မီးကျင်းရှင် အတ်စွဟာဗေ အွခ်ဒူးဒ်

၁။ ဖီမွန်ရာဟစ်ဗ် ထံပါး အဗ်ဒွလ္လာဟ် ခစား … ရာဟစ်ဗ် သင်ကြား တောင်ဟီးဒ် တရား …

မုဟမ္မဒ် ဗင်န် ကအဗ် (ရဿွိ ယလ္လာဟု အန်ဟု) သခင် ၏ ဆင့်ပြန်ချက် မှာ ဤ အဖြစ် အပျက် သည် အေဒီ ခြောက် ရာစု အတွင် ဇူန၀ါးစ် ဘုရင် အုပ်စိုးသော ယမန် နိုင်ငံ နဂ်ျရာန် မြို့တွင် ဖြစ်ပျက် ခဲ့လေသည်။ ဇူန၀ါးစ် ဘုရင်၏ လက်အောက်ခံ နဂ်ျရာန် မြို့တွင် ကာဖွရ် မင်းဆိုး ပဒေသရာဇ် တစ်ပါး အုပ်ချုပ်လျက် ရှိသည်။

ကာဖွရ် မိစ္ဆာ ဒိဌိ ဘုရင် တစ်ပါး ထံ၌ အသက် အရွယ် အိုမင်းသော မှော်ဝိဇ္ဇာ ကဝေ ပညာရှင် တစ်ဦး နန်းတွင်း၌ ခစားလျက် ရှိခဲ့ ပေသည်။ တစ်နေ့သော အခါ ထိုမှော် ၀ိဇ္ဇာ ဇော်ဂနီ ပညာရှင် ကြီးက အို – နဂ်ျရာန် မြို့ရှင် မင်းကြီး၊ ကျွန်ုပ်သည် အလွန် တရာမှ အိုမင်း ရင့်သော အရွယ်သို့ ရောက်ရှိ နေပေပြီ။ ထို အကြောင်းကြောင့် ကျွန်ုပ် သည် နေ့စဉ် ရွှေနန်းတော် သို့ လာရောက်ပြီး ခစား နိုင်ခြင်း ပြုနိုင် လိမ့်မည် မဟုတ်ပေ။ နဂ်ျရာန် မြို့ရှင် မင်းကြီးသည် ဥာဏ် ပညာ ထက်မြက်သော လုလင်ပျို တစ်ဦးအား နေ့စဉ် ကျွန်ုပ်၏ ထံပါး၌ စေလွှတ်လော့။ အကယ်၍ ကျွန်ုပ် ကွယ်လွန် သေဆုံးသွား ပါက ထိုလုလင် ပျိုသည် မင်းကြီး ထံပါး၌ ကျွန်ုပ် ကဲ့သို့ မှော် ၀ိဇ္ဇာ ပညာရှင် တစ်ပါး အနေနှင့် အမှုတော် ကို ဆက်လက်ပြီး ထမ်းရွက်ခြင်း ပြုနိုင် ပေလိမ့်မည် ဟု ပြောဆိုခဲ့ လေသည်။

ဘုရင်ကြီးက မင်းမှုတော် ထမ်း ပုဂ္ဂိုလ် တစ်ဦး ဖြစ်သော အဗ်ဒုလ္လာဟ် ဗင်န် တာမင်ရ် အမည်ရှိ လုလင်ပျို တစ်ဦးကို ရွေးချယ်ပြီး ဇော်ဂနီကြီး ထံပါးသို့ သွားရောက်ပြီး အောက်လမ်း ပညာကို သင်ယူရန် စေလွှတ်ခဲ့ လေသည်။ ထို ဥာဏ်ပညာ အမြော် အမြင် နှင့် ပြည့်စုံသော အဗ်ဒုလ္လာဟ် ဗင်န် တာမင်ရ် အမည်ရှိ လုလင်ပျို သည် စုံးကဝေ မှော် ၀ိဇ္ဇာကြီး ထံပါးသို့ နေ့စဉ် သွားရောက် ခဲ့လေသည်။

လုလင်ပျို သည် မှော် ၀ိဇ္ဇာ ပညာရှင် ၏ မှားယွင်း မှုများ၊ ကောက်ကျစ် စဉ်လဲမှု များ၊ မတရား မှုများကို မြင်တွေ့ ရသောကြောင့် အလွန် စက်ဆုပ် ရွံရှာခြင်း ဖြစ်ခဲ့ လေသည်။ သို့သော် ဘုရင်၏ အာဏာကို မလွန်ဆန် ရဲသောကြောင့် နေ့စဉ် ပညာ သင်ယူရန် သွားရောက် ခဲ့လေသည်။ မှော် ၀ိဇ္ဇာ ပညာရှင်ကြီး သည် နဂ်ျရာန် မြို့ရှိ ရွှေနန်းတော် နှင့် အလွန် ဝေးကွာသော မြိုင် အတွင်းရှိ အိမ်၌ နေထိုင်လျက် ရှိပေသည်။

တစ်နေ့သော အခါ အဗ်ဒုလ္လာဟ် ဗင်န် တာမင်ရ် လုလင် ပျိုသည် လမ်းခုလတ် တောစပ်တွင် တဲထိုးပြီး တဲအတွင်း၌ တစ်ပါးတည်း “အေဗာဒတ်” ပြုနေသော ဖီမွန် အမည်ရှိ ရာဟစ်ဗ် တစ်ပါးကို နေ့စဉ် ခရီး သွားရင်း တောမြိုင် အတွင်း၌ တွေ့ရှိ ခဲ့လေသည်။

တမန်တော် အီစာ (အလိုင်ဟိ မုစ်စလာမ်) နဗီ ဖြစ်ပွင့်တော် မူကာ မိုးကောင်းကင် ပေါ်သို့ ပင့် ချီးမြှင့်ခြင်း ခံရ ပြီးနောက် မှန်ကန်သော အစ္စလာမ် သာသနာဝင် အီစာအီ များသည် လူနည်းစု ဖြစ်ပြီး၊ လူများစု သည် ရုပ်တု ကိုးကွယ်မှု အမှောင်ထု အတွင်း၌ ကျရောက်လျှက် ရှိ၏။ ဆိုးသွမ်းသော ကာဖွင်ရ် မိစ္ဆာ ပဒေသရာဇ် ဘုရင်များ သည် ပြည်နယ် အသီးသီး တင် အုပ်ချုပ်လျက် ရှိပြီး တရား လမ်းမှန် ပေါ်၌ ရပ်တည်သော သူတော်စင် များကို ဒုက္ခပေး လျက်ရှိ နေပေသည်။

About puresunni

I like this site.
This entry was posted in ဟာဒိစ်ကဏ္ဍ, အထူးကဏ္ဍ, ဆောင်းပါး. Bookmark the permalink.

Leave a comment