက မိမိ အိမ်တော် သို့ ခေါ်ဆောင်သွားသည်။

ဘဏ္ဍာစိုးက ဘတူအီလ် အား လက်ဆောင် တော်များ ဆက်သပြီး အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) က သားတော် အတွက် ကြင်ယာတော် တောင်းစေလွှတ် လိုက်ပုံကို အလုံးစုံ လျှောက်ထား ခဲ့ရာ၊ ရဖ်ကဟ် သခင်မ ကို အိစ်ဟားက် (အလိုင်ဟိစ္စလာမ်) နှင့် စုံဖက်ရန် သဘောတူ လေသည်။ နောက်တစ်နေ့ တွင် မဆိုင်း မတွဘဲ သခင်မ နှင့် အထိန်းတော် ကျေးကျွန် တို့ကို သယ်ဆောင်လျက် ကင်န်အာန် ပြည်သို့ ခေါ်ဆောင် ခဲ့လေသည်။

အစ်ဟားက် (အလိုင်ဟိစ္စလာမ်) သည် သက်တော် လေးဆယ် တွင် ဘတူအီလ် ၏ သမီး ရဖ်ကဟ် သခင်မ နှင့် စုံဖက် တော် မူသည်။ ကြင်ယာတော် ရဖ်ကဟ် သခင်မ သည် သားသမီး မရ မြုံလျက် ရှိနေ တော်မူရာ အိစ်ဟားက် (အလိုင်ဟိစ္စလာမ်) သည် သားဆု ပေးသနား တော် မူပါရန် အလ္လာဟ် အသျှင်မြတ်ထံ အသနား ခံလျက် သားဆုပန် ရာ အလ္လာဟ် အသျှင်မြတ်သည် လက်ခံတော် မူ သဖြင့် ရဖ်ကဟ် သခင်မ တွင် ပဋိသန္ဓေ တည်လေသည်။

ရဖ်ကဟ် သခင်မ ၏ ၀မ်း၌ အမွှာ တည် သဖြင့် သားဦး အား အီစူး ဟုမှည့်တော် မူသည်။ အီစူး သည် နီမြန်းသော အဆင်း ရှိပြီး၊ ကိုယ်၌ အ၀တ် ကဲ့သို့ အမွှေး အမှင် ထူထပ်၏။ ဒုတိယ သားတော် အား “ယအ်ကူးဗ်” ဟူ၍ မှည့်လေသည်။ ထို အချိန် အိစ်ဟားက် (အလိုင်ဟိစ္စလာမ်) သည် သက်တော် (၆၀) ရှိလေပြီ။

ခမည်းတော် အိစ်ဟားက် (အလိုင်ဟိစ္စလာမ်) သည် သားတော်ကြီး အီစူး သခင်ကို အချစ်ပို တော်မူသည်။ အီစူး သခင်သည် တော ကစား ၀ါသနာ ပါတော် မူပြီး ရရှိသော သားကောင်ကို ဟင်းလျာ ချက်တော် မူ၍ ခမည်းတော် အား ဆက်သတော် မူလေ့ ရှိ၏။ သားတော် အငယ် သည် အိမ်တွင်း၌ အနေ များ သဖြင့် မိခင် ရဖ်ကဟ် သခင်မ က ယအ်ကူးဗ် သခင် ကို အချစ်ပို လေသည်။

အစ်ဟားက် (အလိုက်ဟိစ္စလာမ်) သခင် သည် သက်တော် အိုမင်း သောအခါ မျက်စိ မှုန်တော် မူသည်။ တနေ့ မိခင် ရဖ်ကဟ် သခင်မသည် ဆိတ်ငယ် နှစ်ကောင် ကို ချက်ပြုတ် တော်မူပြီး၊ ဖခင် အား ဆက်သ စေသည်။ ဖခမည်းတော် အိစ်ဟားက် (အလိုက်ဟိစ္စလာမ်) သခင် သည် သားတော် ယအ်ကူးဗ် (အလိုက်ဟိစ္စလာမ်) သခင် နှင့် အဆက် အနွယ် များကို ကောင်းချီး မင်္ဂလာ သက်ရောက် ရန် ဒိုအာ ပြုတော် မူ၏။ သားတော်ကြီး အီစူး သခင် ရောက်လာပြီး တောမှ ရသော အမဲ ဟင်းလျာ ဆက်သ ရာ သားတော်ကြီး အတွက်လည်း ဒိုအာ ပြုတော်မူ သည်။

အိစ်ဟားက် (အလိုက်ဟိစ္စလာမ်) သခင် သည် မိမိ၏ သားတော် နှစ်ပါးကို ကင်န်အာန် ပြည်သူ များနှင့် စုံဖက်မှု ကို မနှစ်သက် သောကြောင့် သားတော်ကြီး အီစူး သခင် အား မိမိ နောင်တော် အိစ်မာအီလ် (အလိုက်ဟိစ္စလာမ်) သခင် ရှိရာ ဟေဂျာဇ် ပြည် မက္ကာဟ် မြို့သို့ စေလွှတ်တော် မူပြီး အိစ်မာအီလ် (အလိုက်ဟိစ္စလာမ်) သခင် ၏ သမီးတော် “မဟ်လာတ်” သခင်မ နှင့် လက်ဆက် စေတော် မူသည်။ မဟ်လာတ် သခင်မ ကို “ဘရုမဟ်” ဟုလည်း ခေါ်သည်၊ “ဘာစမအ်” သခင်မ ဟုလည်း ခေါ်သည်။ အီစူး သခင်သည် အခြားသော အမျိုး သမီး နှင့် လည်း လက်ဆက် တော်မူ ခဲ့သည်။ အီစူး သခင်သည် မိမိ၏ မိသားစု ကို ခေါ်ယူပြီး စအီးရ် (သို့) စာအီရ် မြို့နယ် သို့ ရွှေ့ပြောင်း နေထိုင် ခဲ့လေသည်။ ထို မြို့နယ် တွင် သခင့်ကို “အဒ်ဝမ်” ဟူသော အမည် ဖြင့် ခေါ်ခဲ့ ကြသည်။ “အီစူး အဒ်ဝမ်” ဟုလည်း ခေါ်ခဲ့ ကြသည်။

အိစ်ဟားက် (အလိုက်ဟိစ္စလာမ်) သခင် သည် သားတော် အငယ် ယအ်ကူးဗ် (အလိုက်ဟိစ္စလာမ်) သခင် အား မိခင် ၏ မောင်တော် လာဗါန် သခင် ၏ သမီးတော် များနှင့် စုံဖက် စေလို သဖြင့် ဘာဗါန် သခင် နှင့် ဆွေတော် မျိုးတော်များ နေထိုင်ရာ ဖဒ်ဒါန် အာရာမ် အရပ်သို့ စေလွှတ်တော် မူလေသည်။ လာဗါန် သခင် ၏ သမီးကြီး လအ်စာ သခင်မ နှင့် နေကာဟ် ပြုပြီး နောက်၊ သမီးလတ် ရာဟီးလ် သခင်မ နှင့်လည်း လက်ထပ်တော် မူခဲ့ လေသည်။ ထိုခေတ် က ညီအစ်မရင်း ကို တပြိုင်တည်း ယူနိုင်၏။ ကျွန်ုပ်တို့ ခေတ် မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) သခင်၏ တရားတော် တွင် ညီအစ်မ အရင်းကို တပြိုင်တည်း မယူပိုင်ပါ။

တစ်ဖန် အကြင် အခါဝယ် ယင်း အစ်ဗ်ရာဟီမ် သည် ထိုသူတို့ကို လည်းကောင်း၊ အလ္လာဟ် အရှင် မြတ်အား စွန့်၍ ထိုသူတို့ ကိုးကွယ်လျက် ရှိကြသော အရာဝတ္ထု များကို လည်းကောင်း၊ (စွန့်၍)ေ ဘးဖယ်ခဲ့ သောအခါ ငါအရှင်မြတ် သည် ထို အစ်ဗ်ရာဟီမ် အား (သားတော်) အစ္စဟာက် ကိုလည်းကောင်း၊ (မြေးတော်) ယအ်ကူဗ်ကို လည်းကောင်း၊ ချီးမြှင့် ပေးသနားတော် မူခဲ့လေသည်။ ထိုမှ တစ်ပါး ငါအရှင်မြတ် သည် (ယင်း အစ္စဟာက်နှင့် ယအ်ကူဗ်တို့ အနက်)အသီးသီး ကို နဗီ တမန်တော် အဖြစ်သို့ ချီးမြှင့်တော် မူခဲ့လေ သတည်း။

ထို့ပြင် ငါအရှင်မြတ် သည် ၎င်းတို့အား မိမိ ကရုဏာ တော်ကို ချီးမြှင့် ပေးသနား တော်မူ ခဲ့သည့်ပြင် ငါအရှင်မြတ် သည် ၎င်းတို့၏ မှန်ကန်သော ဂုဏ်သတင်း ကိုလည်း မြင့်မြတ် (ကျော်ကြား ထင်ရှား) စေတော်မူ ခဲ့ပေသတည်း။

ကုရ်အာန် (၁၉း၄၉-၅၀)

ထို့ပြင် (အို- နဗီတမန်တော်) အသင်သည် စွမ်းရည် သတ္တိရှိ သူများ၊ ဥာဏ် အမြော်အမြင် ရှိသူ များဖြစ်ကြသော၊(နဗီတမန်တော်) အီဗ်ရာဟီမ် (နဗီတမန်တော်) အီစ်ဟာက် နှင့် (နဗီတမန်တော်) ယအ်ကူဗ် တို့(၏ အကြောင်း အတ္ထုပ္ပတ္တိ များ)ကို ပြန်လည်စ ဉ်းစား သတိရပါလေ။

ဧကန်မလွဲ ငါအရှင်မြတ် သည် တမလွန် ဘ၀ကို သတိရခြင်း တည်းဟူသော ထူးခြားချက် တစ်ရပ်ဖြင့်၊ ၎င်းတို့အား ထူးခြား စေတော် မူခဲ့၏။

ထိုမှ တစ်ပါး မလွဲ ဧကန် ၎င်းတို့သည် ငါအရှင်မြတ် အထံတော်တွင် အကောင်းဆုံးသော ရွေးချယ်ခြင်း ခံခဲ့ကြရသော သူတို့ အနက်မှပင် ဖြစ်ကြ ကုန်၏။

ကုရ်အာန် (၃၈း၄၅မှ၄၇)

အဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) သခင် သည် မိမိ ဥစ္စာ ရှိသမျှကို အစ်ဟားက် (အလိုင်ဟိစ္စလာမ်) သခင် အား ပေးလေ၏။ မယားငယ် တို့နှင့် ရသော အားတို့ အားလည်း မိမိ အသက် ရှင်စဉ် တွင် ဆုလာဘ် များကို ပေး၏။ ကုရ်ဘာနီ အပြုခံ ရသော အားသည် သောင်ရသ်ကျမ်း အရ အချစ်ဆုံး သားဦး ဖြစ်ရမည်။ သားဦး သည် အကယ်၍ “နသရ်” အကိုးခံ သားဦး ဖြစ်ခဲ့ ပါက အမွေ မဆက်ခံ ရပေ။ ပါလက်စတိုင်း နိုင်ငံတွင် ကျင့်သုံး ခဲ့သော ဓလေ့ အရ သားဦး ဖြစ်သော အိစ်မာအီလ် (အလိုင်ဟိစ္စလာမ်) သခင် သာ ကုရ်ဘာနီ ပြုရန် ရည်စူး ခဲ့ပေသည်။ ခမည်းတော် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) သခင် မသေမှီ ဆုလာဘ် အဖြစ်သာ ရရှိ ခဲ့ပေသည်။ အဖ ၏ အမွေကို ဆက်ခံသူ သည် အကိုးခံ ရသောသူ မဖြစ်ထိုက် ကြောင်း ဆိုခဲ့ ပြီ ဖြစ်ရာ အစ်ဟားက် (အလိုင်ဟိစ္စလာမ်) သခင် သည် နတ်စွရာနီ များ ယူဆ သကဲ့သို့ ကုရ်ဘာနီ အပြုခံ ရသော ပုဂ္ဂိုလ် မဟုတ်ပေ။

အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) သခင် သည် သက်တော် (၁၇၅) နှစ်တွင် မမာ မကျန်း ဖြစ်တော် မူ၍ သားတော် များကို ခေါ်ယူတော် မူခဲ့သည်။ အိစ်မာအီးလ် (အလိုင်ဟိစ္စလာမ်) သခင် သည် နှစ်စဉ် ခမည်းတော် ထံ အဖူး အမြော် ရောက်မြဲ ဖြစ်သည်။ သားတော် အိစ်မာအီးလ် (အလိုင်ဟိစ္စလာမ်) သခင် နှင့် အိစ်ဟားက် (အလိုင်ဟိစ္စလာမ်) သခင် တို့ အတူ တကွ ရှိစဉ် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) သခင် “၀ဖွားသ်” ဖြစ်တော် မူရာ စာရဟ် သခင်မ အနီး ဟီဗရွန် မြို့နယ် မံဒရေ မြို့ရှိ သချုင်္ီင်းတော် ၌ မြှုတ်နှံတော် မူလိုက်သည်။

အိစ်ဟားက် (အလိုင်ဟိစ္စလာမ်) သခင်သည် သက်တော် (၁၈၀) နှစ်တွင် အသက်ကြီး ရောဂါဖြင့် ကွယ်လွန် ၍ ဖခင် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) သခင် နှင့် မိခင် စာရဟ် သခင်မ ဘေး တွင် မြှုပ်နှံတော် မူခဲ့သည်။

ပုံမှာ – ဗိုင်သုလ် မုကာဒဆ် ကျောင်းတော် အတွင်းရှိ တမန် တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) မဟ်ရားဂ်ျ ခရီး အစပြုရာ နေရာ ဖြစ်သည်။

Posted in တမန်တော်ကဏ္ဍ | Leave a comment

နဗီတမန်တော်ဇကရီယာ (အ) အကြောင်း

တမန်တော်ဇကရီယာ (အ) သည် တမန်တော်စိုလိုင်မန် (အ) ၏ သားစဉ်မြေးဆက်မှ ဖြစ်သည်။ တမန်တော်၏ ဖခင်အမည်မှာ ဗရ်ခိယာဖြစ်သည်။ တမန်တော်ဇကရီယာ (အ) သည် အသက်တမ်းအစကပင် “ဗိုင်တွလ်မိုကာဒတ်ဆ်” ကျောင်းတော် အား နေ့ရောည ပါစောင့်ရှောက်ခဲ့သည်။ အင်မ်ရာန်၎င်း၏ ဖခင်မာဆာ၏သမီး ဘီဘီမရ်ယမ်သခင်မသည် ဖာကူးဇ်၏သမီးဟန္နာဟ်မှဖွားမြင်ခဲ့သည်။ မိခင်ကြီးဟန္နာဟ်မှာ သားသမီး ဖွားမြင် လာပါက ၄င်းအား “ဗိုင်တွလ်မိုကာဒတ်ဆ်” ကျောင်းတော်ကို ပြုစုစောင့်ရှောက်ရန်အတွက် သတ်မှက်လိမ့်မည်ဟူ၍ အလ္လာဟ် အရှင်မြတ် ထံ (နဇရ်) ကိုးခဲ့လေသည်။ ထို့ကြောင့် သူမသည် ကိုးထားခဲ့သည့်အတိုင်း သမီးအား “ဗိုင်တွလ်မို ကာဒတ်ဆ်”   ကျောင်းတော်ကြီး ၏ တာဝန်ရှိပုဂ္ဂိုလ်များ ထံသွားရောက်အပ်နှံခဲ့လေသည်။

ဘီဘီမရ်ယမ်သခင်မ၏ ဖခင်အင်မ်ရာန်သည် ဂျေရုဆလင်မြို့၏ ခေါင်းဆောင် တစ်ဦးဖြစ်သည်။ သို့ဖြစ်ရာ ခေါင်းဆောင်၏ သမီးတော်အား အုပ်ထိန်း သူအဖြစ် တာဝန်ယူရန် ဗိုင်တွလ်မိုကာဒတ်ဆ် ကျောင်းတော်ကြီး၏ တာဝန်ခံအသီးသီးတို့က ဆန္ဒထားခဲ့ကြသည်။ အကြောင်းသော်ကာ၊ ခေါင်းဆောင်တစ်ဦး၏ သမီးတော်အား အုပ်ထိန်းသူအဖြစ် တာဝန်ရရှိခြင်းသည် ဂုဏ်ရှိခြင်းပင်ဖြစ်သည်။

ဘီဘီမရ်ယမ်သခင်မအား အုပ်ထိန်းလိုသော ဗိုင်တွလ်မိုကာဒတ်ဆ် ကျောင်းတော်တာဝန်ရှိ အသီးသီးတို့သည် မဲစနစ်ဖြင့် ရွေးချယ်ရန် ဤသို့သဘော တူညီခဲ့ကြသည်။ “တောင်ရားသ်” ကျမ်းတော်အား ရေးသားသည့်မင်တံများအား ဂျော်ဒန်မြစ်အတွင်းသို့ ကိုယ်စီကိုယ်စီ ပစ်ချကြရမည်။ အကြင်သူ၏ မင်တံသည် မြစ်အတွင်းမျောပါသွားခြင်းမရှိဘဲ ရေအောက်သို့ နစ်မြုပ်သွားပါက ၄င်းအားဘီဘီမရ်ယမ်သခင်မကို အုပ်ထိန်းသူအဖြစ် သတ်မှတ်ထားပါသည်။ ထိုသို့သဘောတူညီခဲ့ပြီး ပြုလုပ်ခဲ့ကြရာ တမန်တော်ဇကရီယာ (အ) ၏ မင်တံသည် မျောမသွားဘဲ နစ်မြုပ်သွားလေသည်။ ထို့ကြောင့် ဘီဘီမရ်ယမ်သခင်မအား အုပ်ထိန်းသူအဖြစ် တာဝန်ပေးကြလေသည်။ တမန်တော်ဇကရီယာ (အ) ၏ ဇနီးအီရှားအ်သည် ဘီဘီမရ်ယမ်သခင်မ၏ အဒေါ်ဖြစ်သည်။

သို့ဖြစ်၍ ထူးမြတ်လှသော ဘီဘီမရ်ယမ်သခင်အား အုပ်ထိန်းသူအဖြစ် အရှင်မြတ်က တမန်တော်ဇကရီယာ (အ) ကို ရွေးချယ်တော်မူခဲ့သည်။ တမန်တော်ဇကာရီယာ (အ) သည် တူမတော်အား အုပ်ထိန်းပြုစုစောင့် ရှောက်လာခဲ့ရာ သိတတ်နားလည်သော အရွယ်သို့ရောက်လာသော အခါ တူမတော်အား သီးသန့်အခန်းတစ်ခန်း၌ နေစေတော်မူခဲ့သည်။ တူမသည်လည်း အချိန်ရှိသရွေ့ အလ္လာဟ်အရှင်မြတ်အား အေဗာဒတ်သ် ခဝက်ကိုးကွယ်မှုဖြင့် အချိန်ကုန်စေခဲ့သည်။ သူမ၏ ထူးမြတ်ခြင်းကြောင့် အချိန်အခါမဲ့သစ်သီး ဝလံများ သူမထံ ရောက်လာလျက် ရှိနေသည်ကို တမန်တော်ဇကရီယာ (အ) က ကြိမ်ဖန်များစွာ တွေ့မြင်ခဲ့လေရာ အရှင်မြတ်သည် အချိန်အခါမဲ့ သစ်သီးဝလံများကို ပို့ပေးနိုင်စွမ်းသော အရှင်ဖြစ်လေသည်။ သို့ဖြစ်၍ ကျွန်ုပ်တော်မျိုးအား ဗိုင်တွလ်မိုကာဒတ်ဆ်ကျောင်းတော်ကို ဆက်လက်စောင့်ရှောက် ထိန်းသိမ်းနိုင် ရန် သားတော်တစ်ဦး ချီးမြှင့်ပါရန် အရှင်မြတ်ထံဆုတောင်းခဲ့သည်။ ထိုသို့ ဆုတောင်းပြီး သက်တော် (၉၂) နှစ် (သို့မဟုတ်) (၉၃) နှစ် (သို့မဟုတ်) နောက်အဆိုတစ်ရပ် (၁၂၀) နှစ် အရွယ်တွင် သားတော်တစ်ဦးထွန်းကားခဲ့လေသည်။ သားတော်၏ အမည်မှာ တမန်တော်ယဟ်ယာ (အ) ဖြစ်သည်။

တမန်တော်ဇကရီယာ (အ) သည် သားတော်ထွန်းကားပြီး နှစ်အတန်ကြာ အုပ်ထိန်းစောင့်ရှောက်ခဲ့သော တူမတော်မှ အရှင်မြတ်၏ တန်ခိုးတော် အရ ဖခင်မဲ့ တမန်တော်အီစာ (အ) ကို ဖွားမြင်ခဲ့လေသည်။ ထိုကိစ္စကို အကြောင်းပြု၍ အချို့သော သူယုတ်မာတို့သည် တမန်တော် ဇကရီယာ (အ) အားတူမတော်နှင့် ကျူးလွန်ခဲ့သည်ဟု မတရားစွပ်စွဲပြောဆိုခဲ့လေသည်။ ထိုသို့မဟုတ်မမှန်စွပ်စွဲပြောဆို မှုကြောင့်  ထောင်ပေါင်းများစွာသော လူတို့သည် တမန်တော် ဇကရီယာ (အ) အား ရွံရှာမုန်းတီးကြကာ သတ်ဖြတ်ရန်စီစဉ်ကြလေသည်။ ထိုစဉ်အချိန်က တောင်ရားသ်ကျမ်း၏ ပညတ်ချက်တစ်ခုဖြစ်သော တူမအရင်းနှင့် ထိမ်းမြားနိုင်သည်ဟူသော ပညတ်ချက်သည် ပြန် လည်ရုတ်သိမ်းခံလိုက်ရသော အချိန်ဖြစ်သည်။

တမန်တော်ဇကရီယာ (အ) သည် မိမိအသက်ဘေးကို စိုးရိမ်သဖြင့် မြို့ကို စွန့်ခွာ၍ တောတွင်းသို့ဦး တည်သွားလေသည်။ တမန်တော် ဇကရီယာ (အ) ၏ရန်သူများသည် အလ္လာဟ်အရှင်မြတ်၏ ရန်သူပင်ဖြစ်သည်။ ၄င်းတို့သည် အမြဲတစေ တမန်တော်အား သတ်ဖြတ်ရန် စီစဉ်တွေးတောလျက်ရှိခဲ့ကြသည်။ သို့ရှိရာ ရန်သူများသည် တမန်တော်ဇကရီယာ (အ) ထွက်ခွာရာနောက်သို့ လိုက်ကြလေသည်။

တမန်တော်ဇကရီယာ (အ) သည် တောတွင်းသို့ရောက်သည့်အခါပူဆွေးသောကရောက်လျက် ရန်သူများမမြင်နိုင်စေရန် ခိုလှုံမည့်နေရာကို ရှာဖွေနေလေသည်။ ထိုအချိန်တွင် အနီးရှိသစ်ပင်ကြီးတစ်ပင်က “ကြွတော်မူပါ ကျွန်ုပ်သည် ကိုယ်တော်အားကာကွယ်ပေးပါမည်” ဟု ပြော သံကြားပြီး လှည့်ကြည့်ရာသစ်ပင်ကြီးသည် အက်ကွဲ၍သွားလေသည်။ ထိုအချိန်တွင် လူသားဖြစ်သည့် တမန်တော်ဇကရီယာ (အ)သည် စိုးရိမ်မှုလွန်ကဲကာ မဆင်မခြင် သစ်ပင်အတွင်း ဝင်ရောက်နေထိုင်လေသည်။ တမန်တော်ဇကရီယာ (အ) ၏ အဝတ်စတစ်စသည်လည်း အပြင်သို့ ထွက်၍ နေလေသည်။

တမန်တော်ဇကရီယာ (အလိုင်ဟိစ္စလာမ်) သခင် အားသတ်ဖြတ်လိုကြသော ရန်သူတို့သည် တမန်တော်ဇကရီယာ (အ) ၏ ခြုံထည်စကြောင့် သစ်ပင်တွင် ဝင်ရောက်ပုန်းအောင်းနေသည်ကို သိရှိသွားကြရာ တမန်တော်အား သတ်ဖြတ်ရန် စီစဉ်ကြလေသည်။ သတ်ဖြတ်ရာ၌ သစ်ပင်ကို ခါးလည်မှ မဖြတ်ဘဲ ထိပ်မှ စတင်၍ နှစ်ခြမ်းခွဲစနစ်ဖြင့် သတ်ဖြတ်ကြလေသည်။ ထိုသို့ဖြတ်ကြရင်း လွှ၏အစွယ်သွားသည် တမန်တော် ဇကရီယာ (အ) ၏ ဦးခေါင်းတော်ကိုထိရာ တမန်တော်သည် နှုတ်မှ နာကျည်းသော အသံထွက်သွားလေသည်။ ထိုနာကျည်း သံကြောင့် ကောင်းကင်ဘုံအထက်ရှိ ကောင်းကင်တမန်များသည် တုန်လှုပ်သွားကြလေသည်။ ချက်ချင်းပင် ဂျီဗရာအီးလ်   ကောင်းကင် တမန်က အရှင်မြတ်၏ ဝဟီ ဗျာဒိတ်တော်ယူဆောင်လာသည်။ အရှင်မြတ်၏ အမိန့်တော်မှာ “အို…ဇကရီယာ အကယ်၍ အသင် သည် နောက်တစ်ကြိမ်နာကျည်းသံကို ထုတ်ဖော်ပါက နဗီတမန်တော်များ၏ အမည်စာရင်းမှတ်တမ်းမှ အသင်၏အမည် ကိုဖျက်သိမ်းမည်” ထိုဗျာဒိတ်တော်ကျရောက်ပြီးနောက် တမန်တော်ဇကရီယာ (အ) သည် မိမိနှုတ်ခမ်းများအား သွားများဖြင့် ဖိကိုက်ထား၍ ခန္တာကိုယ် အား လွှဖြင့် နှစ်ခြမ်းအခွဲခံကာ “ရှဟီးဒ်” ဖြစ် အလ္လာဟ်အရှင်မြတ်၏ အမိန့်ခံယူသွားလေသည်။ တမန်တော်ဇကရီယာ (အ) ကို ဂျေရုဆလင်မြို့ရှိ ဗိုင်တွလ်မိုကာဒတ်ဆ်ကျောင်းတော်ကြီး၏ ဂွဗ္ဗတွဆ္ဆခ်ရာဟ် အမည်ရှိ (ဆခ်ရဟ်အမိုးလုံ)    အောင်တွင်   မြုပ်နှံခဲ့ကြလေ သည်။ ထိုစဉ်က သက်တော် (၁၀၀၀) နှစ်ဟုဆိုကြသည်။

ပုံမှာ – တချို့သော ခရစ်ရှန် များနှင့် ယဟူဒီ များက တမန်တော်ဇကရီယာ (အလိုင်ဟိစ္စလာမ်) သခင် ၏ ကဗရ် ဟု သတ်မှတ်ထား သော ကဗရ် တစ်ခု ဖြစ်သည်။

mymmif.com မှ ကူးယူ ဖေါ်ပြသည်။ ….

Posted in တမန်တော်ကဏ္ဍ | Leave a comment

တမန် တော်မြတ်(ဆွ)အား နို့ချို တိုက်ကျွေးခဲ့သော ဟလီမဟ် စအ်ဒီယဟ် သခင်မ ၏ နေအိမ်

တမန် တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) အား နို့ချို တိုက်ကျွေးခဲ့သော ဟလီမဟ် စအ်ဒီယဟ် သခင်မ ၏ နေအိမ်

Posted in အထူးကဏ္ဍ, Photos | Leave a comment