၃၀။အလ္လာဟ်က ကာဖရ်တို့၏ နှလုံးသားကို တံဆိပ်ခတ်ထားသည်။

၃၀။အလ္လာဟ်က ကာဖရ်တို့၏ နှလုံးသားကို တံဆိပ်ခတ်ထားသည်။

အမေး။     ။အလ္လာဟ်က ကာဖရ်တွေ (မွတ်စလင်မဟုတ်တဲ့သူတွေ)ရဲ့နှလုံးသားကို တံဆိပ်လတ်နှိပ်ထားတယ်ဆိုရင်အစ္စလာမ်ကို လက်မခံရကောင်းလားဆိုပြီး သူတို့ကို ဘာကြောင့် အပြစ်ဆိုနေကြရတာလဲ။

အဖြေ။     ။(၁) အလ္လာဟ်သည် သစ္စာတရားကို အစဉ်တစိုက် ငြင်းပယ်နေသူတို့ရဲ့ နှလုံးသားကို တံဆိပ်ခတ်နှိပ်ထားတော်မူသည်။
အလ္လာဟ်ရှင်က စူရာဟ် ဘကရာဟ် ကဏ္ဍ (၂) ပါဒ (၆) နဲ့ (၇)တို့မှာ ဖော်ပြထားတာကတော့ ဒီလိုပါ။
                       “ယုံကြည်ချက်ကို ငြင်းပယ်သူတို့အဖို့ရာမူ အသင်က အသင်တို့တတွေကို သတိပေးနှိုးဆော်သည် ပဲဖြစ်ဖြစ် သို့မဟုတ် သတိပေးနှိုးဆော်မူ မပြုသည်ပဲဖြစ်ဖြစ် သူတို့ကား ယုံကြည်ကြမှာ မဟုတ်ပြီ။အလ္လာဟ်က သူတို့၏ နှလုံးသားများပေါ်တွင် တံဆိပ်ခတ်နှိပ်ထားချေ၏။သောတအာရုံနှင့်စက္ခုတို့မှာ တင်းတိမ်ရှိနေချေ၏။”(အလ် ကုရ်အာန်-2:6-7)

ဒီအာယသ်တွေက ယုံကြည်ချက်ကို ငြင်းပယ်ခဲ့တဲ့ ယေဘုယျ ကာဖရ်တွေကို ရည်ညွန်းထားတာမဟုတ်ပါဘူး။သုံးနှုန်းထားတဲ့ အရဗီဝေါဟာရက “အလ္လဇီးနာ ကဖရူး” သစ္စာတရားကို ငြင်းပယ်လိုမှုအားသန်ကြတဲ့သူတွေတဲ့။ဒီလိုမျိုးသူတွေကို အသင်တို့က သတိပေးနှိုးဆော်သည်ပဲဖြစ်ဖြစ် ဒါမှမဟုတ်နှိုးဆော်သတိပေးမှု မပြုသည်ပဲဖြစ်ဖြစ် သူတို့က ဘယ်လိုမှ ယုံကြည်လာကြမှာ မဟုတ်ပါဘူး။ အလ္လာဟ်ကသူတို့ရဲ့ နှလုံးသား တွေကို တံဆိပ်ခတ်ထားတယ်။သူတို့ရဲ့ အကြားအာရုံနဲ့ အမြင်အာရုံတို့မှာလဲ အကာ အရံတွေရှိနေပါတယ်။ဒါဟာ အလ္လာဟ်က သူတို့ရဲ့ နှလုံးသားကို တံဆိပ်ခတ်နှိပ် ထားတာ ကြောင့် မဟုတ်ပါဘူး။ကာဖရ်တို့ကနားလည်သဘောပေါက်ကြမှ မဟုတ်သလို ယုံကြည် လဲ  ယုံကြည်ကြမှာ မဟုတ်ပါဘူး။ဒါကြောင့် သူတို့ဘာသာ သူတို့ပဲနှလုံးသားကို တံဆိပ် ခတ်နှိပ်လိုက်ကြတာဖြစ်ပါတယ်။သူတို့စိတ်ကိုက သစ္စာတရားကို ငြင်းပယ်လိုမှုဘက် စိတ်သန်နေလွန်းတာကြောင့် အသင်တို့က သူတို့ကို အသိတရားပြပြ မပြပြ သူတို့က တော့ ယုံကြည်ကြမှာ မဟုတ်ပါဘူး။ဒါကိုအလ္လာဟ်က သူတို့ရဲ့ နှလုံးသားသန်လွန်းကြတဲ့ ဒီကာဖရ်တွေရဲ့ အပေါ်မှာပဲ တာဝန်ရှိနေပါတယ်။

(၂)ဒီကျောင်းသားတော့ စာမေးပွဲကျမှာပဲလို့ ဆရာကကြိုတင် ဟောကိန်းထုတ်တဲ့ စံနမူ။

ဆိုပါစို့။ဝါရင့်ကျောင်းဆရာတစ်ဦးက နောက်ဆုံးစာမေးပွဲကြီးမစစ်ခင်အလျင် ကျောင်းသားတစ်ဦးကို ဒီကျောင်းသားက ဆိုးလဲ သိပ်ဆိုးပြီး အတန်းထဲမှာလဲ စာကို အာရုံစိုက်မူကလဲ မရှိ။အိမ်စာကိုလဲ တစ်ခါမှ မလုပ်ခဲ့လို့ “ဒီကောင်တော့ စာမေးပွဲ ကျမှာပဲ” လို့ဟောကိန်းထုတ်ခဲ့တယ်ဆိုပါစို့။စာမေးပွဲဖြေပြီးလို့ အောင်စရင်း
ထွက်တော့ ဒီကျောင်းသားက စာမေးပွဲရှုံးနေတယ်ဆိုရင် ဒီကျောင်းသား စာမေးပွဲကျတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးကျောင်းသားကိုပဲ အပြစ်တင်ရမှာလား။ဒါမှမဟုတ် ဆရာကိုပဲ အပြစ်တင်ရမှာလား။ဆရာက ကြိုတင်ဟောကိန်းထုတ်ခဲ့လို့ဆိုပြီး ဆရာကို သွားပြီး အပြစ်တင်ကြရမယ်လို့ မဆိုလိုပါဘူး။စာမေးပွဲကျရတဲ့အတွက် ကာယကံရှင်ဖြစ်တဲ့
ကျောင်းသားကိုပဲ အပြစ်တင်ကြရမှာ ဖြစ်ပါတယ်။

အလားတူပဲ အလ္လာဟ်ရှင်ကလဲ တချို့သောသူတွေဟာ အမှန်တရားကို အမြဲတစေ ငြင်းပယ်လိုစိတ်ထက်သန်ကြတာကို ကြိုပြီးသိမြင်တော်မူထားတာကြောင့်ပဲ သူတို့ရဲ့ နှလုံးသားတွေကို တံဆိပ်ခတ်နှိပ်ထားတယ်လို့ မိန့်ဆိုထားခဲ့တာသာဖြစ်ပါတယ်။ ဒါကြောင့် အမှန်တရားကို ငြင်းပယ်မှုအတွက် ဒီမွတ်စလင်မဟုတ်တဲ့သူတွေ အပေါ်မှာပဲ  တာဝန်ရှိနေပါတယ်။အလ္လာဟ့်အပေါ်မှာတော့ ဘာတာဝန်မှ မရှိပါဘူး ခင်ဗျား။

ဒေါက်တာ ဇကိးရ်နိုက်ခ်ရဲ့ စာအုပ်ကို (ဝါးခယ်မ မောင်မင်းနိုင်) ဘာသာပြန်သော (စောဒက နှင့် အဖြေ ၂)
မေးခွန်း နံပါတ် ၃၀

Advertisements

About puresunni

I like this site.
This entry was posted in Untags. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s