နဗီတမန်တော်အလ်ယဆအ် (အလိုင်ဟိစ္စလာမ်)

Prophet Ilyasa’ (A.H)

နဗီတမန်တော်အလ်ယဆအ် (အလိုင်ဟိစ္စလာမ်) အကြောင်း

တမန်တော် အလ်ယာဆအ်၏ ဖခင်အမည်မှာ “အွမ်သူးဇ်” ဖြစ်သည်။ ၄င်းအားဖွားမြင်သည့်အချိန်မှာ မိခင်သည် အလွန်အသက်ကြီးပြီး အမယ်အိုဘဝသို့ပင် ရောက်နှင့်နေလေသည်။ ထို့ကြောင့်၎င်းအား “အစ်ဗနိုအဂျူးဇ် (ဝါ) အမယ်အို၏သား” ဖြင့် အမည်ကျော်ကြားခဲ့သည်။ ၄င်းသည် တမန်တော်အစ် လ်ယားစ် (အ) ၏ တပည့်ရင်းလည်းဖြစ်ခဲ့သည်။

တမန်တော်အစ်လ်ယားစ် (အ) “ဗိုရားက်” အစီးအနင်းဖြင့် မိုးကောင်းကင်သို့ တက်သွားစဉ် တမန်တော် အလ်ယဆအ်(အ) က အို..အလ္လာဟ်၏ တမန်တော် ကျွန်တော်မျိုးအား မည်သည့်အမိန့် ချမှတ်ပါမည်းနည်း ဟု လျှောက်ထား၏။ ထိုသောအခါ တမန်တော်အစ်လ်ယားစ်က မိမိခြုံထည်ကို ပေးအပ်ခဲ့သည်။ သဘောမှာ ၄င်း၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်၍ ၄င်းနောက်ပိုင်းတွင် နဗီအဖြစ် တဝန်ကို ထမ်းဆောင်စေလေသည်။

ထိုခေတ်အချိန်အခါက အလွန်ဆိုးသော ဘုရင် “အဂျဗ်” နှင့် မိဖုရားဆိုး “အရ်ဘီးလ်” တို့ ကြီးစိုးလေသည်။ မိဖုရား၏ သွေးထိုးဂုံးချောမှုကြောင့် များစွာသော နဗီတမန်တော်များ “ရှဟီးဒ်” ဖြစ် အသတ်ခံရလေသည်။ ထိုစဉ်က ၄င်းတို့အား တမန်တော်အစ်လ်ယားစ် (အ) က တရားလမ်းမှန်သို့ ဖိတ်ခေါ်သည် ကို ငြင်းဆန်ကြသည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်က ပြစ်ဒဏ်အဖြစ် ၄င်းတို့နှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခြင်း ခံရလေသည်။ ၄င်းတို့၏ ရုပ်အလောင်းကို မြှုပ်နှံမည့်သူပင် မရှိချေ။ အလောင်းများ ဤအတိုင်း ရှိနေခဲ့ရာ လင်းတများနှင့် ကျီးကန်းများ၏ အစာဖြစ်ခဲ့သည်။

တမန်တော်အလ်ယဆအ် (အ) နဗီအဖြစ် တင်မြှောက်ခံရသည့် အချိန်၌ များစွာသောလူတို့သည် အမြင်မှန် ရ၍ အလ္လာဟ်နှင့် အလ္လာဟ့် တမန်တော်များ အပေါ် အီမာန်သက်ဝင်ယုံကြည်လာကြသည်။ ဤသည်လည်း ဘုရင်ဆိုးနှင့် မိဖုရားဆိုးတို့၏ အဖြစ်ကို မြင်တွေ့ရခြင်း၏ နောက်ပိုင်းတွင် ဖြစ်သည်။
တမန်တော်အလ်ယဆအ် (အ) သည် သက်တော် (၄၀၂) နှစ်အရွယ်တွင် အရှင့်အမိန့်ကို ခံယူ၍ ကွယ်လွန်တော် မူခဲ့သည်။ ၄င်းကို “သတ်ဆ်သတ်ရ်” အမည်ရှိ ကျေးရွာ၌ မြှုပ်နှံခဲ့လေသည်။

Posted by A Muslim of Myanmar

Credit :

http://myanmarwind.blogspot.com/2011/01/prophet-ilyasa-ah.html

About puresunni

I like this site.
This entry was posted in တမန်တော်ကဏ္ဍ. Bookmark the permalink.

Leave a comment