အလ္လာဟ်သာလျှင် မိခင်ရဲ့ သားအိမ်အတွင်းက ကလေးရဲ့ လိင် ကို သိတာ ဖြစ်ပါသလား?

အမေး။    ။ကုရ်အာန်ထဲမှာ မိခင်ရဲ့ သားအိမ်တွင်းက ကလေးရဲ့ လိင်ကို အလ္လာဟ်ရှင် တစ်ပါးတည်း ကသာလျှင် သိနိုင်စွမ်းတယ်လို့ဆိုထားပါတယ်။အခုအခါ သိပံ္ပပညာက တိုးတက် လာ တာကြောင့် သားအိမ်ထဲကကလေးကယောကျာ်းလေးလား၊ မိန်းကလေး လား ဆို တာ ကို အလ်ထရာဆောင်း (Ultrasonography) အရ ခွဲခြားသိလာနိုင် ပါပြီ။ဒါဆို ကုရ်အာန်ရဲ့ ဒီ အာယသ်က ဆေးသိပံ္ပပညာနဲ့ဆန့်ကျင်ရာရောက် မနေဘူးလား?

အဖြေ။    ။အလ္လာဟ်က အနန္တတန်ခိုးတော်ရှင်နှင့် အနန္တဥာဏ်တော်ရှင်ပဲဖြစ်ပါတယ်။ အလ္လာဟ် က လူသားကို အသိပညာအချို့ကို ချီးမြှင့်ပေးထားတော်မူပါတယ်။ အလ္လာဟ် ကသာ မျက်မြင် ထင်ရှားရှိရာကိုရော အကွယ်ကအရာကိုရော သိစွမ်းတော်မူပါတယ်။

(၁) အလ္လာဟ်က အရာခပ်သိမ်းကို သိစွမ်းတော်မူ လူအများကပဲ ကုရ်အာန် ထဲမှာ ဆိုထား တဲ့အတိုင်း မိခင်ရဲ့ သားအိမ်တွင်းက ကလေးက ယောကျာ်းလား၊မိန်းမလားဆိုကို အလ္လာဟ်ရှင် တစ်ပါး တည်းကသာလျှင် သိနိုင်တော်မူတယ်ဆိုပြီး ယုံကြည်ထား ပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန်မှာက အခုလိုဆိုထားပါတယ်။

    “အမှန်ပင် အချိန်တော်ကြီးနှင့် ဆိုင်ရာအသိကို အလ္လာဟ်(သာလျှင်) သိစွမ်းတော်မူ၏။ မိုးကိုရွာစေသည်ကလည်း အရှင်ပင်။အရှင်သည်သားအိမ်အတွင်းမှာ ဘာရှိနေသည်ကို လည်း သိစွမ်တော်မူ၏။”(အလ် ကုရ်အာန်-31:34)

အောက်ပါအာယသ်တော်မှာလည်း အလားတူ သတင်းသဝဏ်ကိုပဲ ပေးထားပါသေးတယ်။

“အလ္လာဟ်သည် မိန်းမသား တစ်ဦး၏(သားအိမ်မှာ) လွယ်ထားရာကိုရော သားအိမ်က(ယင်း၏ ကာလ အပိုင်းအခြား ထဲမှာ အလျော့နှင့်အတိုးတို့ကို လည်းကောင်း) သိတော်မူ၏။အရာတစ်ခုချင်းသည်ပင် အရှင်၏ အမြင်ဝယ် အချိုးတကျရှိနေချေ၏။”
(အလ် ကုရ်အာန်-13:8)
(2) လိင်ကို အလ်ထရာဆောင်းရိုက်ကြည့်ခြင်း (Ultrasonography) အရ သိနိုင်သည်။
ယနေ့ဆိုလျှင် သိပ္ပံပညာက တိုးတက်ထွန်းကားလာတာနဲ့ အမျှကိုယ်ဝန် ဆောင် မိခင်ရဲ့ သားအိမ်ထဲက ကလေးမှာ ယောက်ျားလေးလား၊မိန်းကလေးလား ဆိုတာ ကို အလ်ထရာဆောင်း ရိုက်ကြည့်လိုက်ရင် ကြိုပြီးသိနိုင်ပါပြီ။

(၃) ကုရ်အာန်ရဲ့ ပါဒတော်ထဲမှာ လိင်ဆိုတဲ့စကားလုံးမှ ကျမ်းမြတ်ကုရ်အာန် ရဲ့ဒီအာ ယသ်ကို အနက်ဋီကာဖွင့်ဆိုခဲ့ကြတဲ့ ဘာသာပြန်ခဲ့ကြတဲ့ပုဂ္ဂိုလ်အများအပြားကပဲ သူတို့ဘက်ကနေ အလ္လာဟ် တစ်ပါး တည်းကသာလျှင် မိခင်ရဲ့ သားအိမ်ထဲက ကလေးရဲ့ လိင်မျိုးအစားကို သိနိုင်တယ် ဆိုပြီး ဘာသာပြန်ဆိုခဲ့ကြပါတယ်။
ဒီအာယသ်ရဲ့ အရဗီစာသားကို ဖတ်ကြည့်ရင် မြန်မာဘာသာပြန် “လိင်” ဆိုတာနဲ့ ပတ်သက်လို့ တူညီတဲ့ အရဗီဝေါဟာရ လုံးဝ မပါတာကို သိရှိရပါမယ်။အမှန်မှာ ကုရ်အာန်က ပြောထားတာက သားအိမ်ထဲမှာ ဘာဆိုတာနဲ့ ပတ်သက်တဲ့အသိကို အလ္လာဟ်ကသာလျှင် သိစွမ်းတော်မူတယ်လို့ ဆိုထားတာသာ ဖြစ်ပါတယ်။များစွာသော ဋီကာရှင်တွေက ဒါကို လွဲလွဲမှားမှား သားအိမ်ထဲက ကလေးရဲ့ လိင်အမျိုးအ
စားကို အလ္လာဟ်အရှင်သာလျှင် သိနိုင်တယ်ဆိုပြီး ဘာသာပြန်ဆိုချက်က လုံးဝအမှားပါပဲ။

(၄) အလ္လာဟ်ကလွဲပြီး ဘယ်သူကမှ ကလေးရဲ့ သဘာဝကို အဆုံးအဖြတ် မပြုနိုင်။
ဒီအာယသ်က သားအိမ်ထဲမှ ကလေးရဲ့ လိင်အမျိုးအစားကိုရည်ညွန်းတာမဟုတ်ပါ ဘူး။မိခင်ရဲ့ သားအိမ် ထဲမှာ ကလေးက ဘယ်ပုံဖြစ်ပျက်နေမှာ၊ကလေးရဲ့ ဗီဇသဘာဝက ဘယ်ပုံရှိမှာ ဒီကလေးက မိဘကို ကောင်းကျိုးပေးမှာလား၊ဒါမှမဟုတ်ဆိုးကျိုးပဲပေး မှာလား၊ဒီကလေးဟာ လူ့အဖွဲ့စည်း တွက် ကောင်းကျိုးပြုပေးမဲ့ကလေးလား၊ ဒါမှမဟုတ်ရင်လဲ အန္တရာယ် ဆိုးကျိုးဆိုက်စေမဲ့ ကလေးလား၊ သူဟာလူကောင်း လား၊လူဆိုးလား၊သူက သုခဘုံမှာ စံရာမှာလား၊ဒါမှမဟုတ် ငရဲဆိုက်မဲ့ သူလား စသည်တို့ကို ညွန်းလိုတဲ့သဘောပါပဲ။လူ့ရဲ့ ကိရိယာတွေက ဘယ်လောက် ထိပဲတိုးတက်နေ ပါစေ။ကမ္ဘာမှာရှိတဲ့ ဘယ်သိပ္ပံပညာရှင်ကမှ မိခင်ရဲ့ သားအိမ်အတွင်းမှာ ရှိနေတဲ့ ကလေးနဲ့ ပတ်သက်ပြီး ဒီလို အချင်းအရာတွေကို ဘယ်လိုမှ တိတိကျကျ ဆုံးဖြတ်ပေးသွားနိုင်မှာ မဟုတ်ပါဘူးခင်ဗျား။

ဒေါက်တာ ဇကိးရ်နိုက်ခ်ရဲ့ စာအုပ်ကို (ဝါးခယ်မ မောင်မင်းနိုင်) ဘာသာပြန်သော(စောဒက နှင့် အဖြေ ၂)
မေးခွန်း နံပါတ် (၂၇)

Advertisements

About puresunni

I like this site.
This entry was posted in အထူးကဏ္ဍ, ဆောင်းပါး. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s