အစ္စလာမ်ကို ထောက်လှမ်းခြင်း

inquire-to-islam

 

(စာရှုသူ အစ္စလာမ်သာသနာဝင်တိုင်း တမန်တော် မုဟမ္မဒ်၏ အမည်နာမတော်ကို တွေ့တိုင်း (စွလ်လလ်လားဟု အလိုင်းဟိ ၀စလ်လမ်) ထည့်ဖတ်ရန် မမပေါ့နှင့်။)

ကျွန်ုပ်တို့၏ ကမ္ဘာလောကကြီးတွင် သက်ရှိသတ္တ၀ါပေါင်း မြောက်မြားစွာ ရှင် သန် သွားလာ နေထိုင်လျက် ရှိသည်။ ၄င်းသတ္တ၀ါများကို   ယေဘုယျအားဖြင့် နှစ်မျိုး ခွဲခြားနိုင် သည်။ တစ်မျိုး မှာ လူဖြစ်၍ နောက်တစ်မျိုးမှာ တိရိစ္ဆာန် ဖြစ် သည်။ တိရိစ္ဆာန်တို့၏ဘ၀သည် ရိုးရှင်းသည်။ ၄င်းတို့ စား ဖို့သောက်ဖို့ အတွက် သဘာဝက သူ့အစီစဉ်နှင့်သူ ဖန်တီးပေးပြီးဖြစ်သည်။ အချိန်တန်လျှင် မိတ်လိုက်မည်။ သားမွေးမည်။ ပြီးနောက် သေမည်။ တိရိစ္ဆာန်တို့၏ ဦးနှောက် သည်တိုးတက်ရာ တိုး တက်ကြောင်း တီထွင်ကြံဆ ဖန်တီးနိုင်မှု မရှိချေ။ ထို့ကြောင့် ပင် ကမ္ဘာဦးအစက ပျားအုံ၊ ငှက်သိုက်၊ ပင့်ကူအိမ်တို့နှင့် ယနေ့ ပျားအုံ၊ ငှက်သိုက်၊ ပင့်ကူအိမ်တို့မှာ တစ်ထပ်တည်းဖြစ်သည်။

လူကား ထိုသို့မဟုတ်ပေ။ လူသည်ပြီးပြည့်စုံသော ဖွဲ့စည်းတည်ဆောက် ပုံကို ရရှိထားသည့် သတ္တ၀ါဖြစ်သည်။ တိုးတက် တီထွင် ကြံဆနိုင်သည့် မှတ် ဥာဏ်မျိုး ရှိသည်။ မိမိဘ၀ကို မိမိအလိုကျ ဖန်တီးနိုင်သည်။ ပတ်ဝန်းကျင်နှင့် အသိုင်းအ၀ိုင်းဖွဲ့ကာ နေထိုင်ရသည်။ ထိုအခါ လူတို့၏ဘ၀တွင် အခြေအနေ ပေါင်း မြောက်မြားစွာ ရှိလာ သည်။ ပညာရှာခြင်း၊ စီးပွားလုပ်ခြင်း၊ ၀မ်းစာရှာဖွေ ခြင်း၊ အိမ်ထောင်ပြုခြင်း၊ သားသမီးပြုစုပျိုးထောင်ခြင်း၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခြင်း၊ လုပ်ငန်းရှင်ဖြစ်ခြင်း၊ လက်အောက်ခံဖြစ်ခြင်း၊ မိဘ၀တ္တရား၊ ခင်ပွန်း ဇနီးသည်ဝတ္တရား၊ သားသမီးဝတ္တရား၊ သေဆုံးကွယ်လွန်ခြင်း အမွေခွဲ ဝေခြင်း အစရှိသဖြင့် အခြေအနေတိုင်း လူသားတို့ ဖြတ်သန်းရမည်။ အခြေ အနေတိုင်းတွင် အကောင်းအဆိုး ဒွန်တွဲနေသည်။ အကောင်းပြုလိုကလည်း ပြု နိုင်သလို အဆိုးပြုလိုကလည်း ပြုနိုင်၏။ လူသား ထံမှ လုပ်ရပ်ကောင်းများ များ သောအားဖြင့် ပေါ်ပေါက်စေရန် ပြီးပြည့်စုံသည့် အထိန်းအကွပ်တစ်ခု လိုအပ် လာသည်။ ဤသည်ကာ; ကိုးကွယ်ယုံကြည်ရာ သာသနာပင် ဖြစ်သည်။ လူအချင်းချင်း ထိန်းကွပ်မှုထက် သာသနာ၏ထိန်းကွပ်မှုက ပို၍ အဆပေါင်းများစွာ ထိရောက်ပါ သည်။ အခြေအနေပေါင်း မြောက်မြားစွာကို ဖြတ်သန်းရမည့် လူသားအတွက် အခြေအနေတိုင်းကို ညွှန်ကြားပြသထားသော သာသနာတစ်ခု မရှိမဖြစ် လိုအပ်လာပေသည်။

သာသနာနှင့် ကိုးကွယ်ယုံကြည်မှု

ကမ္ဘာပေါ်၌ ကိုးကွယ်ယုံကြည်မှုပေါင်း မြောက်မြားစွာ ရှိသည်။ သို့သော် သာသနာဟူ၍ တစ်ခုသာရှိသည်။ ကိုးကွယ်ယုံကြည်မှုတိုင်းသည် သာသနာ မဖြစ်နိုင်ပေ။ သာသနာ ဟု ခေါ် ဆိုနိုင်ဖို့အတွက် စည်းကမ်းချက်အချို့ ရှိသည်။ ကိုးကွယ်ယုံကြည်မှုသည် လူသားအား တရားသဘောကိုသာ ပြသသည်။ သာသနာသည် ကိုးကွယ် ယုံကြည်မှု ကိုသာမက လူသား အား မွေးသည်မှသေသည် အထိ ဖြတ်သန်းရမည့် အခြေအနေအရပ်ရပ်တိုင်းကို သင်ကြားပြသထားသည်။ ကိုးကွယ် ယုံကြည်မှု သည် နေရာဒေသ လူမျိုးစုတစ်ခု လူပုဂ္ဂိုလ် တစ်ဦး အား အကြောင်းခံ၍ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ သာသနာဟူသည် ဖန်ဆင်းရှင်မှ လောကတစ်ခုလုံးကို ရည်ရွယ်၍ သတ်မှတ်ပြဌာန်းထားခြင်း ဖြစ်သည်။ ကိုးကွယ် ယုံကြည်မှု တိုင်းသည် လူပုဂ္ဂိုလ်တစ်ဦး၏ ဖန်တီးမှု ဖြစ်သည်။ သာသနာသည် ထာဝရ ဖန်ဆင်းရှင်၏ ဖန်တီးမှုဖြစ်သည်။
(ယနေ့ လူသားသည် ကွန်ပျူတာကို တီထွင်ထားသည်။ ကွန်ပျူတာကို ထိန်းချုပ်ဖို့အတွက် လူသားတစ်ယောက် အမြဲရှိနေဖို့ လိုအပ်သည်။ သို့မဟုတ် ဘဲ ကွန်ပျူတာ၌ ရှိသော ဆော့ဖ်ဝဲများကဲ့သို့ ဆောဖ့်ဝဲအသစ်တစ်ခုကိုထည့်ကာ ၄င်းဆောဖ့်ဝဲက လူ၏ မည်သည့်လမ်းညွှန်ချက်မှမပါဘဲ ပွင့်ရာမှ ပိတ်သည် (ပလတ်ဖြုတ်သည်) အထိ စွမ်းဆောင်နိုင် မည်လား။ လုံးဝမဖြစ်နိုင်ပါ။ ထိုနည်းတူ ကမ္ဘာလောကကြီးကို ကွန်ပျူတာဟု သဘောထားကြည့်ပါ။ ကမ္ဘာလောက အတွင်း၌ ရှိနေသော လူသား တစ်ဦးက ကမ္ဘာကြီး၏ ဖြစ်ပျက် မှုအားလုံးကို အတွင်းထဲမှ ထိန်းချုပ်နိုင်မည်လား။ မထိန်းချုပ်နိုင်ပါ။ ကမ္ဘာကြီးကို ထိန်းချုပ် ထားသော လူသားမဟုတ်သည့် ထာဝရ ဖန်ဆင်း ရှင်တစ်ပါး ရှိကိုရှိရမည်။ ထို ဖန်ဆင်းရှင်သည် လူတို့ကို ဆုံးမသွန်သင်ဖို့အတွက် လူအသွင်ဆောင်ပြီး လောကထဲသို့ လာခဲ့သည်ဆိုသည်မှာလည်း ယုတ္တိမ ရှိပေ။ လူသားထဲက လူ တစ်ဦးကို ရွေးချယ်၍ ဖန်ဆင်းရှင်၏ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခြင်းသာ လျှင် ဖြစ်နိုင်ပေသည်။)

အစ္စလာမ်သာသနာ

ကမ္ဘာပေါ်ရှိ ကိုးကွယ်ရာဘာသာများသည် ၄င်းဘာသာကို ဦးဆောင်ပို့ချ သူတို့အား အစွဲပြု၍ မှည့်ခေါ်ကြ၏။ ခရစ်ယာန်ဘာသာသည် ဂျေဆပ်ခရစ် တော်ကို အစွဲပြု၍လည်းကောင်း၊ ဗုဒ္ဓဘာသာသည် ဂေါတမဗုဒ္ဓဘုရားရှင်အား အစွဲပြု၍လည်းကောင်း ခေါ်ဝေါ်ကြ၏။သို့ရာတွင် အစ္စလာမ် သာသနာကား ဤသို့မဟုတ်ပေ။ အစ္စလာမ်၏အဓိ ပ္ပါယ်မှာ `ကျိုးနွံခြင်း၊ အမိန့်နာခံခြင်း´ဟု ဖြစ်သည်။ တစ်ပါးတည်းသော ဖန် ဆင်းရှင်က စကြ၀ဠာတစ်ခုလုံးကို ရည်ရွယ်၍ မှည့်ခေါ်ထားခြင်းဖြစ်သည်။ အလိုသဘောမှာ လောကတွင် ရှိသော အရာအားလုံးသည် ဖန်ဆင်းရှင်၏ အမိန့်ကို နာခံလျက်ရှိသည်။ ကမ္ဘာဦးအစမှ ယနေ့တိုင် နေသည် အရှေ့အရပ်မှ ထွက်၍ အနောက်အရပ်သို့ ၀င်သည်။ တစ်ခါဖူးမှ အပြောင်းအလဲ မဖြစ်ခဲ့ပေ။ သရက်ပင်သည် သရက်သီးကိုသာ သီးစေနိုင်သည် ဗူးပင်သည် ဗူးသီးကိုသာ သီးစေနိုင်သည်။ သရက်ပင်မှ ဗူးသီးသီး၍ ဗူးပင်မှ သရက်သီးသီးသည်ဟူ၍ မရှိခဲ့ပေ။ စသဖြင့် လောက၏ အရာအားလုံးသည် ဖန်ဆင်းရှင်၏ ပုံစုံချ သတ်မှတ်မှုအတွင်း၌သာ အမိန့်နာခံလျက်ရှိသည်။ သို့ရာတွင် ဖန်ဆင်းရှင် သည် လူသားကို အမိန့်နာခံနိုင်သည့် အရည်အချင်းနှင့် အမိန့်ဖီဆန်နိုင်သည့် အရည်အချင်းကိုပါ ထည့်သွင်းထားသည်။ ၄င်းအနက်မှ ဖန်ဆင်းရှင်၏ အမိန့် နာခံသူများသည် အစ္စလာမ်သာသနာဝင်များ ဖြစ်ကြပြီး ၄င်းတို့ကို `မုစ်လင်မ်´ အမိန့်နာခံသူဟု ခေါ်ဆိုပေသည်။
အချို့က အစ္စလာမ်သာသနာသည် တမန်တော် မုဟမ္မဒ်၏သာသနာဟု ထင်နေကြသည်။ တမန်တော် မုဟမ္မဒ်မတိုင်မီ ကမ္ဘာဦးအစကတည်းက အစ္စလာမ်သာသနာ သည် ရှိနှင့်ပြီးဖြစ်သည်။ တမန်တော်မုဟမ္မဒ် မတိုင်ခင်က တည်းက မြောက်မြားစွာသော တမန်တော်များလည်း ပွင့်ခဲ့ပြီးဖြစ်သည်။ တမန်တော်မုဟမ္မဒ်သည် အစ္စလာမ်သာသ နာတော်အား တစ်ကျော့တစ်ဖန် ဆန်း သစ်စေခဲ့သူ၊ ဖန်ဆင်းရှင်၏ နောက်ဆုံးကျမ်းစာဖြစ်သော `ကုရ်အာန်ကျမ်း´ကိုရှင်းပြပေးခဲ့သူဖြစ်သည်။
အခြားသော   ဘာသာတရားများသည် ကိုးကွယ်မှုပိုင်း၌သာ ပြည့်ဝစုံလင် ပြီး ကျန်သည့် ကဏ္ဍများတွင် အပေါ်ယံမျှသာ `မခိုးရ၊ မ၀ှက်ရ၊ မလိမ်ရ၊ ကာ မေသုမိစ္ဆာကံ မကျူးလွန်ရဟု ဆုံးမထားသည်။ အစ္စလာမ်ကား ဤသို့မဟုတ်။ ကိုးကွယ်ယုံကြည်မှု တစ်ခုတည်းကိုသာ အဓိကထားသည့် သာသနာမဟုတ် ပေ။ လူတစ်ယောက် မွေးရာမှ သေသည်အထိ ရင်ဆိုင်ကြုံတွေ့ရမည့် အခြေ အနေတိုင်း၌ အသေးစိတ် သင်ကြားပြသမှုများ ရှိသည်။ အပေါ့ အလေးသွား သည့်က အစ သန့်ရှင်းစင်ကြယ်မှုကို ရယူတဲ့ပုံစံ၊ လူမှုဆက်ဆံရေး၊ တစ်ဦးနှင့် တစ်ဦး နစ်နာမှု မဖြစ်စေသော စီးပွားရေးစနစ်၊ စနစ်ကျသော လက်ထပ် ထိမ်းမြားမှု၊ ကွာရှင်းမှု၊ ပေါင်း သင်းဆက်ဆံမှု၊ ၀တ္တရားများ၊ သားသမီးပြုစု ပျိုး ထောင်မှု၊ သေဆုံး သည့်အခါ အမွေခွဲဝေမှုအသေးစိတ်၊ တိုင်းပြည်အုပ်ချုပ်မှု၊ တရားစီရင်မှု အစရှိသည့် ကဏ္ဍအားလုံး ၏ စည်းမျဉ်း၊ ဥပဒေများ၊ ကုရ်အာန် ကျမ်းစာတွင် ချမှတ် ပြဌာန်းပေးထားသည်။ ဤသည်သာမက လူသားတစ်ဦး ချင်းအပေါ် မပြုမနေရတာဝန်အဖြစ် နမားဇ်ဝတ်ပြုမှု (အမိန့်နာခံမှု၏သရုပ်)၊ ရိုဇဟ်ဥပုသ်သီလ (စိတ်အလိုရမက် များအား ချိုးနှိမ်မှု၏ သရုပ်)၊ ဇကားသ် (လူသားချင်း စာနာထောက်ထားမှု၏ သရုပ်)၊ ဟဂ်ျ (စည်းလုံးညီညွတ် မှု၏ သရုပ်) တို့ကိုလည်း သတ်မှတ်ပေးထားသည်။ ၄င်းတို့နှင့် ပတ်သက်၍ ရှေ့တွင် အသေးစိတ် ရှင်းပါမည်။
ထို့ပြင် အစ္စလာမ်သည် မကောင်းမှုကို တားမြစ်ရုံမက မကောင်းမှုကို ကြို တင်ရှောင်ရှားနိုင်မည့် နည်းလမ်းများကိုပါ ညွှန်ကြားထားသည်။ ဥပမာ- ကာ မေသုမိစ္ဆာကံကို တားမြစ်ရုံမကဘဲ ကာမေသုမိစ္ဆာကံကို မဖြစ်ပေါ်စေနိုင်ရန် အမျိုးသမီးများအား လုံခြုံစွာ ၀တ်စားဆင်ယင်စေခြင်း၊ သူစိမ်းအမျိုးသား အမျိုး သမီးတို့၏ ဆက်ဆံမှုများ တွင် စည်းဘောင် များ သတ်မှတ်ထားခြင်း နေကာဟ် ဟူသည့် ခိုင်မာပြတ်သားသည့် လက်ထပ်ဥပဒေကို ချမှတ်ပေးခြင်း ကာမေသု မိစ္ဆာ ကျူးလွန်သူများ ကို ပြင်းထန် စွာ အရေးယူခြင်း တို့ကိုပါ ညွှန်ကြားထား သည်။

အစ္စလာမ်တွင်သာသနာပိုင် ဘုန်းကြီးဟူ၍ မရှိပါ။ အစ္စလာမ်သာသနာကို လွန်ခဲ့သည့်နှစ်ပေါင်း ၁၄၀၀ ကတည်းက တမန်တော်မုဟမ္မဒ်က ပြီးပြည့်စုံစွာ သင်ကြာပေး ခဲ့ပြီး ဖြစ်သည်။ ခေတ်တိုင်း အခါတိုင်းနှင့် ကိုက်ညီသည့် ကုရ်အာန်ကျမ်းစာကိုလည်း ရရှိထားပြီးဖြစ်သည်။ မည်သည့်သာသနာပိုင်မျှ ခန့် အပ်စရာ သာသနာကို ထပ်မံ မွန်းမံစရာ မ လိုတော့ပေ။ အစ္စလာမ်သည် လူသားတိုင်း၌ တန်းတူညီသည့် ဂုဏ်သိက္ခာကို ချီးမြှင့်ထားသည်။ လူသား အချင်းချင်း ပင်ကိုယ်ပီဇအရ တစ်ဦးက မြင့်မြတ် သည်။ တစ်ဦးက နိမ့်ကျသည် ဟူ၍ မရှိပါ။ ကုသိုလ်ကောင်းမှု ပွားများသူသာလျှင် မြင့်မြတ်သည်။ အစ္စလာမ် သည် လူအချင်းချင်း ကိုးကွယ်ရန်၊ ဦးချရန် အမိန့်မပေး ထားပါ။ ကောင်းမြတ် သောသူ၊ သစ္စာသမာဓိရှိသူတို့အား မိမိကိုယ်တိုင် ရှာဖွေဆုံးဖြတ်၍ ချဉ်းကပ်ရန် သာ ညွှန်ကြားထားသည်။ သူတော်စင် သူတော်ကောင်းဖြစ်ရန် လူတိုင်း၌ တန်းတူအခွင့်အရေး ရှိသည်။ သာသနာ့ဘောင်ဟူ၍ မရှိပါ။ လူတိုင်းလူတိုင်း ပုံမှန် နေထိုင်သွားလာရင်း ၀လီ (အလ္လာဟ်အချစ်တော်) သူတော်စင် ဖြစ်နိုင် ပေ သည်။ လူတန်းစားတစ်ခုအား ဘုန်းတော်ကြီးဟု သတ်မှတ်၍ ၄င်းတို့အား ပေးကမ်းကျွေးမွေးခြင်း၊ ကိုးကွယ်ရှိခိုးခြင်းကို ခွင့်မပြုထားပါ။ လူတိုင်းလူတိုင်း ကိုယ့်ဝမ်းရေး အတွက် ကိုယ်တိုင် ရှာဖွေစားသောက်ရမည်။ တမန်တော်မုဟမ္မဒ် ကိုယ်တိုင်လည်း ၀မ်းစာရှာဖွေမှု လုပ်ငန်းများကို ဆောင်ရွက် လုပ်ကိုင်ခဲ့သည်။

အချို့က မော်လ၀ီများ၊ အင်္ကျီအရှည်ဝတ်သူများကို အစ္စလာမ်သာသနာ ၏ဘုန်းတော်ကြီးများဟု ထင်ကြသည်။ ဆေးပညာသင်ကြားသူများကို ဆရာ ၀န်ဟုခေါ်သကဲ့ သို့၊ နည်းပညာ သင်ကြားသူများကို အင်ဂျင်နီယာဟု ခေါ်သကဲ့ သို့၊ ၄င်းတို့သည်လည်း ဘာသာရေးပညာရပ်တို့အား သင်ကြားထားသူများသာ ဖြစ်ကြသည်။ ၄င်း တို့အား ဘာသာရေး အလုပ်များသာ လုပ်ရမည်ဟုလည်း အစ္စလာမ်က မသတ် မှတ်ထားပါ။ ၄င်းတို့ကိုသာ ရှိခိုးပူဇော်ရမည်ဟူ၍လည်း မပြောထားပါ။ ၄င်းတို့ ကိုယ် တိုင်လည်း လူသာမာန်ကဲ့သို့ လွတ်လပ် စွာ နေထိုင်နိုင်သည်။ သို့ရာတွင် ၄င်းတို့သည် ဘာသာရေးပညာရပ်များအား အချိန်ပေး သင်ကြားထားသူများ ဖြစ်သောကြောင့် ၀တ်ပြုမှုများ၊ ဘာသာရေးကိစ္စများတွင် ၄င်းတို့အား ဦးစီး ဦး ရွက်စေခြင်းဖြစ်သည်။ ဤသည်ကိုကြည့်ပြီး ၄င်းတို့အား အစ္စလာမ်သာသနာ ၏ ဘုန်းတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များဟု မခေါ်ဆိုဝံ့ပေ။ အစ္စလာမ်ဘာသာရေး ပညာရှင်များ ဟုသာ ခေါ်ဆိုထိုက်သည်။ ဥပမာအားဖြင့် နေ့စဉ်ဝတ်ပြုရာတွင် ၄င်းတို့ အား ရှေ့ဆောင်မှုမပြုစေဘဲ ဘာသာရေးအတန် အသင့်သာ နားလည်သော လူသာမန်တစ်ဦး ရှေ့ဆောင် ၀တ်ပြုခဲ့လျှင်လည်း ၀တ်ပြုမှု အထမြောက်သည်။ သို့သော် ၄င်း တို့အား ရှေ့ဆောင်မှုပြုခြင်းဖြင့် ပို၍ တိကျမှန်ကန်နိုင်ပေသည်။

အစ္စလာမ်သာသနာတော်၏ ကိုးကွယ်ယုံကြည်မှု

အစ္စလာမ်သာသနာ၏ ကိုးကွယ်ယုံကြည်မှုသည် ရိုးရှင်း၍ လူတို့အဖို့ နား လည်ရလွယ်သည်။ ဤသည်မက လူ၏ဂုဏ်သိက္ခာကိုပါ မြှင့်တင်ပေးထား သည်ဟု ဆိုရပေ မည်။ အစ္စလာမ်သာသနာတော်၏ အခြေခံကြသော ယုံကြည် မှု (၃) ခုသာ ရှိသည်။ (၁) အလ္လာဟ်အရှင် (၂) တမန်တော်မုဟမ္မဒ် (၃) ကုရ်အာန်ကျမ်း ဟူ၍ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်

အလ္လာဟ်အရှင်မြတ်မှအပ မည်သူတစ်ဦးတစ် ယောက်ကိုမျှ ဦးညွတ်ခြင်း၊ ဦးချခြင်း ခွင့်မပြုထားပေ။ အလ္လာဟ်အရှင်မြတ် သည်သာလျှင် တစ်ပါးတည်းသော ဖန်ဆင်း ရှင်ဖြစ်သည်။ စကြ၀ဠာအားလုံး လှုပ်ရှားလည်ပတ်မှုသည် အလ္လာဟ်အရှင်မြတ်၏ ထိန်း ချုပ်မှုအောက်၌ ရှိသည်။ အစ္စလာမ်သာသနာဝင်တို့အဖို့ ကိုးကွယ်ရာအရှင် တစ်ပါး တည်းသာ ရှိသည်။ အလ္လာဟ်အရှင်မြတ်အလျင် မည်သည့်အရှင်သခင် မျှ မရှိသလို နောက်ပိုင်းတွင်လည်း ပေါ်ပေါက်နိုင်ခြင်း လုံးဝမရှိ။ အလ္လာဟ် အရှင်မြတ်နှင့် ဂုဏ်ရည်တူသူ ဟူ၍လည်း မရှိပါ။ အလ္လာဟ်အရှင်မြတ်သည် လူသား၏အသွင်သဏ္ဍာန်နှင့် တည်ရှိနေခြင်းလည်း မဟုတ်ပါ။ တစ်မူထူးခြား သော အသွင်ဖြင့် ရှိနေသည်။ ကျွန်ုပ်တို့၏ သိမ်နုပ်လှသည့် လောကီမျက်စိဖြင့် အလ္လာဟ်အရှင်မြတ်အား တွေ့မြင်နိုင်စွမ်း မရှိပါ။ သေဆုံးကွယ်လွန်ပြီးနောက် ကမ္ဘာ့တရားခွင်နေ့တွင် အလ္လာဟ်အရှင်အား မုချ ဖူးမျှော်ခွင့် ရရှိမည်။

အစ္စလာမ်သာသနာဝင်တို့သည် သန့်ရှင်းစင်ကြယ်သော ကိုးကွယ်မှုကို ပိုင်ဆိုင်ထားသည်။ မိမိတို့၏ နဖူးမြေခဦးချခြင်းကို ဖန်ဆင်းရှင်တစ်ပါးတည်း အတွက်သာလျှင် သန့်သန့်လေး ထားရှိသည်။ တွေ့ကရာအရာတိုင်းကို မဦးချ ပါ။ အစ္စလာမ်သည် ရုပ်တုများပြုလုပ်ခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထား သည်။ ဖန်ဆင်း ရှင်ရှိနေပြီ ဆိုမှဖြင့် ရုပ်တုမှာ အဘယ်ကြောင့် လိုအပ်မည်နည်း။ စင်စစ် ရုပ်တုများသည် လူတို့၏ ပယောဂများဖြင့် မကင်းပေ။ လူတိုင်းတွင် လူမျိုးစွဲ ရှိကြသည်။ တရုတ်လူမျိုး သည် ၄င်းတို့ကိုးကွယ်ရာရုပ်တုကို တရုတ် မျက်နှာပေါက်နှင့်တူအောင် ပြလုပ်မည်။ အိန္ဒိယလူမျိုးကလည်း ၄င်းတို့အိန္ဒိယ မျက်နှာပေါက်နှင့်တူအောင် ပြုလုပ် မည်။ မြန်မာ လူမျိုးကလည်း မြန်မာရုပ်နှင့် တူအောင် လုပ် မည်။ မည်သည့်ရုပ်တုက အစစ်နည်း။ အလ္လာဟ်အရှင်သည် လောကကြီးတစ်ခုလုံး၏ ဖြစ်ပျက်မှုအားလုံးကို သိရှိနေသည်။ ကျွန်ုပ်တို့ ကောင်းမှုလုပ်သည်ဖြစ်စေ၊ မကောင်း မှုပြုသည်ဖြစ်စေ အလ္လာဟ်အရှင် တွေ့ နေ မြင်နေသည်။ ကျွန်ုပ်တို့၏ဆုတောင်းသံများကိုလည်း အလ္လာဟ်အရှင် ကြား နေသည်။ အစ္စလာမ်သာသနာဝင်များအဖို့ အလ္လာဟ် အရှင်မြတ်နှင့် ဆက်သွယ် ရာ၌ မည်သည့်ကြားခံခြင်းမှ မလိုအပ်တော့ပေ။ ထို့ကြောင့် အစ္စလာမ် သာသ နာဝင် တို့၏ ဗလီဝတ်ကျောင်းများကို ကြည့်လျှင် သာမန်အခန်းတစ်ခု သာ ဖြစ်သည်ကို တွေ့ရမည်။ မည်သည့် ကိုးကွယ်ခံ တန်ဆာပလာများ လုံးဝ မရှိပေ။ အစ္စလာမ် သာသနာသည် ကိုးကွယ်မှုနှင့် ရိုသေမှု အခန်းကဏ္ဍကို ခွဲခြားထားသည်။ ကိုးကွယ်မှုသည် တစ်ပါးတည်းသော ဖန်ဆင်းရှင်အတွက်သာ ဖြစ်သည်။ ကျန်လူသားအားလုံးသည် ရိုသေမှု၏ခေါင်းစဉ်အောက်တွင် ရှိသည်။
လူကြီး မိဘ ဆရာသမား သူတော်စင် သူတော်မြတ်တို့အား ရိုသေလေးစားရမည်။ ဂုဏ်ပေးရမည်။ ပြုစုစောင့်ရှောက်ရမည်။ အထူးသဖြင့်မိဘနှင့်ပတ်သက်သည့်ကဏ္ဍ များ ကုရ်အာန် ကျမ်းမြတ် တွင် အလေးပေးတင်ပြထားသည်။ သို့သော် ၄င်းတို့အား ကိုးကွယ်ခံကဲ့သို့ ပြုမူဆက်ဆံခြင်းကို အစ္စလာမ်က လုံးဝတားထားသည်။ အချို့ဘာသာများတွင် ကိုးကွယ်မှုနှင့် ရိုသေမှုကို ရောယှက်ထားသဖြင့် ဘုရားတု ဘုရားယောင်များ လူလူချင်း အစွဲထား ကိုးကွယ်မှုများ တစ်နေ့တခြား ပေါများလျှက် ရှိ သည်။ ပမာဆောင်ရသော် အသင်သည် လူတစ်ယောက်ထံမှ ငွေ ၁၀ သိန်းချေးသည်။၎င်းအား အကြွေးပြန်မဆပ်ဘဲ ရှိခိုးပူဇော်ကန်တော့နေလို့ အကြွေးကျေသွား မည် လား။  ၄င်းနှင့်ပတ်သက်သည့် အသင့်၏ ၀တ္တရားမှာ အကြွေးဆက်ခြင်းသာလျှင် ဖြစ်ပေသည်။ မိဘသည်လည်း အနန္တ ကျေးဇူးရှင်ပင်။ မိဘကို ထိုင်ရှိခိုး ကန်တော့နေ လို့ ကျေးဇူးဆပ်ရာမကျပေ။ မိဘကို ချိုသာစွာ စကားပြောဆိုခြင်း ယဉ်ကျေးသိမ်မွေ့စွာဆက်ဆံခြင်း ပြုစုစောင့်ရှောက်ခြင်း ချစ်ခင်ယုယခြင်းတို့ ကို ပြုခြင်းဖြင့် ကျေးဇူးဆပ်ရမည်။ ကုရ်အာန်က ဤကဲ့သို့ ကျေးဇူးဆပ်ရန်သာ ညွှန်ကြားထားသည်။
ဤနေရာတွင် မေးခွန်းတစ်ခုရှိသည်။ တစ်ကမ္ဘာလုံးရှိ အစ္စလာမ်သာသ နာဝင်များသည် မက္ကဟ်မြို့ရှိ ကအ်ဗဟ်ဝတ်ကျောင်းရှိရာ အရပ်ကိုသာလှည့်၍ ဦးချနေကြသည်။ ရည်ရွယ်ချက် (၂) ခုကြောင့်သာ ဖြစ်သည်။ ပထမအချက်က တစ်ကမ္ဘာလုံးရှိ အစ္စလာမ်သာသနာဝင်အားလုံး တစ်ပြေးညီဖြစ်စေရန် ဖန်ဆင်းရှင်၏အမိန့်ဖြင့် နေရာတစ်ခု သတ်မှတ် ထားခြင်း ဖြစ်သည်။ ဒုတိယအချက်က ၄င်းကျောင်းတော်၏ အပေါ်တည့်တည့် ကောင်းကင်တွင် အလ္လာဟ်အရှင်မြတ် စံမြန်းရာ ပလ္လင်တော်ရှိသည်။ ၄င်းပလ္လင်မှ အလ္လာဟ်အရှင်မြတ်၏ လူတို့မမြင်နိုင်သောရောင်ခြည်တော်များသည် အောက်တည့်တည့်တွင်ရှိသောကအ်ဗဟ်ကျောင်းတော်သို့သက်ရောက်နေသည်။ ဤသည်ကိုအကြောင်းပြု၍ ၄င်းအရပ်သို့လှည့်၍ ဦးချခြင်းဖြစ်သည်။ ကအ်ဗဟ်ကျောင်းတော်သည် သာမန်အုတ်ဖြင့် ပြုလုပ် ထားသော အဆောက်အဦးတစ်ခု သာ ဖြစ် သည်။ ၄င်းကျောင်းတော်သည်သမိုင်းကြောင်းအရ ထွဋ်မြတ်မှုရှိသော် လည်း ကိုးကွယ်ယုံကြည်မှု၌ မည်သို့မျှ မပတ်သက်ပေ။ တမန်တော်မုဟမ္မဒ်က မုစ်လင်မ် ၏ ဂုဏ်သိက္ခာသည် ၄င်း ကျောင်းတော်ထက်ပင် ပို၍မြင့်မြတ်သည်ဟု ဆိုထားပေသည်။ တမန်တော် မုဟမ္မဒ် ကိုယ်တိုင်ပင် ဖန်ဆင်းရှင်အလ္လာဟ်၏ အမိန့်ဖြင့် ကအ် ဗဟ်ကျောင်း ကို ကျောခိုင်းကာ ဂျေရုဆလင် ရှိ အပ်က် ဆွာကျောင်းတော် ဖက်သို့ ၁၇ လခန့် ၀တ်ပြုခဲ့ဖူးသေးသည်။ ဤအချက်ကပင် မုစ်လင်မ်တို့၏ ဦးချခြင်းသည် ကအ် ဗဟ်ကျောင်းတော်နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ထင်ရှားပေသည်။

တမန်တော်မြတ် မုဟမ္မဒ် (ဆွလ်လလ်လားဟု အလိုင်းဟိ ၀စလ်လမ်)

အလ္လာဟ်အရှင်မြတ်သည် ခေတ်တိုင်း၊ အခါတိုင်းရှိ လူသားတို့အား လမ်းမှန်တရားပြသရန် လူသားတို့အနက်မှ လူရည်မွန်တစ်ဦးကို ရွေးချယ်ကာ စေတမန်အဖြစ် ချီးမြှောက်လေ့  ရှိသည်။ ၄င်းတို့ကို `နဗီ´ဟုခေါ်သည်။ အချို့ `နဗီ´များကို အလ္လာဟ်အရှင်မြတ်သည် `ကျမ်းစာ´ကိုပါ ချီးမြှင့်လေသည်။ ထို သူများကို `ရစူလ်´ဟုခေါ်သည်။
တမန်တော် မုဟမ္မဒ် မတိုင်ခင် အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်၊ ရစူလ်တမန်တော် များစွာ ပွင့်ပေါ်ခဲ့ပြီးဖြစ်သည်။ သို့ရာတွင် တမန်တော်မုဟမ္မဒ် သည် အလ္လာဟ် အရှင် ၏ နောက်ဆုံးနဗီ၊ ရစူလ် ဖြစ်ပေသည်။ အလ္လာဟ်အရှင် မြတ်သည် တမန်တော်မုဟမ္မဒ်မှတဆင့် ပြီးပြည့်စုံသော အစ္စလာမ်သာသနာကို လူသားတို့ထံ ပေးအပ် ခဲ့ပြီးဖြစ် သည်။ ထို့ကြောင့် နောက်ထပ်နဗီ၊ ရစူလ် တစ်ပါးပါး ပေါ်လာရန် အကြောင်းမရှိတော့ပေ။
အစ္စလာမ် သာသနာသည် လက်တွေ့သဘောဆောင်သည့် သာသနာဖြစ်သည်။ သာသနာ့ သမိုင်းများ၊ ရာဇ၀င်များသည် လူ့သဘာဝနှင့် ကိုက်ညီမှုရှိသည်။ တမန်တော် မုဟမ္မဒ်၏ အတ္ထုပတ္တိကို ကြည့်လျှင် မြေလျိုးခဲ့သည်များ၊ မိုးပျံခဲ့သည်များကို တွေ့ရမည်မဟုတ်ပါ။ အစ္စလာမ်သာသနာသည် ယုံတမ်းစကားများ၊ စိတ်ကူး ယဉ်ဆန် မှုများမှ ကင်းစင်သည်။ အစ္စလာမ့်သမိုင်းသည် အရှိကိုအရှိအတိုင်းသာ တင်ပြသည်။ ချို့ယွင်းချက်များကို ဘေးဖယ်ကာ ကျန်သည့်ကိစ္စများကို အမွှန်းတင်၍ ရေးသားထားခြင်း မဟုတ်ပါ။
တမန်တော်မုဟမ္မဒ်သည် သာမန်လူသားတစ်ဦးသာ ဖြစ်သည်။ လူ့ သဘာဝအတိုင်းသာ ကျင့်ကြံနေထိုင်သွားသူ ဖြစ်သည်။ တရားချည်းဟော၍ မသွားပါ။ လက်တွေ့ ဘ၀၌ လျှောက် လှမ်းရမည့် ပုံစံများကို သင်ပေးသည်။ မိမိ ကိုယ်တိုင် ဒုက္ခခံခဲ့သည်။ အချိန်ကာလ အတန်ကြာအောင် ရုန်းကန်ခဲ့ရသည်။

လူသည် အသိုင်းအ၀ိုင်းနှင့်နေရသည်။ တစ်ဦးတည်း တောထွက်၍ တရားကျင့်ကြံခြင်းသည် တစ်ကိုယ်ကောင်းဆန်သော အဓိပ္ပါယ်မဲ့သောလုပ်ရပ် ဖြစ်သည်။ လူတော် လူကောင်းဆို သည် မိမိကိုယ်တိုင်လည်း ကောင်းအောင်နေ ထိုင်သူ၊ သူတစ်ပါးတို့အားလည်း ကောင်းရာကောင်းကြိုး ညွှန်ကြားပေးသူ ဖြစ် သည်။ လူသားတိုင်း သူတော် စင်၊ သူတော်ကောင်းဖြစ်ရန် လိုအပ်သည်။ သူ တော်စင်၊ သူတော်ကောင်းဖြစ်ရန် တရားသာအားထုတ်၍ နေရမည်ဆိုလျှင် မည်သူက ထမင်းကျွေးမည်နည်း။ မည်သူက ဆေးကုသပေးမည်နည်း။ သူေ တ်ာကောင်းဖြစ် ရန် အိမ်ထောင်မပြုရဘူးဆိုလျှင် မကြာမီ လူသားမျိုးသာတုန်း သွားမည်ဖြစ်သည်။ ရန်သူအား မတိုက် ခိုက် ဘဲ အမျှသာပေးနေရ မည်ဆိုလျှင်   လောကကြီးတစ်ခုလုံး ရန်သူများသာ စိုးမိုးသွားမည်။

အစ္စလာမ်သာသနာသည် ထိုသို့ အဓိပ္ပါယ်မဲ့သောလုပ်ရပ်များကို အမိန့် ပေးခြင်းမျိုး လုံးဝမရှိပေ။ မီးသည် ပူသည်။ လောင်ကျွမ်းစေနိုင်သည်။ ဤသည် ကိုကြည့်၍ မီးကို လုံးဝမသုံးဘဲ အသင်နေမည်လား။ အိမ်ထောင်မပြုဘဲနေခြင်း သာလျှင် သူတော်ကောင်းကျင့်စဉ်ဆိုလျှင် အစောတည်းက လူသားကိုပင် အလ္လာဟ်အရှင် ဖန်ဆင်းတော့မည်မဟုတ်ပါ။ လျှပ်စစ်ကို မကိုင်တွယ်တတ် လျှင် အန္တရာယ်ရှိနိုင်ပေသည်။ ထိုအခါ အသင်သည် လျှပ်စစ်ကို လုံဝ မကိုင် ပဲနေရန် အမိန့်ပေးမည်လား။ စနစ်တကျ အန္တရာယ်ကင်းစွာ ကိုင်တွယ်နည်းကို သင်ပေးမည်လား။အခြားဘာသာများသည် လုံးဝမကိုင်ရန် အမိန့်ပေးသည်။တမန်တော်မုဟမ္မဒ်သည် အန္တရာယ်ကင်းစွာ စနစ်တကျကိုင်တွယ်နည်းကို သင်ပေးသည်။
တမန်တော်မုဟမ္မဒ်သည် ကိုယ်တိုင် စီးပွားရေးလုပ်၍ မည်သို့သောပုံစံ ဖြင့် ငွေကြေးရှာလျှင် ပိုင်သည်။ မည်သို့သောပုံစံသည် မကောင်းသော မပိုင် သောလုပ် ရပ် ဖြစ် သည် ကို သင်ပေးသွားသည်။ မိမိကိုယ်တိုင် အိမ်ထောင်ပြု၍ ဇနီးသည်အပေါ် အဘယ်ကဲ့သို့ ၀တ္တရားရှိပုံ၊ ခင်ပွန်းသည်ကိုလည်း ဇနီးသည်အပေါ် မည်သို့ ဆက်ဆံ ရ မည့်ပုံ၊ သားသမီး အား ပြုစုပျိုးထောင်ရမည့်နည်းလမ်းတို့ကို သင်ကြားပေးခဲ့သည်။ မိမိကိုယ်တိုင် အုပ်ချုပ်သူ ခေါင်းဆောင်လုပ်၍ မည်ကဲ့သို့ မျှတစွာ တရား စီရင်မည့် ပုံစံ တို့ကို ပြသသွားသည်။ လူတို့ကြားတွင် နေထိုင်ခဲ့ပြီး လူမှုဆက်ဆံရေး မည်ကဲ့သို့အရေးကြီးပုံ၊ လူတိုင်းနှင့် ချစ်ခင်စွာ ပေါင်းသင်းနေ ထိုင်ရမည့်ပုံစံတို့ကို လက်တွေ့ လုပ်ဆောင်ပြခဲ့သည်။ စံပြလူသားဆို သည်မှာ ဤသို့သောသူကိုသာ ခေါ်ဆိုထိုက်ပေသည်။ ထို့ကြောင့် အစ္စလာမ်သာသနာ ၀င် တစ်ဦးအဖို့ မည်သည့်အခြေအနေ၌ ရှိနေပါစေ တမန်တော်မုဟမ္မဒ်၏ လုပ် ရပ်တိုင်းက စံနမူနာယူစရာအဖြစ် ကျန်ရှိသွားခဲ့ပေသည်။ ဆေးတက္ကသိုလ် ကျောင်းသားများကို lecture ပေးရုံသက်သက်ဖြင့် ဆရာဝန်တစ်ယောက် ဖြစ် နိုင်မည်လား။ lecture နှင့်အတူ practical ပါတွဲ၍ သင်ပေးမှသာ အရည် အချင်းမှီသောဆရာဝန်တစ်ယောက် ဖြစ်နိုင်မည်။ စာသင်ထားရုံသက်သက်ဖြင့် ဆရာဝန်သည် လူနာကိုအော်ပရေးရှင်းလုပ်နိုင်မည်လား။

ကုရ်အာန်ကျမ်းစာ

ယနေ့ကမ္ဘာပေါ်ရှိ ဘာသာတရားအသီးသီးတွင် ကျမ်းစာအမျိုးမျိုးရှိ သည်။ ၄င်းကျမ်းစာများသည် ၄င်းဘာသာတရားတို့ကို ပျိုးထောင်ခဲ့သူတို့ကိုယ် တိုင် (သို့မဟုတ်) ၄င်းတို့ သက်ရှိထင်ရှားရှိနေစဉ်၌ ဖြစ်ပေါ်ခဲ့သည်များ မဟုတ် ပါ။ ၄င်းဘာသာတရားတို့၏ ခေါင်းဆောင်များ ကွယ်လွန်ပြီး နှစ်ပေါင်းများစွာ နေမှ တပည့်သားချင်းများက စုစည်း ကာ ပြုစုထားခြင်းသာ ဖြစ်သည်။ အချို့ သာသနာဘာသာများတွင် ဤစုစည်းမှုပင် မူလပုံစံမပျက် မရှိတော့ပေ။ ခေတ်အဆက် ဆက် ကျမ်းစာများ ကိုလည်း ပြုပြင်ပြောင်း လဲ ရေးသားခဲ့ကြသည်။
သို့သော် ကုရ်အာန်ကား ဤသို့မဟုတ်။ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ်ထံသို့ ကုရ်အာန်၏စာသားများ အလျဉ်းသင့်လျှင် သင့်သလို ချီးမြှင့်ပေးအပ်ခဲ့ သည်။   တမန်တော်မုဟမ္မဒ်မှ မိမိ၏သားချင်းများကို ချက်ချင်း ပြန်သင်ပေးခဲ့သည်။ ၄င်းတို့သည် တမန်တော်မုဟမ္မဒ်ထံမှ ကြားသိရသမျှကို မှတ်သား ထိန်းသိမ်းခဲ့ သည်။ ထိန်းသိမ်းရန်လည်း သူတို့အတွက် လွယ်ကူခဲ့သည်။ ကုရ်အာန်သည် အရဗီစကားဖြင့် ကျရောက်ခဲ့သည်။ ယနေ့ အရဗီ စကားသည် ကမ္ဘာ့ထိပ်တန်း ဘာသာ စကားများအနက်မှ တစ်ခုဖြစ်သည်။ အရဗီစကားကို ရုံးသုံးဘာသာဖြင့် သုံးနေသောနိုင်ငံ ၄၀ နီးပါးရှိသည်။ ပါဠိ ဘာသာစကား ပြောသောနိုင်ငံ တစ်နိုင်ငံမှ မရှိပါ။ သမ္မာကျမ်းစာ၏ မူရင်းစာပေ မှာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေချေပြီ။
တမန်တော် မုဟမ္မဒ်ကော ၄င်း၏ သားချင်းများသည်လည်း အရဗီစကား ပြောဆိုသူများ ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ရှားပါးဘာသာ စကားဖြင့် မချပေးပါ။ လူသုံးများသော ဘာသာစကားဖြင့် ချပေး ထားသည်။ သို့မှသာ လူတို့မှတ်သားရာ၌ ပိုမိုလွယ်ကူမည်။ ယနေ့ တမန်တော် မုဟမ္မဒ် ကွယ်လွန်ခဲ့ သည်မှာ နှစ် ၁၄၀၀ ကျော်ခဲ့ပြီ။ ကုရ်အာန်သည် တစ်လုံး တစ်ပါဒမျှ မပြောင်းလဲဘဲ ယနေ့ထိ မူရင်းအတိုင်း ရှိနေပေသည်။ တမန်တော် မုဟမ္မဒ် ခေတ်အခါက   ရေးသားခဲ့သော ကုရ်အာန်များလည်း သမိုင်းဝင်အဖြစ် ယခုတိုင် ရှိနေပေသည်။ အစ္စလာမ်သည် ကုရ်အာန်ကျမ်းမြတ်အား တစ်စုံတရာ ပြုပြင်ပြောင်းလဲခွင့် မည်သူ့ကိုမျှ မပေးထားပါ။
ကုရ်အာန်သည် တရားဓမ္မကိုသာ တင်ပြထားသော ကျမ်းစာ မဟုတ်ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေများ၊ (ethic) လူမှုဆက်ဆံရေး စည်းမျဉ်းများ၊ သမိုင်းဖြစ်ရပ်များ အားလုံး ပါ ၀င်သည်။ ထို့ကြောင့် ကုရ်အာန်ကို အခြေပြု၍ တိုင်းပြည်အုပ်ချုပ်၍ ရသည်။ ကုရ်အာန်ကျမ်းလာဥပဒေများသည် အမြင်အားဖြင့် ကြမ်းတမ်းသည် ဟု ထင်ရသော် လည်း စင်စစ်တွင် ငြိမ်းချမ်းရေးကို ရှေးရှုလျက်ရှိသည်။ သူခိုးကို လက်ဖြတ်ရန် အမိန့်ပေးသည်။ ဤသည်ကို အနောက်တိုင်းသားတို့က ရက်စက်လွန်းသည် ဟု ဆိုကြသည်။ ခိုးမှုဖြစ်စဉ်၌ အခိုးခံရသောသူ၏ ခံစား ချက် အဘယ်မျှကြီးမားမည်နည်း။ တစ်ချို့အခြေအနေတွင် အခိုးခံရမှုကြောင့် ဘ၀ပင် ပျက်သွားနိုင်သည်။ သူ၏ခံစားချက်ကိုလည်း နားလည်ပေးရန် လိုအပ် သည်။ ရောဂါတစ်ခုဖြစ်လာလျှင် အသင်သည် ဆေးပေါ့ပေါ့သုံးမည်ဆိုလျှင် ရောဂါနာတာ ရှည် မည်။ မကြာမကြာ ကောင်းလိုက် ပြန်ဖြစ်လိုက် ဖြစ်နေမည်။ အသင် ဆေးပြင်းပြင်းဖြင့် အပြတ်ကုလိုက်လျှင် တစ်ခါတည်းနှင့် လုံးဝကောင်းသွားမည်။ မီးပုံတစ်ပုံ အသင့် အနားတွင်ရှိသည်။ မီးသည် ပူကြောင်း၊ လောင် ကျွမ်းစေနိုင်ကြောင်း အသိ အသင့်တွင်ရှိလျှင် ထိုမီးပုံထဲသို့ အသင်ခုံချမည် လား။ ထိုကဲ့သို့ပင်။ တစ်ခါက ကုန်သည်အုပ်စုတစ်စုသည် မဒီနဟ်မြို့သို့ ရောက်ရှိလာလေသည်။ ၄င်းတို့ ရောက်ရှိချိန်သည် ၀တ်ပြုချိန်ဖြစ်နေ သည်။ ရွှေ၊ငွေ အစရှိသည့် တန်ဖိုးကြီးပစ္စည်း များ ရောင်းချသည့်ဆိုင်များသည် လူသူ အစောင့်ကင်းမဲ့လျက် ဖွင့်ထားသည်ကို တွေ့ရာ ၄င်းကုန်သည်အုပ်စုမှာ အလွန်အံ့သြမင် သက် ဖြစ်ကြရသည်။ မည်မျှပင် ငြိမ်းချမ်းသော အခြေအနေ ဖြစ်သနည်း။ မည်သူမျှ ကိုယ့်ပစ္စည်းကို အခိုးမခံချင်ပါ။ ခိုးခံခဲ့ရလျှင်လည်း သူခိုး ကို လွန်စွာ စိတ်နာမည်ဖြစ်သည်။ ကုရ်အာန်ဥပဒေအတိုင်း ကျင့်သုံးသော ဆော်ဒီအာရေဗျနိုင်ငံသည် ယနေ့တွင် ခိုးမှုဖြစ်စဉ် အနည်းဆုံးနိုင်ငံ ဖြစ်ရုံသာ မက အထက်တွင်တင်ပြခဲ့သော ငြိမ်းချမ်းမှုကိုပင် ရရှိထားသည်။ ဤသည် ဥပမာတစ်ခုအနေနှင့် ရှင်းပြခြင်းဖြစ်သည်။ ကုရ်အာန်တွင် အလားတူ ငြိမ်းချမ်း ရေးရှေးရှုသည့် ဥပဒေပေါင်း များစွာရှိသည်။
ကုရ်အာန်တွင် နောက်ထပ် ထူးခြားချက်တစ်ခု ရှိသေးသည်။ အခြား သောဘာသာတရားများ၏ ကျမ်းစာမူရင်းစာပေကို ၄င်းဘာသာ၏ ဘုန်းတော် ကြီးများပင် ဖတ်တတ်ရွတ် တတ်ကြသည်။ သို့သော် အစ္စလာမ်သာသနာဝင် (၇) နှစ်အရွယ် ကလေးတစ်ယောက်သည် ကုရ်အာန်မူရင်းကို ကောင်းစွာဖတ် တတ်သည်။ မြန်မာနိုင်ငံကဖြစ်စေ၊ တရုပ်ပြည် ကဖြစ်စေ၊ အင်္ဂလန်ကဖြစ်စေ။ ဤသည် ကုရ်အာန်ကျမ်းစာ၏ တန်ခိုးအာနုဘော်ပင် ဖြစ်သည်။ ကမ္ဘာ့အရှေ့ အရပ်ဖြစ်စေ၊ အနောက်အရပ်ဖြစ်စေ၊   တောင် အရပ်ဖြစ်စေ   မြောက်အရပ်ဖြစ်စေ ကုရ်အာန်ဖတ်ရွတ်သံသည် တစ်သံတည်းဖြစ်သည်။ ကုရ်အာန်ကျမ်းစာသည် တစ်အုပ်တည်း၊ တစ်ပုံစံတည်း ဖြစ်သည်။

နမားဇ် (ဆွလားသ်) ၀တ်ပြုခြင်း

အစ္စလာမ်သာသနာသည် အရွယ်ရောက်ပြီးသူ အမျိုးသား/အမျိုးသမီး တိုင်းအား တစ်ရက်လျှင် နမားဇ် (၅) ကြိမ်ဖတ်ရန် အမိန့်ပေးထားသည်။ ယေ ဘုယျ အားဖြင့်ကြည့်လျှင် (၅) ကြိမ်ဟူသော အရေအတွက်မှာ များလှသည်ဟုထင်ရသော်လည်း နောက်ကွယ်မှ အကျိုးတရားများကာ လူသား၏ဘ၀တစ်ခု လုံးကို သိသာ စွာပြောင်းလဲပေးနိုင်ကြောင်းကို ရှေ့တွင် တင်ပြပါမည်။ အစ္စလာမ် သာသနာ၏ ထူးခြားချက်ကား မလိုအပ်သော အကျိုးမဲ့သောကိစ္စများကို အမိန့် ပေးစေခိုင်း ထားခြင်း လုံးဝမရှိပေ။ ဘာသာရေးအရ အမိန့်စေခိုင်းမှုဖြစ်သော် လည်း မိမိကိုယ်တိုင် (သို့မဟုတ်) မိမိကြောင့် အခြားသူများ အကျိုးရှိစေမည့် ကိစ္စသာ ဖြစ်သည်။
အစ္စလာမ်သာသနာတော်သည် နမားဇ်မဖတ်မီအလျင် ၀ုဇူပြုရန် အမိန့် ပေးထားသည်။ နမားဇ် (၅)ကြိမ်ရှိသည်ဖြစ်ရာ တစ်နေ့လျှင် ၀ုဇူလည်း (၅)ကြိမ် ပြုလုပ်ဖြစ်လေမည်။ ၀ုဇူဟူသည် မိမိခန္ဓာကိုယ်အား အပြင်ပိုင်းဆိုင်ရာ သန့်ရှင်း စင်ကြယ်မှု ရယူခြင်းဖြစ်သည်။ ၀ုဇူပြုရာတွင် ခံတွင်းဆေးကြောခြင်း၊  နှာခေါင်း ဆေးကြောခြင်း၊ မျက်နှာသစ်ခြင်း၊ လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ ဆေး ခြင်း၊ ဦးခေါင်းကို ရေစိုနေသောလက်ဖြင့် ပွတ်သတ်ခြင်း၊  ခြေနှစ်ဖက်ဆေးခြင်း တို့ ပါဝင်သည်။
သာမာန်လူတစ်ဦးသည် ခံတွင်းသန့်ရှင်းခြင်း၊ မျက်နှာသစ်ခြင်းကို အလွန် ဆုံး တစ်နေ့လျှင် အိပ်ရာထတစ်ခါ၊ အိပ်ရာဝင်တစ်ခါသာ ပြုလုပ်မည်။ သို့သော် မုစ်လင်မ်တစ်ဦးအဖို့ နမားဇ်၏အကြောင်းခံဖြင့် တစ်နေ့လျှင် (၅) ကြိမ်ပြုလုပ် ဖြစ်သွားသည်။ လူတိုင်းလူတိုင်း နေ့စဉ်နှင့်အမျှ ကြုံရာကျပန်း အလုပ်ကိစ္စများ၌ နစ်မွန်းနေစဉ် ခန္ဓာကိုယ်၌ အ၀တ်အစား ၀တ်ထားသော်လည်း ခြေ၊ လက်၊ မျက်နှာတို့မှာ ပွင့်ဟနေလျက်ရှိသည်။ ထိုနေရာများသို့ ဖုံများ၊ အညစ်အကြေး များ၊ ပိုးမွှားများ တွယ်ကပ်နေစရာရှိသည်။ မုစ်လင်မ်တစ်ဦးသည် နမားဇ်၏အ ကြောင်းခံဖြင့် ထိုနေရာများအား တစ်နေ့လျှင် (၅)ကြိမ် ဆေးကြောဖြစ်သွား မည်။ ဤသည် မိမိ၏ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် မည်မျှပင် အကျိုးဖြစ် ထွန်းလိုက်ပေသနည်း။
သို့သာမက ကျမ်းမြတ်ကုရ်အာန်တွင် မုစ်လင်မ်အမျိုးသား/အမျိုးသမီး များအား နမားဇ်ဝတ်ပြုရာနေရာသို့ သွားရာ၌ လှပကျော့ရှင်းစွာသွားရန် အမိန့် ပေးထားသည်။ အလုပ်၌ နစ်မွန်းနေရသူတစ်ဦးအဖို့ ခန္ဓာကိုယ်၌ ချွေးသီးချွေးပေါက်များ၊ ချွေးနံ့များ ရှိနေပေမည်။ ဧည့်သည်တစ်ဦးတစ်ယောက်နှင့် တွေ့ဆုံ ရာတွင် ၄င်းအနံ့အသက်များကြောင့် ဧည့်သည်အဖို့ အနည်းအကျဉ်းမဆို အခက်အခဲ ဖြစ်စေ နိုင်သည်။ သို့သော် နမားဇ် (၅) ကြိမ်ဖတ်သော မုစ်လင်မ်တစ်ဦးအဖို့ ခန္ဓာကိုယ် မှာ အမြဲတမ်း ကျော့ရှင်း မွှေးကြိုင် လန်းဆန်းနေမည်ဖြစ်သည်။
ရန်ကုန်မြို့ရှိ ဗလီများကို အသင် လေ့လာကြည့်ပါ။ နမားဇ်အချိန်တိုင်း၌ လူအနည်းဆုံး (၅၀၀) ခန့် ရပ်ကွက်တိုင်းရှိ ဗလီတိုင်း၌ ၀တ်ပြုကြ သည်။ အသင် အရေးကြီးကိစ္စကြောင့် အခမ်းအနားတစ်ခု လုပ်မည်ဆိုလျှင်ပင် လူ (၅၀၀) အား စုစည်းဖို့ မလွယ်ကူပေ။ အသင့်အိမ်၌ ထမင်းစားဖိတ်လျှင်ပင် အချို့သူများ အလုပ်အကိုင်ဖျက်ပြီး လာချင်မှလာလိမ့်မည်။ သို့သော် နမာဇ်ကို အကြောင်းပြု၍ မည်သည့်ဖိတ်စာမှမလို၊ မည်သည့်ဧည့်ခံမှုမျှ မရှိဘဲ၊ မည်သည့် အာဏာမှ မသုံးရဘဲ လူပေါင်းများစွာ နေ့စဉ် (၅) ကြိမ် ဗလီ၌ စုစည်းမိသွား သည်။ ဤကဲ့သို့သော စုစည်းမှုကို မည်သည့်သာသနာတွင်မှ တွေ့ရမည် မဟုတ်ပါ။
တည်ငြိမ်အေးချမ်းသော လောကကြီးဖြစ်ဖို့အတွက် အရေးအပါဆုံးအ ချက်သည် အမိန့်နာခံခြင်းပင် ဖြစ်သည်။ အမိန့်နာခံခြင်းသည် ငြိမ်းချမ်းရေး၏ အရင်းအမြစ်ပင် ဖြစ်သည်။ သားသမီးသည် မိဘအမိန့်နာခံမည်၊ တပည့်သည် ဆရာ၏အမိန့် နာခံမည်၊ အလုပ်သမားသည် အလုပ်ရှင်၏ အမိန့်နာခံမည်၊ လူ ငယ်သည် လူကြီး၏အမိန့် နာခံမည်၊ ပြည်သူလူထု သည် အုပ်ချုပ်သူအစိုးရ၏ အမိန့် နာခံမည်၊ လူသားအားလုံးသည် ဖန်ဆင်းရှင်၏အမိန့် နာခံမည်ဆိုလျှင် ကမ္ဘာလောကကြီးမှာ မငြိမ်းချမ်းစရာ အဘယ်အကြောင်းရှိမည်နည်း။ နမားဇ် သည် အမိန့်နာခံတတ်သော လူသားများ ဖြစ်လာအောင် ထရိန်နင်ပေးနေခြင်း ပင် ဖြစ်သည်။ နမာဇ်ဖတ်ရသော အချိန်များတွင် အချို့ အလုပ်များထဲ၌ နစ်မွန်း နေမည်။ အချို့ အိပ်ရေး၌ရှိနေမည်။ အချို့ အပန်းဖြေ အနားယူနေမည်။ ဤ တွင် နမားဇ်အချိန် ကျရောက်လာပြီးဆိုလျှင် မိမိ၏ လောကီရှာဖွေမှုအားလုံးကို စွန့်လွှတ်၍ ဖန်ဆင်းရှင်၏အမိန့်ကို နာခံရန်၊ နမာဇ်ဝတ်ပြုရန် ဦးလှည့်ကြတော့ မည်။ နမာဇ်ဖတ်သောသူသည် မိမိကိုယ်ရေးကိုယ်တာထက် အမိန့်ကို ဦးစား
ပေးနာခံတတ်သည့် အလေ့အကျင့် ရရှိသွားပေတော့သည်။ ဤသည်များသည် နမားဇ်၏ နောက်ကွယ်မှ အကျိုးတရားများပင် ဖြစ်ပေသည်။

ရိုဇဟ် (ဥပုသ်စောင့်ခြင်း)

ဒေါသဖြစ်လာချိန်တွင် ရန်သူအား ထိုးကြိတ်ကာ အနိုင်ယူသူနှင့် သည်းခံ မျိုသိပ်ကာ ပြဿနာအား ရှောင်ရှားသွားသူတို့နှစ်ဦးတွင် မည်သူက သတ္တိရှိသူ ဖြစ် သနည်း။ ကာမဆန္ဒ   ပြင်းထန်နေချိန်တွင် ပြည့်တန်ဆာခန်းသို့ မသွားဘဲ မိမိ စိတ်ကို ထိန်းချုပ်ကာ ဖန်ဆင်းရှင်ဖက်သို့ အာရုံပြုခြင်း၊ ကောက်ရသည့် အဖိုး တန်ပစ္စည်းကို မိမိမယူဘဲ ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခြင်း၊ ရောဂါဖြစ်နေချိန် တွင် မတည့်သောအစားအစာများ ရှေ့တွင်ရှိနေပါလျက်နှင့် မစားဘဲ မျက်နှာ လွှဲဖယ်ထားခြင်းတို့မှာ အပြောသာလွယ်သလောက် လက်တွေ့ပြု လုပ်ရန် အင်မတန်ပင် ခက်ခဲ၏။
ဖန်ဆင်းရှင်သည် လူသား၏ စိတ်နှလုံးသား၌ လောဘ၊ ဒေါသ၊ တဏှာ ရာဂ အစရှိသည်တို့ကို ထည့်သွင်းထားရာ ၄င်းတို့၏စေ့ဆော်မှုကြောင့် လူသား သည် တဒင်္ဂအရသာ   ပေးစွမ်းနိုင်သော အကုသိုလ်ကိစ္စကို ပြုလုပ်ရန် အားသန် လျက်ရှိသည်။ သို့သော် မိမိစိတ်ကို ထိန်းချုပ်ခြင်း (mind control) ဟူသော အရည်အချင်းလည်း တစ်ဖက်တွင် ရှိပြန်၏။ ၄င်းအရည်အချင်းကို ပိုမိုထက် မြတ်လာစေရန်၊ အရည်အသွေး ပိုမိုကောင်းလာစေရန် ထရိန်နင်ပေးသောအ နေဖြင့် အစ္စလာမ်သာသနာသည် သာသနာဝင်တို့အား ရိုဇဟ် ဟူသောအမိန့် ကို ပြဌားန်လိုက်သည်။
ရိုဇဟ်ကို တစ်နှစ်လျှင် တစ်လ ထားရသည်။ နံနက်မိုးသောက်ချိန်မှ ညနေ နေ၀င်သည်အထိ မစားခြင်း၊ မသောက်ခြင်း၊ ဇနီးရှိပါလျက် ကာမဂုဏ်မှု မပြုဘဲနေခြင်း ဖြစ်သည်။ အပေါ်ယံကြည့်လျှင် အမိန့်မှာ အလွန်ပြင်းထန်လှ သည်ဟု ထင်ရသည်။ ပြိုင်ပွဲကြီးတစ်ခု ယှဉ်ပြိုင်ရမည်ဆိုလျှင် လေ့ကျင့်ခန်းကို လည်း အပြင်းအထန်လုပ်ရသည်။ ကျွန်ုပ်တို့၏ အနာဂတ်တွင် မကောင်းမှုအကု သိုလ်ပေါင်း မြောက်မြားစွာက ဆီးကြိုနေကြသည်။ ၄င်းတို့မှ ရှောင်ရှားနိုင်ဖို့
အတွက် မိမိစိတ်ဓါတ်အင်အား မြှင့်တင်နိုင်ရန် အပြင်းအထန် ကြိုးစားရမည်။ ရိုဇဟ်ထားသူသည် မိုးသောက်ချိန်မှစ၍ မစားဘဲနေလိုက်သည်။ နေ့လည် အထိလောက်   ကောင်းကောင်းနေနိုင်မည်။ နေ့လည်ခင်းကျော်လာလျှင် ဗိုက် ဆာလာမည်။ တစ်ဖြည်းဖြည်း ညနေနားကပ်လေ ပို၍ပို၍ ဆာလာမည်။ မိမိ တွင် စားနိုင်သည့်အင်အား ရှိပါလျက် မစားဘူးဟု ထိန်းချုပ်မည်။ ဤသည် ဒေါသဖြစ်နေချိန်တွင် ဒေါသအလျောက် မကျူးလွန်သွားရန် ထိန်းချုပ်ခြင်း၊ ကာမစိတ် ပြင်းထန်နေချိန်တွင် ကာမဂုဏ်မှု မဖြစ်ပေါ်အောင် ထိန်းချုပ်ခြင်း လောက် မခက်ခဲပါ။
သို့ရှိရာ ဤကဲ့သို့ တစ်လတာ ရိုဇဟ်ထားလိုက်သူအဖို့ အထက်တွင် တင်ပြခဲ့သော အကုသိုလ်များမှ ရှောင်ရှားနိုင်ရန် အလေ့အကျင့်တစ်ခု ရသွား စေမည်။ ထိုသို့ဖြင့် တစ်နှစ်တာကို   ကောင်းစွာဖြတ်သန်းနိုင်ပြီး နောက်တစ်နှစ် အတွက် နောက်တစ်ခါ အလေ့အကျင့်လုပ်မည်။ ရိုဇဟ်သည် အရွယ်ရောက် သည့်အချိန်မှစ၍ မထားမနေရတာဝန် ဖြစ်သွားသည်။ ယနေ့ ကလေးငယ် (၇) နှစ် (၈) နှစ်အရွယ်များပင် ရိုဇဟ်ထားနေကြပြီး ဖြစ်သည်။
အစ္စလာမ်သည် လူတစ်ယောက် မနိုင်သည့်တာဝန်ကို မခိုင်းပါ။ ကမ္ဘာရှိ သန်းပေါင်းများစွာသော ယောက်ျား၊ မိန်းမ၊ ကလေးများပင် ရိုဇဟ်ထားနေချိန် တွင် အသင် အဘယ်ကြောင့် မထားနိုင် ရမည် နည်း။ သို့သော် ရိုဇဟ်မထားနိုင် လောက်အောင် ရောဂါတစ်စုံတစ်ရာ အခိုင်အမာရှိလျှင် မထားဘဲနေခွင့်ရှိ၏။ အချုပ်ဆိုရလျှင် အစ္စလာမ်၏ဥပုသ်သည် ဟန်ရေးပြဥပုသ်မဟုတ်ပါ။ ရည်ရွယ် ချက်ကို ထိမိသော၊ လူတို့အတွက် အမှန်တကယ် အကျိုးရှိသော ဥပုသ်စောင့် ခြင်း ဖြစ်ပေသည်။

ဇကားသ် (လူသားချင်း စာနာထောက်ထားကြေး)

အစ္စလာမ်သည် အပြောအဟောသာရှိသော သာသနာမဟုတ်ကြောင်း ကို ဇကားသ်က သက်သေပြနေသည်။ ဘာသာတိုင်းတွင် အလှူအတန်းပြုရန်၊ ဆင်းရဲသားတို့ အား  ကျွေးမွေးစောင့်ရှောက် ရန် ညွှန်ကြားထားသည်ကား မှန်၏။သို့သော် ညွှန်ကြားချက်သာရှိသည်။
လူတိုင်းလူတိုင်းသည် မိမိ၏ငွေကြေးဥစ္စာအား ချစ်မြတ်နိုးကြသည်။ အလှူအတန်းပြုရာ၌ လွန်စွာ လက်နှေးကြ၏။ တွန့်တိုတတ်ကြ၏။ အနည်း ငယ် အလှူအတန်းကို များစွာ ဂုဏ်ယူတတ်ကြ၏ နည်းနည်းပေးပြီးလျှင် များ များနာမည်လိုကြသည်။ ဆင်းရဲသားများအား ပေးကမ်းလျှင်လည်း အထက်စီးမှ နေ၍ ပေးတတ်ကြ၏။ ထိုအခါ ဆင်းရဲသူနှင့် ချမ်းသာသူကြားမှ အဆင့်အတန်း ကွာခြားသွား၏။ ချမ်းသာသူသည် ဆင်းရဲသူ၏ ကျေးဇူးရှင်ကြီးအလား ဖြစ်သွား ၏။
အစ္စလာမ်သည်ကား ထိုသို့ အဖြစ်မခံပေ။ လူချမ်းသာသည် မိမိ၏ ငွေကြေးဥစ္စာကို သူဆင်းရဲအား လိုလိုလားလား ရှာဖွေပေးကမ်းတတ်သော စိတ်ဓါတ်ကို ရိုက်သွင်းပေးလိုက်၏။ အဘယ်ကဲ့သို့နည်း။ လူတစ်ဦးထံတွင် ၄င်း အတွက် လိုအပ်သည်ထက်ပိုသော ငွေကြေးဥစ္စာများ ရှိ၏။ ထပ်မံ၍ ကုန်ရောင်း ကုန်ဝယ်ပစ္စည်များလည်း ရှိ၏။ ၄င်းအရာနှစ်မျိုး၏ စုစုပေါင်းတန်ဖိုး အား အပုံ (၄၀) ပုံ၍ (၁) ပုံကို မပေးမနေ ဆင်းရဲသားအား ပေးရမည်။ မပေးဘဲ နေလျှင် လွန်စွာ အပြစ်ထိုက်သည်။ ဤသည် အစိုးရထံ မဖြစ်မနေပေးရသော အခွန်ကဲ့သို့ အလုပ်ရှင်သည် ၀န်ထမ်းအား ပေးရသောလခကဲ့သို့ပင်။ ထိုအခါ ၄င်း (၁) ပုံသည် လူချမ်းသားအဖို့ အမှိုက်သဖွယ် ဖြစ်သွားလေသည်။ အိမ်၌ အမှိုက်ရှိလျှင် ဒီအတိုင်းထားမည်လား။ အမှိုက်သမားကို မရမကရှာ၍ ပစ်မည်။ အမှိုက်ပုံဆီ တစ်ကူးတကသွား၍ ပစ်မည်။ နောက်ဆုံးမရလျှင် အမှိုက်သိမ်းသူ ကို ပိုက်ဆံပေးခေါ်ကာ ပစ်သည်။ ထိုသို့ဖြစ် အစ္စလာမ်သာသနာဝင် လူချမ်း သာများသည် မိမိတို့၏ငွေကြေးကို သူဆင်းရဲတို့အား မ၀ံ့ကြွားဘဲ၊ မမောက်မာ ဘဲ လိုလိုလားလာ်းပေးလိုက်ကြမည်။
လူတစ်ဦးတွင် အပိုငွေနှင့် လုပ်ငန်းပစ္စည်းများတန်ဖိုးသည် သိန်း ၁၀၀ ရှိ မည်ဆိုလျှင် ၂ သိန်းခွဲ ဇကားသ်ပေးဆောင်ရမည်။ သိန်း ၁၀၀၀ လျှင် ၂၅ သိန်း သိန်း ၁ သောင်းလျှင် သိန်း ၂၅၀ ပေးဆောင်ရမည်။ အစ္စလာမ်၏ အဆုံးအမ သည် လှပလွန်းသည်။ ဇကားသ်ပေးရာတွင်လည်း သူစိမ်းထက် ဆွေမျိုးသား ချင်းကို ဦးစားပေး၍ ပေးကမ်းရန် ညွှန်ကြားထားသည်။ အသိုင်းအ၀ိုင်းတစ်ခု တွင် ငွေကြေးရှိသူအချို့ ရှိမြဲဖြစ်သည်။ ထိုအခါ ငွေကြေးရှိသူတိုင်းသည် မိမိ၏ ဆွေမျိုးသားချင်း ဆင်းရဲသားများအား ဇကားသ်ပေး ထောက်ပံ့ထား လျှင် လောကတွင် ဆင်းရဲမွဲတေမှုများ အဘယ်မျှပင် လျော့သွားမည်နည်း။ ဇကားသ် လူသားချင်း စာနာထောက်ထားခြင်း၊ ဆင်းရဲမွဲတေမှုကို လျှော့ချခြင်း၏ ပုံဆောင်မှုတစ်ခု ပင် ဖြစ်ပေသည်။

ဟဂ်ျ (စုစည်းမှုပြုခြင်း)

ယနေ့ ကမ္ဘာ၌ အစ္စလာမ်နှင့်အပြိုင် အယူဝါဒပေါင်းများစွာ ရှိနေသော် လည်း အစ္စလာမ်၏ အားသာချက်မှာ လက်တွေ့ကျခြင်းပင် ဖြစ်သည်။ စည်းလုံးညီညွတ်ခြင်း၊ လူသားအချင်းချင်း တန်းတူအခွင့်အရေးရှိခြင်း၊ လူမျိုးစွဲ ဒေသစွဲ စိတ်ဓါတ်များ ပပျောက်ခြင်း စသည်တို့သည် အဖွဲ့အစည်းတိုင်း အယူ ၀ါဒတိုင်း၏ ဆောင်ပုဒ်များဖြစ်သည်။ သို့သော် လက်တွေ့ လုပ်ဆောင် မှု တွင် ဘာမှပြောပလောက်စရာ မရှိပေ။ ကမ္ဘာ့အတိုင်းအတာကို အပထားပါ။ တိုင်းပြည်ငယ်တစ်ခုပင်လျှင် လူမျိုးပေါင်းစုံ၊ ပါတီပေါင်းစုံ ပါဝင်သော ညီလာခံ၊ အခမ်းအနားတစ်ခုလုပ်ရန် အဘယ်မျှ ခက်ခဲပေနည်း။
ကမ္ဘာ့ဒေသအသီးသီး၌ အစ္စလာမ်သာသနာဝင် မရှိသည့်နိုင်ငံဟူ၍ မရှိ ပေ။ ကမ္ဘာ့လူမျိုးအားလုံးနီးနီးတွင်လည်း အစ္စလာမ်သာသနာ လက်ခံယုံကြည် သူများ ရှိနေပြီဖြစ်သည်။ အစ္စလာမ့်နိုင်ငံပင်လျှင် ကမ္ဘာပေါ်၌ (၆၀) ခန့်ရှိသည်။ အစ္စလာမ်သာသနာဝင် ကမ္ဘာတစ်ခုလုံး၌ သန်း (၁၇၀၀) ရှိသည်။ ထိုသူများ အားလုံးကို အစ္စလာမ်၏ခေါင်းစဉ်အောက်တွင် စုစည်းသွားစေရန် အလွန်လှပ သော စနစ်တစ်ခုကို အစ္စလာမ်က ချမှတ်ပေးလိုက်သည်။ ဤသည်ကား ဟဂ်ျ ပင် ဖြစ်သည်။
ကမ္ဘာပေါ်၌ အထွဋ်မြတ်ဆုံးသော နေရာဒေသဖြစ်သော မက္ကဟ်မြို့ကို စုစည်းရာအဖြစ် သတ်မှတ်ပေးလိုက်သည်။ စုစည်းသည့်ကာလမှာ တစ်နှစ် လျှင် တစ်ကြိမ်ဖြစ်သည်။ စုစည်းရက်မှာ (၅) ရက်ဖြစ်သည်။ စုစည်းရာတွင် လည်း ရှင်ဘုရင်၊ သမ္မတမှ သည် သာမန်လူတန်းစားထိ ပုံစံတစ်ခုတည်း အတိုင်း၊ နေရာတစ်ခုတည်း၌ အင်္ကျီတစ်ဆင်တည်း ၀တ်ဆင်ကာ စုစည်းစေ သည်။ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများကိုလည်း အစီအစဉ်တကျ လူအားလုံး တစ်ပုံစံတည်း ဆောင်ရွက်ရသည်။
ဥပမာ- ၄င်း (၅) ရက် မိမိ၏အလှအပကို စွန့်ကာ ရေမချိုးဘဲ ခေါင်းပင် မဖြီးပဲ နေရမည်ဟု သတ်မှတ်ထားသည်။ မည်သည့်ခမ်းနားမှုမှမရှိသော ဟင်း လင်းပြင်ကြီးတစ်ခု၌ လူအားလုံးကို တစ်နေ့တာ စတည်းချစေသည်။ ထိုနည်း တူ အခြားအခြားသော ကျင့်ဆောင်မှုများလည်း ရှိသည်။ ဤသည်တို့ကို ရှင် ဘုရင်၊ သမ္မတမှသည် သာမန်လူတန်းစားအထိ မည်သည့်ကွာခြားချက်မျှ မရှိဘဲ လိုက်နာဆောင်ရွက်ရသည်။ ရှင်ဘုရင်သည်လည်း မင်းခမ်းမင်းနား အဆင်တန်ဆာဖြင့် လာ၍မရပါ။
ယနေ့ခေတ်အခါ၌ တစ်နှစ်တစ်နှစ်လျှင် ကမ္ဘာအ၀ှမ်းမှ လူပေါင်း သိန်း (၄၀) ခန့် မက္ကဟ်မြို့သို့ သွား၍ ဤသို့ စုစည်းမှုပြုကြသည်။ ထိုအခါ ဘာသာ စကားအစုံ၊ အရောင်အသွေးအစုံ၊ လူမျိုးအစုံ၊ နိုင်ငံအစုံမှ လူတို့သည် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံရင်းနှီမှု ဖြစ်သွားသည်။ ထိုအခါ နိုင်ငံကြီးဝါဒ၊ လူမျိုး ကြီးဝါဒရှိသူတို့သည်လည်း `လူဆိုတာ အားလုံး အတူတူပါပဲ လား´ဟူသော ခံယူချက်တစ်ခု ဖြစ်သွားမည်။ ၄င်းခရီးတွင်ပင် မိမိတို့ရဲ့ချစ်လှစွာသော တမန် တော်မြတ်ကြီး မုဟမ္မဒ် သခင်၏ ဗိမာန်တော်ရှိရာ မဒီနဟ်မြို့သို့သွား၍ ဖူးမျှော် ကြသည်။ ၄င်းခရီးစဉ်က အစ္စလာမ်သာသနာဝင်အားလုံးအား ညီရင်းအစ်ကို မောင်ရင်းနှမစိတ်ဓါတ် သွတ်သွင်းပေး လိုက်သည်။ ၄င်းခရီးမှ ရပ်ရွာရောက်ပြီး ချိန်၌လည်း မိမိသည် ကမ္ဘာ့အရှေ့အရပ်၌ ရှိနေပါစေ။ ကမ္ဘာ့အနောက်အရပ်၌ ရှိသော မုစ်လင်မ်တစ်ဦး၏ ခံစားချက်ကို နားလည်ပေးနိုင်သည့် မျှဝေခံစား တတ်သည့် စိတ်နှလုံးသား ဖြစ်သွားသည်။
၎င်းခရီးစဉ်သည် ငွေကြေးပြည့်စုံသော၊ ခရီးသွားနိုင်သည့် အင်အားရှိ သော မုစ်လင်မ် အမျိုးသား/အမျိုးသမီးတိုင်းအတွက် တစ်သက်လျှင်တစ်ကြိမ် မသွားမနေရ တာဝန်ဖြစ်သည်။ အစ္စလာမ်သာသနာဝင် လူနည်းစုသာရှိသော မြန်မာနိုင်ငံသည်ပင်လျှင် နှစ်စဉ် ၅၀၀၀ ကျော်သွားနေလျက်ရှိသည်။
မည်မျှပင် အားကျစရာကောင်းသော သာသနာဖြစ်သနည်း။ အစ္စလာမ်၏ အရိပ်အောက်တွင် ငြိမ်းချမ်းမှုများ အဘယ်မျှ ဆောနေပါသနည်း။ အစ္စလာမ် သာသနာ ၀င်ဖြစ်ခြင်း အပေါ် ကျွန်ုပ်သည် အတိုင်းအဆမရှိ ၀မ်းမြောက် ဂုဏ်ယူ ပါသည်။ အသင်လည်း အစ္စလာမ်သာသနာကို လက်ခံပြီးသားဖြစ်နေလျှင် အသင်သည် ကမ္ဘာပေါ်တွင် နဖူးစာအကောင်းဆုံးလူသား များအနက်မှ တစ်ဦး ဟု မှတ်ယူလိုက်ပါ။ အစ္စလာမ်သာသနာကို လက်မခံရသေးလျှင် အချိန်နောက် မကျသေးပါ။ အသင် အသက်ရှင်နေသ၍ အခွင့်အရေး ရှိနေပါသေးသည်။ စစ်မှန်သော၊ ယုတ္တိရှိသော၊ ငြိမ်းချမ်းသာယာသော၊ ဂုဏ်သိက္ခာမြင့်မားသော သာသနာတစ်ခုကို ရယူပိုင်ဆိုင်ရာ၌ ကြန့်ကြာ နှောင့်နှေးနေမည်ဆိုလျှင် အသင့်အတွက် ကြီးမားသော ဆုံးရှုံးမှုပင် ဖြစ်သည်။ ယခုတင်ပြမှုများသည် အစ္စလာမ်၏ အမြည်းသဘောသာဖြစ်ပြီး နှစ်လို ဖွယ်ကောင်းသော အစ္စလာမ်သာသနာ၏ မြောက်မြားစွာသော အကြောင်းတရားများကို ဆက်လက်ရေးသား တင်ပြပေး သွားပါမည်။

Advertisements

About puresunni

I like this site.
This entry was posted in အထူးကဏ္ဍ, ဆောင်းပါး, Notes. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s