History of Islam In Myanmar, အစ္စလာမ့်သမိုင်း

History of Islam In Myanmar

အစ္စလာမ့်သမိုင်း

အွမ်မိယာဒ် အင်ပါယာ ဆီးရီးယား ၆၆၁-၇၅၀

တမန်တော်မြတ် (ဆွ) အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူတော်မူပြီးနောက် သတ်သတ်မှတ်မှတ် နောက်လိုက်ဆက်ခံမည့် ခေါင်းဆောင်တစ်ဦးကို တိတိကျကျ ခန့်အပ်ခြင်းမရှိခဲ့ပါ။ သို့သော် ဆွဟာဘာ အများစု၏ သဘောတူညီအပေါ် အဘူဘကရ် (ရသွေ့) ကို ခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့ပြီး နောက် နှစ်ပေါင်း ၃၀ ခန့် ခိုလဖာ အီရာရှီဒီးန် ၏ စစ်မှန် တရားဘက်သော အုပ်ချုပ်မှုကြောင့် အစ္စလာမ် သာသနာ တော်နှင့် နိုင်ငံတော် သည် မှန်မှန်ရှေ့တက်လှမ်းအောင်မြင်ထွန်းကားခဲ့သည်။

၁။ အဘူဘကရ် (ရသွေ့) (၆၃၂-၆၃၄)

၂။ အိုမာရ် (ရသွေ့)(၆၃၄-၆၄၄)

၃။ အွတ်စ်မားန် (ရသွေ့) (၆၄၄-၆၅၆)

၎။ အလီဘင် အဘီသွာလီဘ် (၆၅၆-၆၆၁)

အဆိုပါ ခလီဖါ သမ္မတကြီး ၄ ပါးလုံးသည် တမန်တော်မြတ် နေထိုင်သွားသည့် မဒီနာမြို့တော်တွင် နန်းဆိုက် နေထိုင်ကာ ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်တော်များကို တရားဥပဒေအဖြစ် ကိုင်တွယ်ကျင့်သုံး အုပ်ချုပ်သွား သဖြင့် ၄င်းတို့၏ ခေတ်သည် အလွန် အောင်မြင်သော် မှန်ကန်သော ခေတ် တနည်းအားဖြင့် (ခိုင်ရွန်အုမူးရ်) ကျော်ကြားခဲ့သည်။ အဘူဘကရ် (ရသွေ့) သည် မိမိလက်ထက်တွင် သမ္မတဟူသည် ခလီဖွာ ရစူလွလ္လာဟ် အဖြစ် ခေါ်ရန် အတွက် သတ်မှတ်ခဲ့သလို အိုမာရ် (ရသွေ့) ကလည်း သမ္မတဟူသော ဂုဏ်ပုဒ်ကို ခလွီဖသွလ် မုမီနီးန် ဟု ခေါ်တွင်စေခဲ့ကြောင်း မှတ်သားရပါသည်။

နောက်ဆုံး သမ္မတကြီး အလီဘင် အဘီသွာလီဘ် (ရသွေ့) လက်ထက်သည် နိုင်ငံရေးအလွန်ရှုပ်ထွေးသော ခေတ်ကာလဖြစ်သည်။ မြောက်များစွာသော အစ္စလာမ် ရန်သူတို့သည် အတွင်းတွင်လည်းကောင်း အပြင်တွင် လည်းကောင်း ရှိခဲ့ပြီး အလီ (ရသွေ့) သည် မြောက်များစွာသော တိုက်ပွဲများ နိုင်ငံရေး အရှုပ်အထွေးများကို ရင်ဆိုင်ခဲ့ရသည်။ အဆုံးတွင် အလီ (ရသွေ့)အား ရန်သူများက ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ အလီ (ရသွေ့) ၏ ရန်သူများစာရင်းတွင် အွမ်မီယာဒ် ကိုရိုင်းရှ် အမျိုးအနွယ်ဝင် မုအာဝိယာဟ် (ရသွေ့) သည် ထိပ်ဆုံးမှ ဖြစ်ခဲ့ သည်။ အလီ (ရသွေ့) ကွယ်လွန်ပြီးနောက် မအာဝိယာဟ် (ရသွေ့) က ပထမ ဦးဆုံး အွမ်မီယာဒ် မင်းဆက်ကို တည်ထောင်ခဲ့သူဖြစ်လာခဲ့ပြီး ၄င်းသည် နန်းမြို့တော်ကို ဆီးရီးယားနိုင်ငံ ဒမာဆ်ကဒ် မြို့တော်သို့ ပြောင်းရွေ့ အုပ်ချုပ်တော်မူခဲ့လေသည်။ ဤသည်ကာ အေဒီ ၆၆၁ ခုနှစ်ဖြစ်ပါသည်။

မုအာဝိယာဟ် ဘင် အဘူဆွဖ်ယားန် (၆၆၁-၆၈၀)

အွမ်မီယာဒ် အုပ်ချုပ်သူတို့၏ ပထမဦးဆုံး ဘုရင်ဖြစ်သည် မုအာဝိယာဟ် (ရသွေ့) သည် အစ္စလာမ်သမိုင်းတွင် ပထမဦးဆုံးသော အစ္စလာမ် စစ်တပ် (ကြည်းတပ်နှင့် ရေတပ်)ကို စံနစ်တကျ တည်ထောင်သူ အဖြစ် မှတ်တမ်း တင်ခံရသူဖြစ်သည်။ သူ၏ အုပ်ချုပ်ရေးကာလအတွင် အစ္စလာမ် အင်ပါယာကြီးသည် အာရေးဗီးယား ကျွန်းဆွယ်မှ နေကာ မြေထဲပင်လယ်ဒေသမြောက်ပိုင်းအထိရောက်ရှိသွားသလို အရှေ့ဖက်ခြမ်းတွင် အာရှ အလယ်ပိုင်းနိုင်ငံများသို့တိုင်အောင် ရောက်ရှိသွားပါသည်။ အုပ်ချုပ်ရေးလုပ်ငန်း များကိုလည် ပိုမိုထက်မြက်မှု ရှိအောင် သူသည် ရောမနိုင်ငံ ဘိုင်ဇာန်တီးန် တို့သည် အုပ်ချုပ်ရေးစနစ်များကို ကောင်းစွာလေ့လာပြီး အစ္စလာမ်အင်ပါယာကြီးတွင် အောင်မြင် စွာ ကျင့်သုံးနိုင်ခဲ့သည်။ သူ၏ အုပ်ချုပ်ရေးစံနစ်အောင်မြင်ကျော်ကြားရ ခြင်းအကြောင်း အရင်းကား သူသည် လိမ်မာပါးနပ်စွာဖြင့်လည်းကောင်း သီးခံတရားဖြင့်လည်းကောင်း အုပ်ချုပ်တတ်ခြင်းကြောင့် ပင်ဖြစ်သည်။ သူ၏ အုပ်ချုပ်ရေးအကြောင်းကို ဤသို့ဖေါ်ပြခဲ့ သည်။ “မိမိသည် ဓါးကို သုံးရမည့်နေရာတွင် ဒုတ်ကို သုံးခဲ့ပြီး၊ ဒုတ်ကိုသုံးရ မည့်နေရာတွင် ပါးစပ်ကို သုံးခဲ့သည်။ မိမိ၏နောက်လိုက် ကောင်းတစ်ယောက် တည်းကျန်သည်ဖြစ်စေ သူကို မည်သည့်အခါမျှ အဆုံးအရှုံးမခံနိုင်ပါ။ သူကိုတင်းလျှင် မိမိ ကလျှော့ပေးလေ့ရှိပြီး သူကလျှော့ပေးလျှင် မိမိက တင်းပေးခြင်းဖြစ် ဆက်ဆံရေးကို အစဉ်ကောင်းအောင် ထိန်းသိမ်းခဲ့ပါသည်။”

မုအာဝိယာဟ်က မည်မျှပင်ကောင်းအောင် အုပ်ချုပ်နိုင်ခဲ့သည်ဖြစ်ပါစေ သူသည် နောက်ပိုင်းအချိန်တွင် သူ၏ သားဖြစ်သူ ယဇီးဒ် အတွက် ပြည်သူတို့၏ ထောက်ခံမှုကို တောင်းဆိုခဲ့သည်။ ၆၈၀ ခုနှစ် မုအာဝိယဟ် ကွယ်လွန်ပြီးနောက် သူ၏သားသည် သူကိုဆက်ခံခဲ့သည်။ သူတို့၏ နိုင်ငံရေးစနစ်သည် ယခင် ခလီဖါမင်းများ ကဲ့သို့ ရွေးချယ် တင်မြောက် အုပ်ချုပ်သည့် စံနစ်မဟုတ်သဖြင့် မွတ်စ်လင်မ် အများစုက မနှစ်သက်ခဲ့ကြပါ။ ထို့ကြောင့်လည်း အစ္စလာမ် ရာဇ၀င်တွင် အွမ်မီယာဒ်တို့ အုပ်ချုပ်ရေး ကို အစ္စလာမ် ခလီဖာ မင်းဆက်များအဖြစ် မဖေါ်ပြတော့ဘဲ အစ္စလာမ့်နိုင်ငံ တော်ကိုလည်း ဘုရင်အုပ်ချုပ်သည် စနစ်အဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။ သို့သော် အွမ်မီယာဒ်တို့လက်ထက် သမာသမတ်ကြသော ဘုရင်တပါးပေါ်ပေါက်ခဲ့သည်။ သူကား အိုမာရ်ဗင် အဗ်ဒွလ်အဇီးဇ် ဖြစ်ပြီးကို သူကိုမူ လူအများက လေးစားကြပြီး ခလီဖါ မင်းအဖြစ် သတ်မှတ်ခဲ့ကြပါသည်။

ယဇီးဒ် ဘင် မုအာဝီယဟ် (၆၈၀-၆၈၃)

တိုတောင်းလှသော အုပ်ချုပ်ရေးနှစ်အတွင်း ယဇီးဒ် သည် များစွာသော ဆန့်ကျင်ဘက် အုပ်စုများ၏ တိုက်ခိုက် ခြင်းကို ရင်ဆိုင်ရလေသည်။ ယဇီးဒ် ကို ဆန့်ကျင်သော အုပ်စုများအတွင်း ထင်ရှားသော အုပ်စုသည် အလီ (ရသွေ့) ကို ကူညီသောသူများဟု ဆိုသည် ရှီရိုက် အုပ်စုပင်ဖြစ်သည်။ ထိုအချိန်တွင် အလီ (ရ သွေ့) နှင့် သားတော်ကြီး ဟစန် (ရ) တို့သည် ကွယ်လွန်ပြီးဖြစ်သည်။ သားတော်ငယ် ဟူစိန် (ရ သွေ့) မှာ မဒီနာတွင်ပင် ရှိနေသေးသည်။ ရှီရိုက်တို့က သားတော်ငယ် ဟူစိန် (ရ သွေ့) ကို ခလီဖွာ မင်းဖြစ်စေခြင်သည်။ ထို့ကြောင့် ရှီရိုက်တို့သည် ဟူစိန် (ရ သွေ့) ကို အီရတ် နိုင်ငံ ကူဖာမြို့သို့ လာရောက်ကာ နန်းခံရန် ခေါ်ယူလေသည်။ ဟူစိန် (ရ သွေ့) သည် မိမိကို ထောက်ခံ သည့် အုပ်စုအနည်းငယ်ဖြင့် ကူဖာမြို့သို့ သွားသည့်အခါ လမ်းခုလတ်တွင် ကရ်ဘလာ ဟူသည် အရပ်သို့ ရောက်လျှင် ယဇီးဒ်၏ စစ်တပ်နှင့် ရင်ဆိုင်ရလေသည်။ တိုက်ပွဲတွင် ဟူစိန် (ရ သွေ့) နှင့် များစွာသော သားသမီးများ ရွှေမျိုးများ မှာ သတ်ဖြတ်ခြင်းခံလိုက်ရလေသည်။ ဤတိုက်ပွဲသည် အစ္စလာမ်သမိုင်း တွင် အလွန်အရေးကြီး သည့် အဖြစ်အပျက်ဖြစ်ရခြင်းသည် မွတ်စ်လင်မ် အွမ်မသ်၏ အင်အားစုကြီးသည် လုံးဝတိတိကျကျ နှစ်ပိုင်းကွဲ သွားရခြင်းဖြစ်သည်။ စွန်နီအုပ်စု များနှင့် ရှီအိုက် အုပ်စုများအဖြစ် ယနေ့ကမ္ဘာတွင် မည်သည့်နည်းနှင့်မျှ မပေါင်း စည်းနိုင် သည့် အုပ်စုနှစ်ခုအဖြစ်သို့ရောက်သွားရခြင်းပင်ဖြစ်သည်။

ယဇီးဒ်သည် သက္ကရာဇ် ၆၈၃ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး သူ၏ အရိပ်အရာကို သူ၏ တစ်ဦးတည်းသောသားဖြစ် သူ မုအာဝိယဟ် (သူ့အဖိုးနံမည်ကို ပေးအပ်ခြင်းခံ ရသည်)ကို ပေးအပ်ခဲ့သည်။ သို့သော် မုအာဝိယဟ် ၂ သည် လည်း သက်ဆိုးမရှည်ဘဲ ၆၈၄ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ဆီးရီယားတွင် အဘူဆူဖီယာန်း အမျိုးဆက်တို့၏ မင်း ဆက်သည် ကုန်ဆုံးသွားလေသည်။ မုအာဝိယာဟ် ၂ ကိုဆက်ခံသူမှာ မရ်ဝါးန်ဗင် ဟကမ်ဆိုသူ အွမ်မိယာဒ် မင်းဆက်တွင် အသက်အကြီး သြဇာအကြီးဆုံးဖြစ်သူကို နန်းတင်မြောက်ခဲ့သည်။ မရ်ဝါးန်သည်လည် တစ်နှစ် သာအုပ်ချုပ်ခဲ့ပြီး ခုနှစ် ၆၈၅ ခုနှစ်တွင် သေဆုံးခဲ့သည်။ မာရ်ဝါးန်ကို ဆက်ခံခဲ့သူမှာတော့ သူ၏ သားတော်ဖြစ် သူ အဗ်ဒွလ်မလိက် ဗင် မရ်ဝါးန်ပင်ဖြစ်သည်။

Posted by A Muslim of Myanmar

Advertisements

About puresunni

I like this site.
This entry was posted in သမိုင်း. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s