“တမန်တော် အစ်ဟားက် (အလိုင်ဟိစ္စလာမ်) အကြောင်း”

နဗီတမန်တော် အီဗရာဟီးမ် (အလိုင်ဟိစ္စလာမ်) ၏ ကြင်ယာတော် စာရဟ် သခင်မသည် အသက် ကြီးရင့် သော အရွယ် ရောက်သော်လည်း သား သမီး မရရှိ သောကြောင့် နဗီတမန်တော် အီဗရာဟီးမ် (အလိုင်ဟိစ္စလာမ်) အား မိမိ အား လုပ်ကျွေး သမူ ပြုသော ဟာဂျေရဟ် သခင်မ နှင့် ထိမ်းမြန်း စေခဲ့သည်။ ဟာဂျေရဟ် သခင်မ သည် အိစ်မာအီးလ် အမည်ရှိ သားတော် တစ်ပါး ထွန်းကား ခဲ့၏။ ယင်းသားတော် (၁၃) နှစ် အရွယ် သို့ ရောက်သော် အလ္လာဟ် အသျှင်မြတ်သည် စာရဟ် သခင်မ အား ကရုဏာ ထားတော် မူပြီး အစ်ဟားက် မည်သော သားတော် တစ်ပါး ပေးသနား တော် မူခဲ့သည်။

တနေ့ သော အခါ နဗီတမန်တော် အီဗရာဟီးမ် (အလိုင်ဟိစ္စလာမ်) သည် တောလည် နေစဉ် သူစိမ်း ဧည်သည် သုံးဦး ကို တွေ့ရာ၊ နဗီတမန်တော် အီဗရာဟီးမ် (အလိုင်ဟိစ္စလာမ်) သည် အိမ်သို့ လိုက်ပါ ၍ ထမင်း သုံးဆောင်ရန် ဘိတ် မန္တက ပြုလေသည်။ ဧည်သည် များအား မိမိ နှင့် အတူ စားရန် ပြောရာ ဧည့်သည် များက အာဟာရ မစားသုံး ကြဘဲ နေသည်ကို မြင်တွေ့ ရသဖြင့် နဗီတမန်တော် အီဗရာဟီးမ် (အလိုင်ဟိစ္စလာမ်) သည် ထို သူများကို အကဲခတ် တော်မူရာ၊ ဤသူများကား ခေါင်းနှင့် ခြေ၌ ဖုံလည်း မတင်နေ သဖြင့် အာဂန္တု မဖြစ်နိုင်၊ ဓလေ့ ထုံးတမ်း စဉ်လာ အရ ဧည့်ခံ မှုကို လက်မခံ ခြင်းကား ရန်သူ ဖြစ်နိုင်သည် ဟု တွေးတော နေစဉ် အာဂန္တုများက အို- နဗီ တမန်တော် မစိုးရိမ် လေနှင့်၊ ကျွန်ုပ် တို့သည် အလ္လာဟ် အသျှင်မြတ် ထံတော်မှ သခင့်ထံ စေလွှတ်ခြင်း ခံရသော ကောင်းကင် တမန်တော် များဖြစ်သည်။ ထို ကောင်းကင် တမန်တော် သုံးပါးမှာ ဂျစ်ဗ်ရာအီလ် (အလိုင်ဟိစ္စလာမ်)၊ မီကာအီလ် (အလိုင်ဟိစ္စလာမ်) နှင့် အစ်ရာဖွီးလ် (အလိုင်ဟိစ္စလာမ်) တို့ဖြစ် ကြပြီး အလွန် လှပ ကျော့ရှင်းသော လူပျို ကလေးများ အသွင်ဖြင့် လာရောက် ခြင်းဖြစ် သည်။

လာရောက် ရခြင်း အကြောင်းမှာ “အို- အိဗ်ရာဟီးမ်၊ သင်၏ ချစ်ဇနီး တွင် အစ်ဟားက် မည်သော နဗီ တစ်ပါး မွေးဖွား မည် ဖြစ်ကြောင်း လျှောက်ထား ရာ၊ ထိုသူ၏ နောက်၌ တံခါးဝ အနားတွင် စာရဟ် သခင်မ ရှိနေ၍ ထို စကားကို ကြားတော် မူပြီး “ငါလည်း အသက် ကြီးရင့် လှပြီ။ မိန်းမ တို့၌ ဥတု ရောက်မြဲ ရှိသည့် အတိုင်း မရောက်ပြီ။ ငါ့ သခင်လည်း အိုပြီ။ သို့ဖြစ်၍ ငါသည် ပျော်မွေ့ခြင်း ရှိလိမ့်မည် လော” ဟု ဆိုလျက် ပြုံးရယ်တော် မူသည်။

အစ်ဟားက် (အလိုင်ဟိစ္စလာမ်) အား ဖွားမြင့် အချိန်တွင် စာရဟ် သခင်မ သည် သက်တော် (၉၀) ရှိပြီး၊ အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) သည် သက်တော် (၁၀၀) ရှိပြီ ဖြစ်သည်။

အစ်ဟားက် ဟူသည် အရဗီ အမည် ဖြစ်ပြီး အဗ်ရာနီ ဘာသာ စကား “ယဇ်ဟားက်”မှ ဆင်းသက် လာသည်။ “ယဇ်ဟားက်” ၏ အဓိပ္ပါယ်မှာ ရယ်ပြုံးခြင်း ဖြစ်သည်။ စာရဟ် သခင်မ ၏ ပြုံးရယ်မှု ကြောင့် အစ်ဟားက် ဟု မှည့်ခြင်း ဖြစ်သည်။

စာရဟ် သခင်မ သည် သက်တော် (၁၂၇) နှစ်တွင် ကွယ်လွန် ခဲ့သည်။ ကြွင်းကျန်သော ရုပ်ကလာပ် တော်ကို အိဗ်ရာဟီးမ် (အလိုက်ဟိစ္စလာမ်) က ဇိုဟာရ် ၏သား ဖေရုန် ထံမှ မံဒရေ မြို့ အရှေ့ဘက် ရှိ လယ်ပြင် ကို ငွေ လေးပိဿာ ဖြင့် ၀ယ်ယူတော် မူပြီး ဆွေတော် မျိုးတော် အစဉ် အဆက် မြှုပ်နှံရန် သချုင်္ီင်း အဖြစ် သတ်မှတ် ပြီး၊ ယင်းနေရာ ၌ မြှုပ်နှံတော် မူ၏။

အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) သည် သက်တော် အိုမင်း သောအခါ သားတော် အိစ်ဟားက် (အလိုင်ဟိစ္စလာမ်) အား လက်ထပ်ပေးရန် မိမိ၏ ဘဏ္ဍစိုး ကျွန်ယုံ ဒမစ်ရှ်က် မြို့သား အလ်ယအ်ဇရ် အား ခေါ်ယူတော် မူပြီး မိန့်တော် မူသည်မှာ “ငါသည် သားတော် ကို ကင်န်အာန် ပြည်ရှိ အမျိုးသမီး နှင် လက်ထပ်မှု ကို မနှစ်မြို့။ ငါ၏ ဘိုးဘေး တို့၏ အနွယ်ဝင် သမီး တစ်ဦး နှင့် စုံဖက်ပေး တော်မူ လိုသည်။ သင်သည် ငါ၏ မျိုးနွယ်များ နေထိုင်ရာ အေရာက် နိုင်ငံ ဖဒ်ဒါန် အာရာမ်မြို့ကို သွား၍ ဆွေတော် မျိုးတော် ထဲမှ တို့သမီး တစ်ဦး ဆောင်ယူ ခဲ့ပါ။

ဤ ကင်န်အာန် ပြည်ကို အလ္လာဟ် အသျှင်မြတ်က ငါနှင့် ငါ၏ အဆက် အနွယ်ဝင် များကို ပေး သနားတော် မူမည်ဟု ဗျာဒိတ်တော် ရှိထား သောကြောင့် ငါ၏ သားတော် ကို ထို တိုင်းပြည် သို့ ငါ ထည့်တော် မမူ၊ သတို့ သမီးကိုသာ ငါ့ထံ အပါ ဆောင်ယူ လာ ရမည် ဟု” ဆိုလျက် ကုလားအုတ် ဆယ်စီးတွင် လက်ဆောင် ပစ္စည်းများ တင်စေလျက် အေရာက် နိုင်ငံ သို့ စေလွှတ် လိုက်လေသည်။

ဆွေတော် မျိုးတော် တို့ရှိရာ မြို့သို့ ညနေချမ်း တွင် ရောက်ရှိပြီး၊ မြို့ပြင် ရှိ ရေတွင်း တစ်ခု အနီးတွင် စခန်းချ တော်မူ၏။ အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) ၏ နောင်တော် နာဟူးရ် ၏ သား “ဘတူအီလ်” တွင် အလွန် ချောမော လှပသော သမီးတော် “ရဖ်ကဟ်” နှင့် သားတော် ”လာဗါန်” ဟူ၍ သားသမီး နှစ်ဦး ရှိလေသည်။ ရဖ်ကဟ် သခင်မသည် ညနေချမ်း မြို့ပြင် ထွက်လျက် ရေခပ်တော် မူစဉ် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) ၏ ဘဏ္ဍာစိုး နှင့် တွေ့ဆုံ မိကြ၏။ ဘဏ္ဍာစိုး မှ ရေတောင်း သောက်လေ ရာ သခင်မက မိမိ ရေပုံး ဖြင့် ကုလားအုတ် များကို ရေခပ် တိုက်သည့် အပြင် ဘဏ္ဍာစိုး ကိုလည်း သောက်ရန် ပေးတော် မူသည်။ ဘဏ္ဍာစိုးက အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) ၏ နောင်တော် နာဟူးရ် သခင် အား စုံစမ်း ရာ၊ သခင်မက မိမိ အိမ်တော် သို့ ခေါ်ဆောင်သွားသည်။

ဘဏ္ဍာစိုးက ဘတူအီလ် အား လက်ဆောင် တော်များ ဆက်သပြီး အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) က သားတော် အတွက် ကြင်ယာတော် တောင်းစေလွှတ် လိုက်ပုံကို အလုံးစုံ လျှောက်ထား ခဲ့ရာ၊ ရဖ်ကဟ် သခင်မ ကို အိစ်ဟားက် (အလိုင်ဟိစ္စလာမ်) နှင့် စုံဖက်ရန် သဘောတူ လေသည်။ နောက်တစ်နေ့ တွင် မဆိုင်း မတွဘဲ သခင်မ နှင့် အထိန်းတော် ကျေးကျွန် တို့ကို သယ်ဆောင်လျက် ကင်န်အာန် ပြည်သို့ ခေါ်ဆောင် ခဲ့လေသည်။

အစ်ဟားက် (အလိုင်ဟိစ္စလာမ်) သည် သက်တော် လေးဆယ် တွင် ဘတူအီလ် ၏ သမီး ရဖ်ကဟ် သခင်မ နှင့် စုံဖက် တော် မူသည်။ ကြင်ယာတော် ရဖ်ကဟ် သခင်မ သည် သားသမီး မရ မြုံလျက် ရှိနေ တော်မူရာ အိစ်ဟားက် (အလိုင်ဟိစ္စလာမ်) သည် သားဆု ပေးသနား တော် မူပါရန် အလ္လာဟ် အသျှင်မြတ်ထံ အသနား ခံလျက် သားဆုပန် ရာ အလ္လာဟ် အသျှင်မြတ်သည် လက်ခံတော် မူ သဖြင့် ရဖ်ကဟ် သခင်မ တွင် ပဋိသန္ဓေ တည်လေသည်။

ရဖ်ကဟ် သခင်မ ၏ ၀မ်း၌ အမွှာ တည် သဖြင့် သားဦး အား အီစူး ဟုမှည့်တော် မူသည်။ အီစူး သည် နီမြန်းသော အဆင်း ရှိပြီး၊ ကိုယ်၌ အ၀တ် ကဲ့သို့ အမွှေး အမှင် ထူထပ်၏။ ဒုတိယ သားတော် အား “ယအ်ကူးဗ်” ဟူ၍ မှည့်လေသည်။ ထို အချိန် အိစ်ဟားက် (အလိုင်ဟိစ္စလာမ်) သည် သက်တော် (၆၀) ရှိလေပြီ။

ခမည်းတော် အိစ်ဟားက် (အလိုင်ဟိစ္စလာမ်) သည် သားတော်ကြီး အီစူး သခင်ကို အချစ်ပို တော်မူသည်။ အီစူး သခင်သည် တော ကစား ၀ါသနာ ပါတော် မူပြီး ရရှိသော သားကောင်ကို ဟင်းလျာ ချက်တော် မူ၍ ခမည်းတော် အား ဆက်သတော် မူလေ့ ရှိ၏။ သားတော် အငယ် သည် အိမ်တွင်း၌ အနေ များ သဖြင့် မိခင် ရဖ်ကဟ် သခင်မ က ယအ်ကူးဗ် သခင် ကို အချစ်ပို လေသည်။

အစ်ဟားက် (အလိုက်ဟိစ္စလာမ်) သခင် သည် သက်တော် အိုမင်း သောအခါ မျက်စိ မှုန်တော် မူသည်။ တနေ့ မိခင် ရဖ်ကဟ် သခင်မသည် ဆိတ်ငယ် နှစ်ကောင် ကို ချက်ပြုတ် တော်မူပြီး၊ ဖခင် အား ဆက်သ စေသည်။ ဖခမည်းတော် အိစ်ဟားက် (အလိုက်ဟိစ္စလာမ်) သခင် သည် သားတော် ယအ်ကူးဗ် (အလိုက်ဟိစ္စလာမ်) သခင် နှင့် အဆက် အနွယ် များကို ကောင်းချီး မင်္ဂလာ သက်ရောက် ရန် ဒိုအာ ပြုတော် မူ၏။ သားတော်ကြီး အီစူး သခင် ရောက်လာပြီး တောမှ ရသော အမဲ ဟင်းလျာ ဆက်သ ရာ သားတော်ကြီး အတွက်လည်း ဒိုအာ ပြုတော်မူ သည်။

အိစ်ဟားက် (အလိုက်ဟိစ္စလာမ်) သခင် သည် မိမိ၏ သားတော် နှစ်ပါးကို ကင်န်အာန် ပြည်သူ များနှင့် စုံဖက်မှု ကို မနှစ်သက် သောကြောင့် သားတော်ကြီး အီစူး သခင် အား မိမိ နောင်တော် အိစ်မာအီလ် (အလိုက်ဟိစ္စလာမ်) သခင် ရှိရာ ဟေဂျာဇ် ပြည် မက္ကာဟ် မြို့သို့ စေလွှတ်တော် မူပြီး အိစ်မာအီလ် (အလိုက်ဟိစ္စလာမ်) သခင် ၏ သမီးတော် “မဟ်လာတ်” သခင်မ နှင့် လက်ဆက် စေတော် မူသည်။ မဟ်လာတ် သခင်မ ကို “ဘရုမဟ်” ဟုလည်း ခေါ်သည်၊ “ဘာစမအ်” သခင်မ ဟုလည်း ခေါ်သည်။ အီစူး သခင်သည် အခြားသော အမျိုး သမီး နှင့် လည်း လက်ဆက် တော်မူ ခဲ့သည်။ အီစူး သခင်သည် မိမိ၏ မိသားစု ကို ခေါ်ယူပြီး စအီးရ် (သို့) စာအီရ် မြို့နယ် သို့ ရွှေ့ပြောင်း နေထိုင် ခဲ့လေသည်။ ထို မြို့နယ် တွင် သခင့်ကို “အဒ်ဝမ်” ဟူသော အမည် ဖြင့် ခေါ်ခဲ့ ကြသည်။ “အီစူး အဒ်ဝမ်” ဟုလည်း ခေါ်ခဲ့ ကြသည်။

အိစ်ဟားက် (အလိုက်ဟိစ္စလာမ်) သခင် သည် သားတော် အငယ် ယအ်ကူးဗ် (အလိုက်ဟိစ္စလာမ်) သခင် အား မိခင် ၏ မောင်တော် လာဗါန် သခင် ၏ သမီးတော် များနှင့် စုံဖက် စေလို သဖြင့် ဘာဗါန် သခင် နှင့် ဆွေတော် မျိုးတော်များ နေထိုင်ရာ ဖဒ်ဒါန် အာရာမ် အရပ်သို့ စေလွှတ်တော် မူလေသည်။ လာဗါန် သခင် ၏ သမီးကြီး လအ်စာ သခင်မ နှင့် နေကာဟ် ပြုပြီး နောက်၊ သမီးလတ် ရာဟီးလ် သခင်မ နှင့်လည်း လက်ထပ်တော် မူခဲ့ လေသည်။ ထိုခေတ် က ညီအစ်မရင်း ကို တပြိုင်တည်း ယူနိုင်၏။ ကျွန်ုပ်တို့ ခေတ် မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) သခင်၏ တရားတော် တွင် ညီအစ်မ အရင်းကို တပြိုင်တည်း မယူပိုင်ပါ။

တစ်ဖန် အကြင် အခါဝယ် ယင်း အစ်ဗ်ရာဟီမ် သည် ထိုသူတို့ကို လည်းကောင်း၊ အလ္လာဟ် အရှင် မြတ်အား စွန့်၍ ထိုသူတို့ ကိုးကွယ်လျက် ရှိကြသော အရာဝတ္ထု များကို လည်းကောင်း၊ (စွန့်၍)ေ ဘးဖယ်ခဲ့ သောအခါ ငါအရှင်မြတ် သည် ထို အစ်ဗ်ရာဟီမ် အား (သားတော်) အစ္စဟာက် ကိုလည်းကောင်း၊ (မြေးတော်) ယအ်ကူဗ်ကို လည်းကောင်း၊ ချီးမြှင့် ပေးသနားတော် မူခဲ့လေသည်။ ထိုမှ တစ်ပါး ငါအရှင်မြတ် သည် (ယင်း အစ္စဟာက်နှင့် ယအ်ကူဗ်တို့ အနက်)အသီးသီး ကို နဗီ တမန်တော် အဖြစ်သို့ ချီးမြှင့်တော် မူခဲ့လေ သတည်း။

ထို့ပြင် ငါအရှင်မြတ် သည် ၎င်းတို့အား မိမိ ကရုဏာ တော်ကို ချီးမြှင့် ပေးသနား တော်မူ ခဲ့သည့်ပြင် ငါအရှင်မြတ် သည် ၎င်းတို့၏ မှန်ကန်သော ဂုဏ်သတင်း ကိုလည်း မြင့်မြတ် (ကျော်ကြား ထင်ရှား) စေတော်မူ ခဲ့ပေသတည်း။

ကုရ်အာန် (၁၉း၄၉-၅၀)

ထို့ပြင် (အို- နဗီတမန်တော်) အသင်သည် စွမ်းရည် သတ္တိရှိ သူများ၊ ဥာဏ် အမြော်အမြင် ရှိသူ များဖြစ်ကြသော၊(နဗီတမန်တော်) အီဗ်ရာဟီမ် (နဗီတမန်တော်) အီစ်ဟာက် နှင့် (နဗီတမန်တော်) ယအ်ကူဗ် တို့(၏ အကြောင်း အတ္ထုပ္ပတ္တိ များ)ကို ပြန်လည်စ ဉ်းစား သတိရပါလေ။

ဧကန်မလွဲ ငါအရှင်မြတ် သည် တမလွန် ဘ၀ကို သတိရခြင်း တည်းဟူသော ထူးခြားချက် တစ်ရပ်ဖြင့်၊ ၎င်းတို့အား ထူးခြား စေတော် မူခဲ့၏။

ထိုမှ တစ်ပါး မလွဲ ဧကန် ၎င်းတို့သည် ငါအရှင်မြတ် အထံတော်တွင် အကောင်းဆုံးသော ရွေးချယ်ခြင်း ခံခဲ့ကြရသော သူတို့ အနက်မှပင် ဖြစ်ကြ ကုန်၏။

ကုရ်အာန် (၃၈း၄၅မှ၄၇)

အဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) သခင် သည် မိမိ ဥစ္စာ ရှိသမျှကို အစ်ဟားက် (အလိုင်ဟိစ္စလာမ်) သခင် အား ပေးလေ၏။ မယားငယ် တို့နှင့် ရသော အားတို့ အားလည်း မိမိ အသက် ရှင်စဉ် တွင် ဆုလာဘ် များကို ပေး၏။ ကုရ်ဘာနီ အပြုခံ ရသော အားသည် သောင်ရသ်ကျမ်း အရ အချစ်ဆုံး သားဦး ဖြစ်ရမည်။ သားဦး သည် အကယ်၍ “နသရ်” အကိုးခံ သားဦး ဖြစ်ခဲ့ ပါက အမွေ မဆက်ခံ ရပေ။ ပါလက်စတိုင်း နိုင်ငံတွင် ကျင့်သုံး ခဲ့သော ဓလေ့ အရ သားဦး ဖြစ်သော အိစ်မာအီလ် (အလိုင်ဟိစ္စလာမ်) သခင် သာ ကုရ်ဘာနီ ပြုရန် ရည်စူး ခဲ့ပေသည်။ ခမည်းတော် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) သခင် မသေမှီ ဆုလာဘ် အဖြစ်သာ ရရှိ ခဲ့ပေသည်။ အဖ ၏ အမွေကို ဆက်ခံသူ သည် အကိုးခံ ရသောသူ မဖြစ်ထိုက် ကြောင်း ဆိုခဲ့ ပြီ ဖြစ်ရာ အစ်ဟားက် (အလိုင်ဟိစ္စလာမ်) သခင် သည် နတ်စွရာနီ များ ယူဆ သကဲ့သို့ ကုရ်ဘာနီ အပြုခံ ရသော ပုဂ္ဂိုလ် မဟုတ်ပေ။

အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) သခင် သည် သက်တော် (၁၇၅) နှစ်တွင် မမာ မကျန်း ဖြစ်တော် မူ၍ သားတော် များကို ခေါ်ယူတော် မူခဲ့သည်။ အိစ်မာအီးလ် (အလိုင်ဟိစ္စလာမ်) သခင် သည် နှစ်စဉ် ခမည်းတော် ထံ အဖူး အမြော် ရောက်မြဲ ဖြစ်သည်။ သားတော် အိစ်မာအီးလ် (အလိုင်ဟိစ္စလာမ်) သခင် နှင့် အိစ်ဟားက် (အလိုင်ဟိစ္စလာမ်) သခင် တို့ အတူ တကွ ရှိစဉ် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) သခင် “၀ဖွားသ်” ဖြစ်တော် မူရာ စာရဟ် သခင်မ အနီး ဟီဗရွန် မြို့နယ် မံဒရေ မြို့ရှိ သချုင်္ီင်းတော် ၌ မြှုတ်နှံတော် မူလိုက်သည်။

အိစ်ဟားက် (အလိုင်ဟိစ္စလာမ်) သခင်သည် သက်တော် (၁၈၀) နှစ်တွင် အသက်ကြီး ရောဂါဖြင့် ကွယ်လွန် ၍ ဖခင် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) သခင် နှင့် မိခင် စာရဟ် သခင်မ ဘေး တွင် မြှုပ်နှံတော် မူခဲ့သည်။

ပုံမှာ – ဗိုင်သုလ် မုကာဒဆ် ကျောင်းတော် အတွင်းရှိ တမန် တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) မဟ်ရားဂ်ျ ခရီး အစပြုရာ နေရာ ဖြစ်သည်။

Advertisements

About puresunni

I like this site.
This entry was posted in တမန်တော်ကဏ္ဍ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s