ဟဇရသ်ဘီလာလ်သခင်

ဟဇရသ်ဘီလာလ်သခင်

စွဟာဗဟ်သာဝကကြီးရဲ့အမည်က ဘီလာလ် အခြားအမည်တစ်ခုက အဗ်ဒွရ်ရဟ် မာန်ဖြစ် တယ်။   အာဖရိကမျိုးနွယ်ပေါ့။ ဒါကြောင့်သူ့ကို” ဘီလာလ်ဟဗ်ရှီ “လို့ ခေါ်ကြ တယ်။ ကိုရိုက်ရှ်မျိုးနွယ်ထဲက ထင်ရှားတဲ့ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ “အွမ္မေယာဗင်န် လဟဗ်”ရဲ့ ကျေးကျွန်ဖြစ်တယ်။ ဘီလာလ် မွတ်စလင်မ် မဖြစ်သေးမီအချိန်အထိ အဲဒီခေါင်းဆောင်ကြီးက ဘီလာလ်ကို ကောင်းစွာထောက်ပံ့ဆက်ဆံခဲ့တယ်။ ဘီလာလ် ကလည်းမိမိရဲ့သခင်ကိုနာခံမှု၊ လုပ်ကျွေးပြုစုစောင့်ရှောက်မှုမှာဝတ္တရားမပျက်ခဲ့ဘူး။ဘီလာလ်ဟာအသားမည်းကပ္ပလီပေါ့။အရပ်မြင့်တယ်၊ကြံ့ခိုင်တဲ့ကိုယ်လုံးကိုယ်ပေါက်ရှိတယ်၊ အသံဩဇာရှိတယ်၊ တမန်တော်မြတ် (صلي الله عليه و سلم)က မက္ကာမြို့တော်မှာ အစ္စလာမ် သာသနာကိုစတင် ဟော ကြား တော့ “အစ္စလာမ်”ဆိုတာနဲ့၊ “အလ္လာဟ်”ဆိုတာ ဘီလာလ်ရဲ့ နားထဲကိုရောက်လာ တယ်။ ဘီလာလ်ဟာ အစ္စလာမ်ကို ချက်ချင်းဘဲလက်ခံလိုက်တယ်။ အဲဒီအချိန်တုံးကမက္ကာမှာ မွတ်စလင်မ်ဖြစ်တဲ့သူတွေဟာ ကိုရိုက်ရှ်ကာဖိရ်တွေရဲ့ရန်ကို ကြောက်ရွံ့ရတာကြောင့်မိမိမွတ် စလင်မ်ဖြစ်ကြောင်းကို ထင်ထင် ရှားရှား မပြောဝံ့ကြဘူး။ဘီလာလ်သခင်ကလည်း မိမိမွတ် စလင်မ် ဖြစ်တာကို ဖုံးဖုံးဖိဖိသိုသိုဝှက်ဝှက်နေတာပေါ့။တစ်ခြားမွတ်စလင်မ်တွေတိုးတိုး တိတ်တိတ်နမားဇ်ဝတ်ပြုကြသလိုဘီလာလ်သခင်ဟာလည်းနမားဇ်ဝတ်ပြုခဲ့တယ်။တစ်နေ့

တော့ဘီလာလ်သခင်နမားဇ်ဝတ်ပြု နေတာကို သူ့ရဲ့သခင်ကတွေ့သွားပါလေရော။ သူဟာ ဘယ်လိုမှသည်း မခံနိုင်၊ ခွင့်မလွှတ်နိုင်ဖြစ်ရပြီး ဒေါသအိုးပေါက်ကွဲတော့တာပဲ။
“ဟေ့-ဘီလာလ်၊ ဘာလဲ မင်းကဒိဋ္ဌိဖြစ်သွားပြီလား “လို့ အော်ဟစ်မေးမြန်းတော့တယ်။

အဲဒီအချိန်တုံးက မက္ကာမှာရှိတဲ့ကာဖိရ်တွေက မွတ်စလင်မ်တွေကို ဘာသာခြားတွေ/ သာသနာပ တွေလို့သတ်မှတ်ကြတယ်။ဘီလာလ်သခင်ဟာမုသားသုံးရမှာ အလွန်စက် ဆုပ် သူဖြစ် လို့- “ဟုတ်ပါတယ်၊ ကျွန်တော် မွတ်စလင်မ် ဖြစ်နေပါပြီ”
လို့ ပွင့်ပွင့်လင်းလင်းပဲ ဖြေလိုက်တယ်။ ဒီတော့ဘာပြောကောင်းမလဲ၊ ဘီလာလ်သခင်ကို ကြိမ်နဲ့ ရက်ရက်စက်စက်ရိုက်နှက်တော့တာပဲ။ သူ့ရဲ့အထင်ကအရိုက်အနှက် ခံလိုက်ရ ရင်ဘီလာလ်သခင် စိတ်ပြန်လည်လာလိမ့်မယ်ဆိုတဲ့အထင်နဲ့ပေါ့။ ဒါပေမဲ့သူ့ အထင်နဲ့အမြင်လွဲသွားခဲ့တယ်။    အဲဒီကြိမ်ဒဏ်ဟာဘီလာလ်သခင်ကိုဘာမှမပြောင်းလဲစေနိုင်ခဲ့ဘူး။ပိုဆိုးတာကဘီလာလ်သခင်ဟာအခုမှပဲပြောင်ပြောင်တင်းတင်းနဲ့နမားဇ်ဖတ်တော့တယ်။အွမ္မေယာကတော့လောင်မြိုက် နေပြီပေါ့။အွမ္မေယာဟာဘီလာလ်သခင်ကိုနည်းမျိုးစုံနဲ့နှိပ်စက်တော့တာပဲ။အရဗ်သဲကန္တာရမြေဟာဘယ်လောက်အပူ ချိန်ပြင်းထန်လိုက်သလဲ။ အလွန် ပူပြင်းတဲ့နေ့တွေမှာ ဆိုရင် နေ့လည် မွန်းတည့်ချိန်မှာ သဲရဲ့အပူရှိန်ကြောင့် သစ်စေ့သစ်သီးတောင်ကျက် သွားနိုင်တယ်။ အွမ္မေယာ ဟာဘီလာလ်သခင်ကိုကိုယ်လုံးတီး ချွတ်ပြီး၊အဲဒီသဲပူပေါ်မှာကြိုးတုပ်ပြီး လှဲခိုင်းထားတယ်။ ဘီလာလ်သခင်ရဲ့ကျောပြင်တစ်ခုလုံးဟာသဲပူကြောင့်လောင်ြုမိက် သွားတယ်။ ကျောပြင် မှာမီးလောင် ဖုတွေလိုထလို့ပေါ့။ဘီလာလ်သခင်ဟာနှုတ်ကတစ်စက်မှမငြီးငြူဘဲ ကြံ့ကြံ့

ခံ  နေခဲ့တယ်။အွမ္မေယာကတော့ပိုပြီး ဒေါသမီးတောက်လောင်လာတယ်။ သူဟာ ဘီလာလ် သခင်ကိုအပြင်းထန်ဆုံးဒုက္ခပေးဖို့ကို စီစဉ်တော့တာပဲ။ြ ခစ်ခြစ်တောက်ပူပြင်းပြီး အင်မတန် လေးလံလှတဲ့ကျောက်တုံးကြီးတစ်ခုကိုဘီလာလ်သခင်ရဲ့ရင်ဘတ်ပေါ်မှာထပ်ဖိထားလိုက်တယ်။ ဘီလာလ်သခင်ဟာ ဟိုဘက်ဒီဘက် လှည့်လို့မရတော့ဘူး၊ အသက်ရှူရပ်မတတ်လည်း ခံစားနေရတယ်။

အဲဒီအချိန်မှာ အွမ္မေယာက-“ဟေ့-ဘီလာလ် မင်း အစ္စလာမ်ကိုစွန့်မယ်မဟုတ်လား” လို့မေးတော့ဘီလာလ်သခင်ဟာ-” အလ္လာဟ်တစ်ပါးတည်းရှိတော်မူတယ် “လို့ပြန်ဖြေ တယ်။ အွမ္မေယာဟာဒေါသပုန်ထပြီး ကြိမ်နဲ့ဆင့်ကာဆင့် ကာရိုက်နှက်  ပြန်တော့ တယ်။
“ရိုက်တယ် ကွာ၊ ရိုက်တယ်ကွာ၊ သေအောင်ကိုရိုက်မယ် ဒါမှမင်းအစ္စလာမ် ကိုစွန့်မှာ “လို့ ပြောပြောပြီး ရိုက်တယ်။ဘီလာလ်သခင်ရဲ့ နှုတ်ဖျားကတော့-” အလ္လာဟ်တစ်ပါးတည်းရှိတော်မူတယ် ” တ။ဲ့ ဒီ ” အလ္လာဟ်တစ်ပါးတည်း ရှိတော်မူတယ် ” ဆိုတဲ့စကားလုံးဟာ ကာဖိရ်တွေရဲ့ရင်ကိုတုန်လှုပ်ခြောက်ခြားသွားစေတယ်။ အွမ္မေယာ ဟာ ဘယ်လောက် ဒေါသ မွှန်သွားသလဲဆိုရင် ကိုယ့်လက်တွေကိုကိုက်ခဲမိမတတ်အောင်ပါပဲ။ ဘီလာလ်သခင်ကို အစာမကျွေး၊ ရေမတိုက်ဘဲ အငတ်ထားခဲ့တယ်။ အသက်ထွက်လုမတတ် ပါပဲ။ ဘီလာလ် သခင်က-“ရေ၊ ရေ” လို့တောင်းတဲ့အခါအွမ္မေယာက “ဟေ့-ဘီလာလ်၊ငါ မင်းကို ထမင်းရော ၊ရေရောလော ကမှာ မင်းလိုချင်တဲ့စည်းစိမ်ရော မင်းကိုပေးမယ်ကွာ၊ မင်းကသာ အစ္စလာမ် ကိုစွန့်လိုက်” လို့ပြောတယ်။ဘီလာလ်သခင်က-” အစ္စလာမ်ဟာ ကျွန်ုပ်ရဲ့ အကြော ထဲ ကို စိမ့်ဝင်နေပါပြီ၊ သင်ကျွန်ုပ်ကို အသေသတ်လဲ အစ္စလာမ်သာ သနာကိုတော့ ကျွန်ုပ်မစွန့်လွှတ်နိုင်ပါ။” လို့ပြန်ဖြေတယ်။
တစ်နေ့မှာ အွမ္မေယာဟာ အကြံနဲ့” ဟေ့- ဘီလာလ် မင်းအစ္စလာမ်ကိုမစွန့်ချင် လည်း နေပေါ့ ကွာ၊ ဒါပေမယ့် နမားဇ်ဆိုတာကိုတော့ မဖတ် နဲ့တော့ ကွာ” လို့ပြောတယ်။ ဘီလာလ် သခင်က – ” နမားဇ်ဟာ အစ္စလာမ်ရဲ့မဏ္ဍိုင်၊ အစ္စလာမ်ရဲ့ ကျောရိုး၊ ကိုးကွယ်ရာအရှင်ကိုခဝပ်မြှုပတဲ့ နာခံတဲ့သရုပ်ပဲ။ နမားဇ်မဖတ်ရင် မွတ်စလင်မ်ဆိုတာ ရှိမနေတော့ဘူး” လို့ ပြန်ဖြေတယ်။ အွမ္မေယာ ကတော့ ဘီလာလ်သခင်ဆီက ဒီလိုတစ်စစီတစ်စစီဖြုတ်သွားရင်၊ နောက်ဆုံး အစ္စလာမ်ဆိုတာတစ်ခုလုံးပြုတ်သွားမယ်ပေါ့။အဲဒီတော့မွတ်စလင်မ်ဆိုတာလဲပျောက်ပြီပေါ့။ဒါပေမယ့်ဘီလာလ်သခင်ဟာပြည့်ဝတဲ့မွတ်စလင်မ်တစ်ယောက်ဖြစ်နေတော့ သူထင်သလိုဖြစ် မလာဘူးပေါ့။ အွမ္မေယာဟာ အငြိုးပို ထားတော့ တယ်။ဘီလာလ်သခင်ကိုပြင်းပြင်းထန်ထန် ဒုက္ခပေးညှဉ်းပမ်းနှိပ်စက်တော့တယ်။ကြာပွတ်နဲ့ရိုက်နှက်တဲ့အခါ၊ ဘယ်လောက်ရိုက် သလဲ ဆိုရင်ဘီလာလ်သခင်ရဲ့တစ်ကိုယ်လုံးရစရာမရှိအောင်စုတ်ပြဲဖူးယောင်နေတော့တယ်။

အဲဒီလိုရိုက်ပြီးမျော့မျော့လေးဖြစ်နေတဲ့အချိန်မှာအွမ္မေယာကဘီလာလ်သခင်ကို”ဟေ့ကောင်ဘီလာလ်၊မင်းအစ္စလာမ်ကိုစွန့်လိုက်ကွာ။ မင်းလိုချင်တာကိုငါပေးမယ် “လို့ပြောတယ်။ ဘီလာလ် သခင်ရဲ့နှုတ်ကတော့ တစ်ခွန်းတည်းပဲ၊ “အလ္လာဟ်တစ်ပါးတည်းရှိတော်မူတယ်”တဲ့။
အွမ္မေယာဟာညှဉ်းပမ်းရင်း၊နှိပ်စက်ရင်း၊ရိုက်ရင်းနှက်ရင်းနဲ့သူသာမောသွားတယ်။ထင်သလိုလုံးဝမဖြစ်လာခဲ့ဘူး။နောက်ဆုံးမှာအရက်စက်ဆုံးနည်းကို အွမ္မေယာသုံးတော့တယ်။ သူ့ရဲ့ ကြေး ကျွန်တွေထဲကတကယ့်လူပေလူတေတွေလက်ထဲအပ်ပြီး ဘီလာလ်သခင်ရဲ့လည်ပင်းမှာ ကြိုး ကွင်းစွပ်စေပြီြးုမိ့ထဲလမ်းတွေထဲမှာ ဒရွတ်တိုက်ဆွဲခိုင်း တော့တယ်။ လမ်းတစ်လျှောက် မှာ လည်း ကြာပွတ်နဲ့ရိုက်၊ခဲနဲ့ပေါက်နဲ့ ဘီလာလ်သခင်ရဲ့ကိုယ်မှာ သွေးသံရဲရဲ ဖုံအလူးလူး ပေါ့။အဲဒီအချိန်မှာဘီလာလ်သခင်ကိုဝိုင်းပြီးနှိပ်စက်ကြတဲ့ယုတ်မာပက်စက်လှတဲ့လူတွေက

“ဟေ့ဘီလာလ်၊အစ္စလာမ်ကိုစွန့်ပါပြီလို့ပြောလေကွာ” လို့ ဝိုင်းဝန်းပြော ဆိုကြတယ်။ ဘီလာလ်သခင်က-“ကျုပ်အသက်ပေးလိုက်မယ်၊အစ္စလာမ်ကိုဘယ်တော့မှ မစွန့်ဘူး” လို့ အဖြေပေးလိုက်တယ်။ အယုတ်တမာတွေဟာ ဒေါသထွက်ပြီး ဘီလာလ်သခင်ကိုဝိုင်း ရိုက်ကြ တယ်။ ဘီလာလ် သခင်ရဲ့နှုတ်ကတော” အလ္လာဟ်တစ်ပါးတည်းရှိတော်မူတယ်” ဆိုတဲ့ စကားလုံး ရယ်၊”အလ္လာဟ်” ဆိုတဲ့စကားလုံးဟာ သူ့အဖြေပဲ။ဘီလာလ်သခင် နမားဇ်ဝတ်ပြု တဲ့အခါ သူတို့ပိုပြီးနှောက်ယှက်ကြတယ်။ ဘယ်လိုပဲနှောက်ယှက်နှောက်ယှက် ဘီလာလ် သခင် ဟာနမားဇ်ကိုမဖြစ်ဖြစ်အောင်ကြိုးပမ်းဝတ်ပြုခဲ့တယ်။ ကာဖိရ်တွေဟာဘယ်လောက်များ အနှောက်အယှက်ပေး၊ဒုက္ခပေးသလဲဆိုရင်အတော်အတန်အသည်းမာ တဲ့ကာဖိရ်တွေတောင် ဘီလာလ်သခင်ရဲ့အဖြစ်ကိုကြည့်ပြီးသနားကြင်နာစိတ်တွေပေါ်လာခဲ့တယ်။မွတ်စလင်မ် တွေ ဟာ ဘီလာလ်သခင်အပေါ်ပြုမူနေတဲ့ အတောမသတ်တဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ လူမဆန်တဲ့ ရက်စက်မှုတွေကိုမြင်ပြီး စိတ်ထဲမှာမခံမရပ်နိုင်အောင်ဖြစ်ကြ ရတယ်။ဒါပေမယ့် ဘာတတ်နိုင် မှာလဲ၊မွတ်စလင်မ်လူနည်းစုကလေးရယ်။အောင့်အီးသည်းခံနေကြရတယ်။ဘီလာလ်သခင်
အတွက်အလ္လာဟ်အရှင်မြတ်ထံတော်မှာဒိုအာဆုမွန်တောင်းပေးရုံပဲတတ်နိုင်ကြတယ်။တစ်နေ့တော့အွမ္မေယာဟာဘီလာလ်သခင်ရဲ့ရင်ဘတ်ပေါ်မှာလေးလံတဲ့ကျောက် တုံးကြီး တစ်တုံး တင်ပြီး အသေသတ်မယ်လုပ်နေတုံး အဗူဗကရ် သခင်ကြီးတွေ့သွားပြီး သိပ်သနားသွားတယ်။
အွမ္မေယာကို-“ဟေ့-အွမ္မေယာ၊ လူတစ်ယောက်ကို ဒီလောက်အကြင်နာ ကင်းမဲ့တဲ့နည်းနဲ့ ရက် စက်လှချည်လား၊ ဘီလာလ်ဟာ သင့်လိုပဲ လူသားတစ်ယောက် မဟုတ်ဘူးလား။ ဒီလိုလူမ ဆန် တဲ့အလုပ်တွေ မလုပ်ပါနဲ့” အွမ္မေယာက မျက်နှာရှုံတွပြီး အသံကျယ်ကျယ်နဲ့” ဘီလာလ် ဟာ လူမဟုတ်ဘူးဗျ၊ ကျွန်-ကျွန်၊ ကျုပ်ရဲ့ကျွန်၊ ကျုပ်က သူ့သခင်၊သူ့ကို အရေဘဲစုတ်စုတ်၊ တစ်ကိုယ်လုံး အပိုင်းပိုင်းအတစ်တစ်လုပ်နိုင်တဲ့ အခွင့်အရေး ကျုပ်မှာရှိတယ်။ ဘီလာလ်ဟာ တကယ့်ကို ကျွန်ကောင်း တစ်ယောက်ဗျ၊သိရဲ့လား၊ ဒါပေမယ့် သူဒိဌိဖြစ်သွားပြီ၊ ဘယ်လို ပယောဂဖမ်း စားသွား  တယ်မသိဘူး၊ ဒီအကုသိုလ်ကောင်က ပေးသမျှဒုက္ခကိုပေခံတယ်။ ကျုပ်လည်း သူ့ကိုညှဉ်းဆဲနှိပ်စက်တာ အမောဘဲအဖတ်တင်တယ်။ ဘာကများ သူ့အသက်ကို
ထိန်းထားသလဲမပြောတတ်ဘူး၊ တော်တော်အသက်ပြင်းတဲ့ကောင်၊ သေကိုမသေဘူး၊ ကျုပ်ပိုပြီး မကျေမနပ်ဖြစ်နေတဲ့လူတွေကတော့ ဘီလာလ်ကိုလှည့်ဖြားပြီး လမ်းမှားရောက်အောင်၊ ဒိဌိဖြစ်အောင်ဖျက်ဆီးလိုက်တဲ့လူတွေကိုပဲ၊အခု ဒီကောင်ကျုပ် အတွက်တော့ ဘာမှအသုံးမကျတော့ဘူး။ ခင်ဗျား သိပ်သနားလှတယ်ဆိုရင် သူ့ကိုဝယ် လိုက်ပေါ့ဗျာ” အဗူဗကရ်သခင်ကဒီလိုဝယ်လိုက်ချင်တာနဲ့ အတော်ဘဲပေါ့။ ဘီလာလ်ကို သူ့သခင်ဆီ ကအသပြာပေးပြီး ဝယ်လိုက်တယ်။ အိမ်ခေါ်သွားပြီး ဘီလာလ်ရဲ့ ကိုယ်ပေါ်က ထိခိုက်ဒဏ်ရာ တွေ ကိုဆေးကုဆေးထည့်လုပ်ပေးတယ်။ ဘီလာလ်နေ လဲကောင်းသွားရော သူ့ကိုကျွန် အဖြစ်က အပြီးအပြတ်လွှတ်လိုက်တယ်။ ဘီလာလ်ဟာ လွတ်လပ်တဲ့လူ သားတစ်ယောက် ဖြစ်သွားလို့ အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာဖြစ် သွားတော့တယ်။ ဘီလာလ်သခင် ဟာတမန် တော်မြတ် (صلي الله عليه و سلم) ကိုအပေါ်ယံအချစ် မျိုးနဲ့ချစ်နေတာမဟုတ်ဘူး၊ ရင်ထဲကစွဲစွဲမြဲမြဲ ချစ်ဇောဝင်နေ တဲ့သူဖြစ်တယ်။ ဒါ့ကြောင့်တမန်တော်မြတ်ရှိရာ ကိုသွားပြီး တမန်တော်မြတ်ထံတော်ပါးမှာ ဝတ်ကြီး ဝတ်ငယ်ပြုနေတော့တယ်။ တမန်တော်မြတ်ကြီးက လည်းဘီလာလ်သခင် အပေါ်မှာ ချစ်ခင်မြတ်နိုးတော်မူရှာတယ်။တမန်တော်မြတ်(صلي الله عليه و سلم) အပေါ် အလ္လာဟ် အရှင်မြတ်ဘက်တော် ကဟစ်ဂျရတ် အမိန့်ကျ ရောက် လာတော့ တမန်တော်မြတ်နဲ့စွဟာဗဟ်သခင်တွေ တိုးတိုးတိတ် တိတ်မက္ကာဟ်မြို့ ကနေမဒီနာမြို့ ကိုဟစ်ဂျရတ်လုပ်သလိုဘီလာလ်သခင်ဟာလည်းဟစ်ဂျရတ်လုပ်ခဲ့တယ်။

ဘီလာလ်သခင်အနေနဲ့ရလိုက်တဲ့ဂုဏ်ယူစရာအကောင်းဆုံးအခွင့်ထူးကြီးကတော့အစ္စလာမ်ရဲ့ပထမဦးဆုံး “မိုအပ်ဇင်” နိဗ္ဗာန်ဆော်အဖြစ်ခံအပ်ခံရခြင်းပါဘဲ။ဟစ်ဂျရီ- ၁ ခုနှစ်ထိ မွတ်စလင်မ် တွေ အဖို့ နမားဇ်အတွက်ဘယ်လိုဖိတ်ခေါ်ရမယ်ဆိုတာသတ်မှတ်ချတ် ဘာမှမရှိသေးပါဘူး။ ရုပ်တုကိုး ကွယ်တဲ့ သူတွေက သူတို့ရှိခိုးပူဇော်တဲ့အခါ ခရုသင်းမှုတ်ကြတယ်။ ခရစ်ယာန်တွေ က ခေါင်းလောင်းထိုးကြတယ် ။ယဟူဒီကတော့တံပိုးခရာ မှုတ်ကြတယ်။ မွတ်စလင်မ်တွေမှာ နမားဇ်ကိုအချိန်သတ်မှတ်ချက်နဲ့၊ဂျမာအတ်အစုအဝေးနဲ့ဝတ်ပြုဖို့အမိန့်တော်ရောက်လာ
တော့နမားဇ်အချိန် ဘယ်လိုနည်းနဲ့ဟုစည်းကြမလဲဆို စဉ်းစားကြရတော့တယ်။ တမန်တော်မြတ် ကတော့ နမားဇ်အချိန်ရောက်ရင် ကျန်တဲ့လူတွေကို လိုက်ခေါ် ခိုင်းမယ်ပေါ့။ အိုမရ် သခင်က အကြံပေးတယ်။ နမားဇ်ချိန်ရောက်ရင် “အတ်စွလာတု ဂျမေအဟ်” လို့ဟစ်ကြွေး လိုက်ရင်မကောင်းဘူးလားလို့၊ တမန်တော်မြတ်(صلي الله عليه و سلم)က လက်ခံသဘောတူလိုက်တယ်။ ဟစ်ကြွေးမယ့်သူကိုရှာလိုက်တော့- ဘီလာလ် သခင်ဟာအသံဩဇာသိပ်ကောင်းတယ်၊သူ့အသံကို၂မိုင်၊၃မိုင်လောက်ကတောင်ကြားနိုင်တယ်။တမန်တော်မြတ်ကဘီလာလ်သခင်ကိုမိုအပ်ဇင်အဖြစ်ခန့်အပ်တော်မူလိုက်တယ်။ ရက် သိပ်မကြာခင်ပဲ၊ အိုမရ်သခင်ဟာ ညဘက်အိပ်မက်ထဲမှာ အဇာန်အကြောင်း အိပ်မက်မက် တယ်။ အိပ်ရာက လန့်နိုးပြီးတမန်တော်မြတ်ထံမှာ မိမိအိပ်မက်အကြောင်း အလုံးစုံလျှောက် ထားတယ်။ တမန်တော်မြတ်(صلي الله عليه و سلم)က အိုမရ်သခင်ရဲ့ အိပ်မက်ထဲ ကကြား ရတဲ့ အဇာန်ဆိုနည်းကိုနှစ်ခြိုက် လက်ခံတော်မူတယ်။ ဘီလာလ်သခင်ကိုခေါ်ပြီး အဲဒီအတိုင်း အဇာန် ဟစ်ကြွေးဖို့ အမိန့်ပေးတော်မူတယ်။ဒီနေ့ကမ္ဘာမှာမွတ်စလင်မ်တွေဟာ တမန်တော် မြတ်ေ ခတ် ကဟစ်ကြွေးခဲ့ တဲ့ အဲဒီ့အဇာန်ပေး နည်းအတိုင်းဟစ်ကြွေး လျက်ရှိ နေကြ တယ်။တစ်နေ့မနက်စောစောဖဂျရ်နမားဇ်ဝတ်ြုပဖို့အတွက် ဘီလာလ်သခင် ဟာ တမန် တော်မြတ်ရဲ့ အိမ်တော်ကို သွားရောက်ပြီး အိမ်အဝရောက်တော့ (အက်စွလာသ် တုခိုင်းရွမ်မီနက်နောင်(မ်))လို့ အသြုံပုလိုက်တယ်။ ဒီစကားလုံးကို တမန်တော်မြတ် အတော်ကို နှစ်ခြိုက် သွားတော်မူတယ်။အဲဒီ နောက်ပိုင်းမနက်ဖဂျရ်စွလာတ်အဇာန်ပေးရာမှာ အဲဒီစကားလုံး ကို ထည့် သွင်း ဟစ်ကြွေးဖို့ အမိန့်ပေးတော် မူတယ်။

အဇာန်ဟာ နမားဇ်ကိုဂျမာအတ်အစု အဝေးနဲ့ဝတ်ပြုဖို့မွတ်စလင်မ်တွေကိုဖိတ်ခေါ်နေ တဲ့အပြင်တစ်ချိန်တည်းမှာအလ္လာဟ်အရှင်မြတ်တစ်ဆူတည်းသာ ကိုးကွယ် ရာ ရှိကြောင်း တစ်နေ့မှာငါးကြိမ် ငါးခါ ကြွေးကြော်ကြေ ညာနေခြင်းပဲ ဖြစ်တယ်။ဟစ်ဂျရီ ၁၁ ခုနှစ်မှာ ကျွန်ုပ်တို့ရဲ့တမန်တော်မြတ်ကြီး “ဝဖွာတ်” ဖြစ်တော်မူတယ်။ ဘီလာလ်သခင်ဟာဘယ်လောက် အထိပူဆွေး သောက ယူကြုံမရဖြစ်ခဲ့ သလဲဆိုရင် အဇာန် လုံးဝ မဆိုတော့ဘူး။စွဟာဗဟ် သာဝကတော်အချို့က ဘီလာလ်သခင်ပဲ အဇာန် ဆိုပါလို့ ဝိုင်းဝန်း တိုက် တွန်းကြတယ်။ ဒါပေမယ့်ဘီလာလ်သခင် ကအဇာန်မပေးတော့ ဘူး။ တဖြည်းဖြည်းနဲ့ စွဟာဗဟ်အများ စုက မရမနေဝိုင်းပြောတဲ့အခါကျတော့ ဘီလာလ်သခင်က-“ကျွန်တော် အဇာန်မပေးပါရစေနဲ့ဗျာ၊ အဇာန်ပေးတဲ့အခါ တမန်တော်မြတ်ရဲ့မျက်နှာတော် ဟာကျွန်တော်ရှေ့မှာပေါ်ပေါ်လာလို့ပါ။ကျွန်တော်စိတ်မထိန်းနိုင်လို့ပါ။ကျွန်တော့ကိုအဇာန်ပေးဖို့အကြပ်မကိုင်ကြပါနဲ့ဗျာ”လို့ ဝမ်းပမ်းတနည်းတောင်းပန်ရှာတယ်။ဘီလာလ်သခင်ဟာ တမန်တော် မြတ်(صلي الله عليه و سلم) ကိုသတိရဝမ်းနည်း ပူဆွေးမှုကိုပြေပျောက်
စေဖို့အတွက်၊ စစ်တပ်မှာပါဝင်ပြီး ဂျေဟဒ်ဆင်နွှဲဖို့ ဆီးရီးယားနိုင်ငံဘက် ထွက်ခဲ့တော့တယ်။ ခလီဖာသမ္မတကြီး အုမရ်သခင် (رضي الله تعالي عنه) လက်ထက်ရောက်တော့ ဆီးရီးယားတစ်ပြည်လုံးနီးနီးမွတ်စလင်မ်တွေဖြစ်နေပြီလေ။အုမရ်သခင်ဟာပါလက်စတိုင်းနဲ့ဂျေရုစလင်မြို့ကိုအသာတကြည်ပဲသိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီအချိန်မှာ ဘီလာလ်သခင်ဟာ အုမရ် သခင်နဲ့ လာတွေ့ရှာတယ်။ သမ္မတကြီးအုမရ်သခင်ဟာ ဘီလာလ်သခင်ကို အရေးတယူပြုစု ဆက်ဆံခဲ့တယ်။တနေ့မှာ နမားဇ်အချိန်ရောက်တော့ မုဂျာဟိဒ်စစ်သည်တော်တွေက သမ္မတ အုမရ်ကိုဝိုင်းဝန်းလျှောက်ထားကြတယ်။ ဘီလာလ်သခင်ကို အဇာန်ပေးခိုင်းပါလို့။ အုမရ်သခင် ကဘီလာလ်သခင်ကိုအဇာန်ပေးပါလို့ပြောတော့- ဘီလာလ်သခင်က”ကျွန်တော်ဟာ တမန် တော်မြတ်(صلي الله عليه و سلم) ဝဖွာတ်ဖြစ်ပြီးကတည်းကအဇာန်မပေး တော့ ဘူးလို့စိတ်ပိုင်းဖြတ်ထားပါတယ်။ဒါပေမဲ့သမ္မတကြီးရဲ့အမိန့်ကိုတော့ကျွန်တော်ဘယ်လို ပယ်ရှား လို့ရပါ့မလဲ။ သမ္မတကြီးဟာ တမန်တော်မြတ်ကဂျန္နတ် ဝင်တွေအဖြစ်သတင်းကောင်း ပေးခြင်းခံရသူတွေအထဲမှာ အပါအဝင်ဖြစ် တယ် မဟုတ်လား။ဒါပေမယ့်ကျွန်တော်တစ်ခုတော့ တောင်းပန်ပါရစေသမ္မတကြီး၊နောက်နောင်ကိုအဇာန်ပေးဖို့ကျွန်တော့ကိုဘယ်တော့မှ အတင်း အကြပ်မခိုင်းပါနဲ့လို့ တောင်းပန်ပါတယ်။ ကျွန်တော့ရင်ထဲမှာ မကောင်းလွန်း လို့ပါ။မထိန်း နိုင်လွန်းလို့ပါ”လို့ပြန်လည်လျှောက်ထားရှာတယ်။ဘီလာလ်သခင် ဟာ အဇာန်စတင် ဟစ် ကြွေးတော့တယ်။( —– الله أكبر‎ ——- الله أكبر‎ )(အလ္လာဟ်အရှင်မြတ်သည် အကြီး ကျယ် အမြင့်မြတ်ဆုံးဖြစ်တော်မူ၏)
အဇာန်သံကြားရတဲ့ စွဟာဗဟ်သာဝကတော် တွေရဲ့မျက်စေ့ထဲမှာ တမန်တော်မြတ်ကြီး ရဲ့ခေတ် တမန်တော်မြတ်ရှိစဉ်က အခြေအနေမျိုး တရိပ်ရိပ် ပြန်ပေါ်လာတယ်။ တမန်တော်မြတ်ကြီး(صلي الله عليه و سلم) ကို လွမ်းဆွတ် တမ်းတသတိရကြတော့တယ်။ လူတိုင်းရဲ့မျက်နှာမှာ မျက်ရည်တွေတတွေတွေစီးကျလို့ပေါ့။ စွဟာဗဟ်သာဝကကြီးအိုင် ဗိုင်ဒ်နဲ့ ဟဇရသ်မုအားဇ်တို့ဆိုရင်ငိုရင်းငိုရင်းကိုယ့်ကိုယ် ကိုထိန်းမနိုင်သိမ်းမရဖြစ် ခဲ့ကြရ တော့တယ်။ အုမရ်သခင်ဆိုတာလဲ ရှိုက်ကြီးတငင် ငိုယိုမိတော့တာပဲ။အဇာန်ပေးနေတဲ့ ဘီလာလ် သခင်ရဲ့ပါးပြင်မှာဆိုလည်း မျက်ရည်တွေ တတွေတွေစီးကျလို့နေတယ်။ ဘယ် လောက် များ ဝမ်းနည်းပူဆွေးစရာ ကောင်းလိုက်သလဲဆိုရင် စွဟာဗဟ် သာဝက တော်တိုင်းဟာ အဇာန်သံကြားပြီး ရင်ကွဲလုမတတ် ခံစားကြရတယ်။ တမန်တော်မြတ် ကြီး(صلي الله عليه و سلم) ဝဖွာတ်ဖြစ်တော်မူတဲ့အတွက် ဝမ်းနည်းပူဆွေး ရမှုဟာသာဝကကြီး ဘီလာလ်သခင်ရဲ့ သက်တမ်းတစ်ခုလုံးကိုဖိစီးနေတော့တယ်။ တမန်တော်မြတ်ကြီးအပေါ် ဘယ်လောက် အချစ်ကြီးတဲ့သာဝကကြီးပါလိမ့်။သာဝကတော်ကြီး ဘီလာလ်သခင်ဟာ ဟစ်ဂျရီ ၂၀ ခုနှစ်၊ သမ္မတကြီးအိုမရ်သခင်(رضي الله تعالي عنه)လက်ထက်တော်မှာ ပဲအလ္လာဟ်အရှင်မြတ်
အမိန့်တော်ခံယူတော်မူခဲ့လေသည်။
အဗ္ဗဒွလ်အဇီးဇ်စိုးဝင်း(မော်လာနာစွာဒစ်ဟူစိန်၏ “အစ္စလာမ့်သူရဲကောင်းများ” စာအုပ်မှ ဘာသာပြန်ဆိုပါသည်။)

 

Advertisements

About puresunni

I like this site.
This entry was posted in Untags. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s