Aqida Ahle Sunnaut Waljamaat အာကီဒါအဟ်လေ့စွန္နတ်ဝလ်ဂျမာအတ်ဆိုင်ရာယုံကြည်ချက်များ


Aqida Ahle Sunnaut Waljamaat
အာကီဒါအဟ်လေ့စွန္နတ်ဝလ်ဂျမာအတ်ဆိုင်ရာယုံကြည်ချက်များ
အမှာစာ
         ကျွန်ုပ်တို့သည် မွတ်ဆလင်မိဘ များထံမှ မွေးဖွားသူများဖြစ်ရုံနှင့် မွတ်ဆလင် အမည်ထားရုံနှင့် မွတ်ဆလင်မဖြစ်နိုင်ပါ။ စစ်မှန်သော
မွတ်ဆလင် တစ်ယောက်ဖြစ်နိုင်ရေးအတွက်ကွရ်အန်နှင့်ဟာဒီးစ် လမ်းစဉ် အမိန့်၊ညွှန်ကြားချက်အတိုင်းဖြစ်ရမည်။ အချို့သော သူတို့သည် တမန်တော် မိုဟာမ္မဒ် စွလ္လာလ္လာဟု အလိုက်ဟိစ္စလာမ် နောက်ပိုင်း၊အခြားတစ်ဦးဦး ကိုရစူလ် နဗီအဖြစ် အသိအမှတ်ပြုခြင်း၊အချို့သောသူ
တို့ သည်အလ္လာဟ်အရှင်၏ အမိန့်ညွှန်ကြားချက် ဖရဇ် ကိုငြင်းပယ်ခြင်း၊အချို့သောသူတို့သည် ကွရ်အန်၊ ဟာဒီးစ်နှင့်ပတ်သက်၍ဝေဖန်
ခြင်းများ ပြုလုပ်သူများလေ့ရှိသည်။ထိုကဲ့သို့သော သူများသည်စစ်မှန်သောမွတ်ဆလင် လုံ့ဝ မဖြစ်နိုင်ကြောင်း သိရှိစေရန်တင်ပြပါသည်။
မွတ်ဆလင်တိုင်းသည်အစ္စလာမ်လမ်းစဉ်တွင်ဖေါ်ပြပါရှိသောယုံကြည်ချက်များ၊လမ်းညွှန်ချက်  များကို ခိုင်ခိုင်မာမာ ယုံကြည်စွာ
လက်ခံ ရမည် ဖြစ်သည်။အကယ်၍ အာကီ ဒါဟ် အီမာန်ယုံကြည်မှု မမှန်ပါက ထိုသူသည် စစ်မှန်သော မွတ်ဆလင်မဟုတ်ဘဲထာဝရ
ဆုံးရှုံး  သော ကာဖိရ် မိစ္ဆာ အယူမှားသို့ရောက်ရှိပြီး ဂျာဟန္နာမ်ငရဲတွင် ထာဝရ ပြစ်ဒဏ်ကိုကျခံရမည်ဖြစ်သည်။
သို့ဖြစ်ရာ မှန်ကန်သောအယူဝါဒကို သိရှိရန်အလို့ငှာ  အိန္ဒိယ ပညာရှင်များဖြစ်သော ဟဇရတ်မော်လနာ အာရှဲက်အိလာဟိ ဘူလန်ဒဲရေးသားသော ” အိစ္စလာမီအာကာအိဒ် “ကျမ်း ၊ အိန္ဒိယ်နိုင်ငံ မွဖ်တီချုပ်ဟဇရတ်မော်လာနာ ကိဖါယတွလ္လာ ရေးသားသော ” အိုစူလေ အိစ္စလာမ် “ကျမ်း နှင့်  အခြားကျမ်းများကိုကိုးကား၍ အနှစ်ချုပ်ရေးသားဖေါ်ပြပါသည်။မွတ်ဆလင်ညီနောင်များ မှန်ကန်
သော လမ်းစဉ်ပေါ် တွင် ရပ်တည်နိုင်ရန်   အပိုင်း ခွဲ၍ ကဏ္ဍ အလိုက်ရှင်းလင်းကာ ရေးသားတင်ပြခြင်းဖြစ်ပါသည်။လမ်းမှန်သို့်
လျှောက်နိုင်ရန်စွမ်းအားပေးသနားတော်မူပါစေ။အာမိန်
မယုံကြည် ငြင်းပယ်ပါကမွရ်တဒ်ကာဖိရ် ဖြစ်သွားမည်။မွတ်ဆလင်တို့သည်ကာဖိရ် များနှင့်လက်ထပ်ပေါင်းသင်း နေထိုင်ခွင့်
မသင့်ကြောင်း၊ မွတ်ဆလင်တိုင်းသည်အထက်ပါယုံကြည်ချက်များကိုတသဝေမတိမ်းယုံကြည်လက်ခံရမည်ဟု ကွရ်အန်ကျမ်းစာတွင်
မိန့်ကြားထားပါသည်။
သို့ဖြစ်ပါ၍ မွတ်ဆလင်တိုင်းသိရှိလိုက်နာရန်အလွန်အရေးကြီးကြောင်း တင်ပြပါသည်။အားလုံး လိုက်နာ နိုင်ပါစေ။အာမိန်
           

အပိုင်း( ၁ )

အာကီဒါအဟ်လေ့စွန္နတ်ဝလ်ဂျမာအတ်ဆိုင်ရာယုံကြည်ချက်များ

  Aqida-(၁)    အလ္လာအရှင်မြတ်ဆိုင်ရာယုံကြည်ချက်
Aqida-(၂)    ရစူလ်နဗီတမန်တော် များဆိုင်ရာယုံကြည်ချက်
Aqida-(၃)    မလာအိကာဖိရိရှ်တာများဆိုင်ရာယုံကြည်ချက်

Aqida-(၄)    ဂျင်နှင့်ရှိုင်တာန်ဆိုင်ရာယုံကြည်ချက်
Aqida-(၅)    ဝလီသူတော်စင်များဆိုင်ရာယုံကြည်ချက်
Aqida-(၆)    ကျမ်းတော်မျာဆိုင်ရာယုံကြည်ချက်
Aqida-(၇)    စွာဟာဗီများဆိုင်ရာယုံကြည်ချက်
Aqida-(၈)    တမန်တော်မိုဟာမ္မဒ်၏ကြင်ယာတော်သား/သမီဆိုင်ရာယုံကြည်ချက်
Aqida-(၉)    အပြစ်ဂိုနားဟ်များဆိုင်ရာယုံကြည်ချက်
Aqida-(၁၀)  အလ္လာရဟာမတ်(မျော်လင့်ချက်ကင်းမဲ့ခြင်းဆိုင်ရာယုံကြည်ချက်
Aqida-(၁၁)  ဗေဒင်၊လက္ခဏာဆိုင်ရာယုံကြည်ချက်
Aqida-(၁၂)  အိလ်မလ်ဂိုဗ် အကွယ်အသိပညာဆိုင်ရာယုံကြည်ချက်
Aqida-(၁၃)  လုတဦးအားကာဖိရ်၊လာအအ်ပြောဆိုခြင်းဆိုင်ရာယုံကြည်ချက်
Aqida-(၁၄)  ကဘရ်၊သင်္ချိုင်းဆိုင်ရာယုံကြည်ချက်
Aqida-(၁၅)  လူတဦးသေခါနီး ဂျန္နတ်၊ဂျဟန္နမ်ပြသည့်ဆိုင်ရာယုံကြည်ချက်
Aqida-(၁၆)  သေဆုံးသူအပေါ်အီစွာလီစွဗ်ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းဆိုင်ရာယုံကြည်ချက်
Aqida-(၁၇)  ကေယာမတ်ကမ္ဘာပျက်မည့်ဆိုင်ရာယုံကြည်ချက်
Aqida-(၁၈)  ကေယာမတ်ကမ္ဘာပျက်မည့်လက္ခဏာဆိုင်ယုံကြည်ချက်
Aqida-(၁၉)  ဟရှရ်နေ့တမန်တော် မိုဟာမ္မဒ်ကယ်တင်မှုဆိုင်ရာယုံကြည်ချက်
Aqida-(၂၀)  ဂျန္နတ်၊ဂျဟန္နမ် ဆိုင်ရာယုံကြည်ချက်ယုံကြည်ချက်
Aqida-(၂၁)  ရှရိက် တုဖက်ကိုးကွယ်ခြင်းဆိုင်ရာယုံကြည်ချက်
Aqida-(၂၂)  ဂျဟန္နမ်ငရဲထဲ၌တောဝ်ဘာလက်မခံခြင်းဆိုင်ရာယုံကြည်ချက်
Aqida-(၂၃)   ဂျန္နတီသုခဘုံသား၊ဂျဟန္နမ်  ငရဲသားဆိုင်ရာယုံကြည်ချက်
Aqida-(၂၄)  ဂျန္နတီသုခဘုံသား၊ဂျဟန္နမ်  ငရဲသားဆိုင်ရာယုံကြည်ချက်
Aqida-(၂၅)   အလ္လာအရှင်မြတ်ကို ဖူးမြင်ခြင်းဆိုင်ရာယုံကြည်ချက်
Aqida-(၂၆)   ကောင်းသောသူနှင့်မကောင်းသောသူများ အပေါ်ထားရှိခြင်းဆိုင်ရာယုံကြည်ချက်
Aqida-(၂၇)   တောင်ဝ်ဗာ ဝန်ချတောင်းပန်ခြင်းဆိုင်ရာယုံကြည်ချက်
Aqida-(၂၈)   ရှဖါအတ်ကြားဝင်အသနားခံခြင်းဆိုင်ရာယုံကြည်ချက်
အပိုင်း(  ၂  )
အပိုင်း (၂ )    အလ္လာဟ်အရှင်မြတ်ဆိုင်ရာယုံကြည်ချက်များ
၁။…..အလ္လဟ်အရှင်မြတ်သည်တစ်ဆူတည်းဖြစ်သည်ဟု သံသယကင်းရှင်းစွာ ယုံကြည်ခြင်း။

၂။…..ထိုအရှင်မြတ်၌ မည်သူ့ကိုမျှ မှီခိုအားထားခြင်းမရှိဟု ယုံကြည်ခြင်း။
၃။…..ထိုအရှင်မြတ်တွင် သားသမီး၊မိဘ၊ လုံ့ဝ မရှိ ဟု ယုင်္ကြည်ခြင်း။
၎။….ထို အရှင်မြတ်သည် တန်ခိုးအရှိဆုံး အမြဲထာဝရ တည်ရှိတော်မူသောအရှင်
ဖြစ်သည်ဟု ယုံကြည်ခြင်း။
၅။…..ထိုအရှင်မြတ်သည်အနိုင်းမဲ့ဖြစ်၍ အလွန်ထူးခြားသော အရှင်မြတ်သည်ဟုယုံကြည်ခြင်း။

၆။…..ထိုအရှင်မြတ်သည် အရာရာကို စွမ်းဆောင်နိုင်တော်မူ သည်ဟု ယုံကြည်ခြင်း။
၇။…..ထိုအရှင်မြတ်သည် မသိသောအရာဟူ၍ မရှိ၊ အကြွင်းမဲ့    သိတော်မူသည်ဟုယုံကြည်ခြင်း။
၈။…..ထိုအရှင်မြတ်ပြောဆိုတော်မူသည်။ သို့သော် လူသားကဲ့သို့လုံ့ဝ မဟုတ်ဟု ယုံကြည်ခြင်း။
၉။…..ထိုအရှင်မြတ်သည်   မိမိအလိုအတိုင်းပြုလုပ်စီမံတော်မူသည်။မည်သူမျှတားဆီး၍ မရနိုင်ဟုယုံကြည်ခြင်း (Supper Power)။
၁၀။…..ထိုအရှင်မြတ်သည် အပြစ်ကင်းစင်၍ တန်ခိုးအရှိဆုံး၊အစွမ်းထက်ဆုံးဖြစ်သည်ဟု   ယုံကြည်ခြင်း။
၁၁။….သက်ရှိသက်မဲ့ စင်္ကြာ အားလုံးကိုထိုအလ္လာအရှင်မြတ်၏တန်ခိုးတော်နှင့်ဖန်ဆင်းသည်ကို ယုံလက်ခံခြင်း။
၁၂။….သက်ရှိသတ္တဝါ တို့၏ သေခြင်း၊ရှင်ခြင်း ဟယာတ် သက်တမ်းကို ထိုအရှင်မြတ်သတ်မှတ်
စီမံသည့်အတိုင်းဖြစ်သည်ဟု ယုံကြည်ခြင်း။
၁၃။….သက်ရှိသက်မဲ့ စင်္ကြာ အားလုံးကိုအလ္လာအရှင်မြတ်၏တန်ခိုးတော် နှင့်ဖန်ဆင်းသည်
ကိုယုံလက်ခံခြင်း။
၁၄။….ထိုအရှင်မြတ်၏ ဂုဏ်တော် ( ၉၉ )ပါး ကို သံသယကင်းရှင်းစွာလက်ခံယုံကြည်ခြင်း။
၁၅။….သက်ရှိသက်သတ္တဝါတို့၏ ရိုဇီရိက္ခာအားလုံး ကိုထိုအရှင်မြတ် ချီးမြင့်သည်ဟု ယုံကြည်ခြင်း။
၁၆။….လူတို့၏ ဂုဏ်သိက္ခာ ကျဆင်းခြင်း၊မြင့်မားခြင်း အားလုံး အလ္လာအရှင်မြတ်၏
အစီအမံအတိုင်းဖြစ်သည်ဟုယုံကြည်ခြင်း။
၁၇။….လူသားတို့သည်မိမိတို့၏ အပြစ်ဂိုနားဟ် အတွက်ဝန်ချတောင်းပန်( တောဝ်ဘာ )
ပြုလုပ်လျှင်လက်ခံသည်ကိုယုံကြည်ခြင်း။
၁၈။….လူသားတို့တောင်းဆိုသော ဒူအာ ကိုထိုအရှင်မြတ်က လက်ခံသည်ဟုယုံကြည်ခြင်း။
၁၉။….အလ္လာအမြတ် ဖန်ဆင်းသမျှအားလုံး အမှားအယွင်း လုံ့ဝမရှိအပြစ်ကင်းစင်ဟု       ယုံကြည်လက်ခံခြင်း။
၂၀။….ဖြစ်ပေါ်သမျှ အရာရာ အားလုံးသည် ထိုအရှင်မြတ်၏ အမိန့် အတိုင်းသာဖြစ်သည်ဟု ယုံကြည်လက်ခံခြင်း။
၂၁။….ထိုအရှင်မြတ်၏ အမိန့်မရှိဘဲ မြူမှုန်ပင် မရွေ့လျားနိုင်ဟု ယုံကြည်လက်ခံခြင်း။
၂၂။….ထိုအရှင်မြတ်၏ ရဟာမတ်(သနားကြင်နာမှု) အပေါ်ယုံကြည်ခြင်း(Hopeless)မဖြစ်ခြင်း။
၂၃။….ထိုအရှင်မြတ်ဖန်ဆင်းသမျှ အရာအားလုံးကို ထိုအရှင်း၏ အာဏာစက်၊အစောင့်
အရှောက်အောက်တွင်ရှိသည်ဟုယုံကြည်ခြင်း။
၂၄။….အလ္လာအရှင်မြတ်သည် အနိုင်းမဲ့ဖြစ်၍ အဖန်ဆင်းခံကဲ့သိုအင်္ဂါရပ်များ( ကိုယ်၊လက်…စသည်)တို့မှ လုံ့ဝကင်းရှင်းသည်ဟုယုံကြည်ခြင်း။
၂၅။….သက်ရှိ၊သက်မဲ့ အားလုံး၏ ကံကြမ္မာ ကိုအလ္လာအရှင်မြတ်ကက ကြိုတင်စီမံထားသည်ဟု
တက္ကဒိရ်ကံစီချက်ကို ယုံကြည်ခြင်း။
၂၆။….ကောင်းမှုသုစရိုက်၊မကောင်းမမှုဒုစရိုက်များကို အလ္လာအရှင်မြတ်ဖန်ဆင်းထားသည်။သို့သော်
လူသားတို့အားချီးမြင့်ထားသောအသိဉာဏ်ဖြင့် မိမိအလိုအတိုင်း ရွေးချယ် ပြုလုပ်သည်ဟု
ယုံကြည်ခြင်း။
၂၇။….ဟေဒါယတ်လမ်းမှန်တရားကို ထိုအရှင်မြတ်က ချီးမြင့်မှရရှိသည်ဟု ယုံကြည်ခြင်း။
၂၈။….လူသားတို့စွမ်းဆောင်နိုင်သော အမိန့် ကိုသာ ချမှတ်တော်မူ၍၊မစွမ်းဆောင်နိုင်
အမိန့်များကိုချမှတ်ခြင်းမရှိဟု ယုံကြည်ခြင်း။
၂၉။….ထိုအရှင်မြတ်သည် တန်ခိုးအရှိဆုံးဖြစ်၍ အားလုံးသူအပေါ်စိုးမိုးတော်သော
အရှင်ဖြစ်သည်။ထိုအရှင်မြတ်အပေါ်လိုက်နာရန်မည်သည့်တာဝန် ဝတ္တရားမရှိဟု ယုံကြည်ခြင်း။
၃၀။….ထိုအရှင်မြတ်သည် အိပ်စက်ခြင်း၊မေ့လျော်ခြင်း၊မုသပြောခြင်း …လုံ့ဝမရှိဟု ယုံကြည်ခြင်း။
၃၁။….အလ္လာအရှင်မြတ်၏ဂုဏ်တော်တွင်( ကလာမုန်၊ဘစီရုန်၊စမီအုန်) ပြောဆိုသည်၊မြင်သည်၊
ကြားသည်ဟုဆိုသော်လည်းထိုလုပ်ရပ်များသည် လူသားကဲ့သို မဟုတ်ဟုယုံကြည်ခြင်း။
၃၂။….ထိုအရှင်မြတ်တွင် မသိ၊မမြင်သောအရာဟူ၍မရှိ၊ လူ့စိတ်နှလုံးသားအတွင်းရှိ လျှို့ဝှက်ချက်များ              ကိုလည်းသိရှိသည်ဟု ယုံကြည်ခြင်း။
၃၃။….လူသားတို့ချမ်းသာခြင်း၊ဆင်းရဲခြင်း၊အိုခြင်း၊နာခြင်း၊ရှင်ခြင်း၊သေခြင်း၊ကျမ်းမာခြင်း၊ရှံးခြင်း
မြတ်ခြင်း၊လူ့အဆင့်အတန်း အနိမ့်၊အမြင့်၊အလတ် စသည်တို့အားလုံးသည်ထိုအရှင်မြတ်၏
အလိုအတိုင်းဖြစ်သည်ဟု ယုံကြည်ခြင်း။
၃၄။….ထိုအရှင်မြတ်အား လူသားတို့သည် လောကီမျက်စိအာရုံ ဖြင့်မြင်နိုင်စွမ်းမရှိဟု ယုံကြည်ခြင်း ။
၃၅။….ထိုအရှင်မြတ်သည်လူသားတို့၏လိုအင်ဆန္ဒကိုဖြည့်စွမ်းနိုင်းသောတန်ခိုးအရှိဆုံးဖြစ်၍                        ထိုအရှင်မြတ်မှတပါး အခြားကိုးကွယ်ထိုက်သူမရှိဟု ယုံကြည်ခြင်း။

အပိုင်း(၃)

ရစူလ်၊နဗီ တမန်တော်များဆိုင်ရာယုံကြည်ချက်များ

         အလ္လာအရှင်မြတ်သည် ကမ္ဘာလူသားတို့အား ဟေဒါယတ် တရားလမ်းမှန်ညွှန်ကြားရန်မြောက်
များစွာသော ရစူလ်တမန်တော်များ၊နဗီတမန်တော်များစေလွှတ်ခဲ့ပါသည်။ပထမဆုံး ပွင့်ခဲ့သောတမန်
တော်မှာ အာဒမ်(အလိုက်ဟိစ္စလာမ်)ဖြစ် ၍နောက်ဆုံးပွင့်သော တမန်တော်ချုပ်မှာ မိုဟာမ္မဒ်(စွလ္လာလ္လာ
ဟုအလိုက်ဟစ္စလာမ်) ဖြစ်ပါသည်။ ကျန်ရှိသော နဗီအပေါင်း အပေါင်းတို့မှာ ဖေါ်ပြပါ တမန်တော် ( ၂ ) ပါးကြားတွင် ပွင့်တော်မူ ခဲ့သောတမန်တော် များဖြစ်ပါသည်။ ၎င်းတို့အနက် ထင်ပေါ်ကျော်ကြားသော တမန်တော် အချို့၏အမည်နာမ တော်များမှာအောက်ပါအတိုင်းဖြစ်
ပါသည်။
၁။…..တမန်တော်–နူးဟ် -(အလိုက်ဟိစ္စလာမ်)
၂။…..တမန်တော်–အီဗြာဟီးမ်-(အလိုက်ဟိစ္စလာမ်)

၃။…..တမန်တော်–အိစ္စဟာက်-(အလိုက်ဟိစ္စလာမ်)
၎။…..တမန်တော်–အိစ္စမာအီိးလ်-(အလိုက်ဟိစ္စလာမ်)
၅။…..တမန်တော်–ယာကူးဗ်-(အလိုက်ဟိစ္စလာမ်)
၆။…..တမန်တော်–ယူစွတ်ဖ်-(အလိုက်ဟိစ္စလာမ်)
၇။…..တမန်တော်–ဒါဝူးဒ်-(အလိုက်ဟိစ္စလာမ)်
၈။…..တမန်တော်–ဆိုလိုင်မန်-(အလိုက်ဟိစ္စလာမ်)
၉။…..တမန်တော်–အိုင်ယူးဗ်-(အလိုက်ဟိစ္စလာမ်)
၁၀။…..တမန်တော်–မူဆာ-(အလိုက်ဟိစ္စလာမ်)
၁၁။…..တမန်တော်–ဟာရူန်း-(အလိုက်ဟိစ္စလာမ်)
၁၂။…..တမန်တော်–ဇက္ကရီးယာ-(အလိုက်ဟိစ္စလာမ်)
၁၃။…..တမန်တော်–ယဟ်ယာ-(အလိုက်ဟိစ္စလာမ်)
၁၄။…..တမန်တော်–အီဆာ-(အလိုက်ဟိစ္စလာမ်)
၁၅။…..တမန်တော်–အီလီယာစ်-(အလိုက်ဟိစ္စလာမ်)
၁၆။…..တမန်တော်–ယစအ်-(အလိုက်ဟိစ္စလာမ်)
၁၇။…..တမန်တော်–ယူနွစ်-(အလိုက်ဟိစ္စလာမ်)
၁၈။…..တမန်တော်–လူးတ်-(အလိုက်ဟိစ္စလာမ်)
၁၉။…..တမန်တော်–အိဒရီိးစ်-(အလိုက်ဟိစ္စလာမ်)
၂၀။…..တမန်တော်–ဆွလေဟ်-(အလိုက်ဟိစ္စလာမ်)
၂၁။…..တမန်တော်–ဟူးဒ်-(အလိုက်ဟိစ္စလာမ်)
၂၂။…..တမန်တော်–ရှုးအိုက်ဗ်-(အလိုက်ဟိစ္စလာမ်)
(က)။…နဗီတမန်တော်ပေါင်း၏ အရေအတွက်အလ္လာအရှင်မြတ်မှတပါးမည်သူမျှမသိနိုင်။ထိုပွင့်လေသမျှသောနဗီ အားလုံးကိုသိသည်ဖြစ်စေ၊မသိသည်ဖြစ်စေ ထိုတမန်တော် အားလုံးအားယုံကြည်လက်ခံခြင်း။
(ခ)။…တမန်တော် မိုဟမ္မဒ်သည် နောက်ဆုံး တမန်တော် ဖြစ်တော်မူ ၍၎င်းနောက်ပိုင်းနောက်ထပ် နဗီအသစ်ပွင့်ရန်မရှိ ဟူယုံကြည်ခြင်း။
(ဂ)…ပွင့်လေသမျှသော တမန်တော်များထံသို့ ဂျိဘရာအီးလ် (အလိုက်ဟိစ္စလာမ် ) က အလ္လာအရှင်မြတ် ထံမှ ဗျာဒိတ်တော် (ဝဟီ) ယူဆောင် လာခဲ့သည်ကိုယုံကြည်ခြင်း။
(ဃ)…ရစူလ်၊နဗီ တမန်တော်မုအ်ဂျေဇအ် တန်ခိုးများအလ္လာအရှင်မြတ်က ပေးအပ်ထားသည်ကိုယုံကြည်ခြင်း
(င)…နဗီ၊ရစူလ် တမန်တော်အားလုံးသည် တပြေးညီမဟုတ်ဘဲ အဆင့်အတန်းအနိမ်းအမြင့်ရှိသည်ကိုသည်ကိုယုံကြည်ခြင်း။
(စ)…နဗီတမန်တော်အားလုံးတွင် တမန်တော် မိုဟမ္မဒ် သခင်(စွလ္လာလ္လာဟု အလိုက်ဟိစ္စလာမ်)
သည် အဆင့်အတန်းအမြင့်ဆုံး ဟယုံကြည်ခြင်း။
(ဆ)ရစူလ်၊နဗီ တမန်တော် များသည် လူသားပကတိ အလ္လာဟ့် ဘန်ဒါဟ် များဖြစ်၍
အမိန့်နာခံသူ၊အပြစ် ဒုစရိုက် အမှားအယွင်းကင်းစင်သူ ဟုယုံကြည်ခြင်း။
(ဇ)…နဗီ၊ရစူလ် တမန်တော်များသည် အလ္လာအရှင်မြတ်၏အနှစ်သက်ဆုံး၊အကြည်တော်များ
ဖြစ်သည်ဟု ယုံကြည်ခြင်း။
(ဈ)…အာလီမွလ်ဂိုဗ် (အကွယ်ရှိ အသိပညာ) အလ္လာ အရှင်မြတ်မှလွှဲ၍ မည်သူမျှမသိနိုင်။သို့သော်
တမန်တော် မိုဟမ္မဒ် (စွလ္လာလ္လာဟုအလိုက်ဟိစ္စလာမ်) များစွာသော အကြောင်းအရာနှင့်ပတ်သက်၍ အလ္လာအရှင်မြတ်က အသိပေးထားသည်ဟုယုံကြည်ခြင်း။
(ည)…အလ္လာအရှင်မြတ်ထံမှ နဗ၊ီရစူ တမန်တော်များထံသို့ ကျမ်းများချ ပေးခဲ့သည်။၎င်းတို့
ထင်ရှားသော ကျမ်းကြီးမျာမှာ-
(၁)…တမန်တော်–မူဆာ-(အလိုက်ဟိစ္စလာမ်) ထံ တောဝ်ရတ်ကျမ်း
(၂)…တန်တော်–ဒါဝူးဒ်-(အလိုက်ဟိစ္စလာမ်) ထံဇဘူရ်ကျမ်း
(၃)…တမန်တော်–အီစာ-(အလိုက်ဟိစ္စလာမ်) ထံ အင်ဂျင်လ်ကျမ်း
(၄)…တမန်တော်–မိုဟမ္မဒ်–(စွလ္လာလ္လာဟုအလိုက်ဟိစ္စလာ်) ထံ ကွရ်အန်ကျမ်း
သို့သော် လူသားတို့သည် ကွရ်အန်ကျမ်းမှလွှဲ၍ အခြားကျမ်းများကို အပြောင်း၊အလဲ ပြုလုပ်ခဲ့ကြသည်။
ဉပမာ။    ။အင်ဂျင်လ်ကျမ်းသည်တမန်တော်–အီစာ-(အလိုက်ဟိစ္စလာမ်) ထံ ချခဲ့သောကျမ်းကို(Bible)
ဟုအမည်ပြောင်း၍၎င်းတို့အလိုကျ ဓမ္မာဟောင်း၊ဓမ္မာသစ် အဖြစ်သို့ပြင်ဆင်ပြောင်းလဲခြင်းဖြစ်သည်။
(ဋ)…နဗီတမန်တော် မိုဟာမ္မဒ် သခင်(စွလ္လာလ္လဟုအလိုက်ဟိစ္စလာမ်) သာမက အခြားနဗီတမန်
တော်အားလုံးပင် ကဘရ် ရောဝ်သွဟ်ပါက်(ဂူဗိမာန်တော်) အတွင်း အသက်ရှင်လျှက်ရှိကြောင်း
ယုံကြည်ရပေသည်။ တမန်တော် မိုဟာမ္မဒ်သခင်(စွလ္လာလ္လာဟု အလိုက်ဟိစ္စလာမ်)ဝဖါတ်(ကွယ်လွန်)ပြီး နောက်တွင်လည်း မိမိရောဝ်သွာဟ်ပါက်(ဂူဗိမာန်တော်)အတွင်း အမြဲ ထာဝရရှင်သန်လျှက်ရှိသည်
ဆိုသောအချက်မှာ တကမ္ဘာလုံးရှိစစ်မှန်သော အီမာန်ရှင် မွတ်ဆလင်တိုင်းက တညီတညွတ်တည်း
ယုံ့ကြည် လက်ခံထားသည်။ဤအချက်ကို ကျွန်တော်တို့ မွတ်ဆလင်တိုင်းကလည်း ယုံကြည်လက်ခံ
ရမည်ဖြစ်သည်။အောက်ပါကျမ်းစာအုပ်များကို Reference အဖြစ် တင်ပြပါသည်။
(Ref:၁။… Shakul Hadees Mohades Dehlawi သခင်၏ မဒါရေဂျွန် နဗူဝပ်ကျမ်း)
၂။…ဖွတ္တဟွလ်ဘာရီကျမ်း(ဘူခါရီအကျယ်ပြန်)အတွဲ(၇)၊စာမျက်နှာ (၂၂) အီဂျစ်ရိုက်

         ၃။…ဘူခါရီအကျယ်ပြန် အွမ္မဒတွလ်ကာရီ အတွဲ(၇)၊စာမျက်နှာ(၆၀၀)နှင့်အခြားကျမ်းများ
မှတ်ချက်။    ၁။…တမန်တော်မြတ်များထာဝရရှင်နေခြင်း အခန်းကဏ္ဍကို သီးခြားခေါင်းစဉ်တင်ပြသွားပါမည်။
၂။…မိမိအသိပညာဖြင့် ညာဏ်မီသည်ဖြစ်စေ၊မမီသည်ဖြစ် စောဒကမတက်ဘဲယုံကြည်လက်ခံရန် ဖြစ်သည်။

Aqida-အပိုင်း(၄) 
မလာအိကာဖိရိရှ်တာတမန်များဆိုင်ရာ ယုံကြည်ချက်အခန်းကဏ္ဍ

မလာအိကာဖိရရှ်တာ တမန်များသည် နုရ်ရောင်ခြည်ဖြင့်ဖန်ဆင်းအပ်သော အလွန်နူးညံ့သိမ်မွေ့သော သတ္တဝါတမျိုးဖြစ်သည်။၎င်း တို့၏ခန္ဓာကိုယ်များမှာ ထုထည်ရှိသော ခန္ဓာကိုယ် မဟုတ်သော ကြောင်းကျွန်ပ်တို့မမြင်နိုင်ပေ။

(က)…မလာအိကာဖိရိရှ်တာများသည် ယောင်္ကျားလည်း မဟုတ်၊မိန်းမလည်း မဟုတ်ဟုယုံကြည်ခြင်း။
(ခ)…၎င်းတို့တွင်သားသမီး လည်းမွေးဖွားခြင်းမရှိခြင်း၊ဇနီးမယား လည်းမရှိဟုယုံကြည်ခြင်း။
(ဂ)… လူသားတွင်ရှိသော ကာမ၊တဏှာ ရာဂ ကိလေသ တို့မှ လုံ့ဝကင်းရှင်းသည်ဟု ယုံကြည်ခြင်း။
(ဃ)…လူးသားတို့ကဲ့သို့ အပြစ် ဒုစရိုက် ကျူးလွန်မှု မရှိခြင်း။
(င)…အလ္လာအရှင်မြတ် အမိန့်ကို တသဝေ မတိမ်း နာခံလိုက်နာသူများဖြစ်သည်ဟုယုံကြည်ခြင်း။
(စ)…အလ္လာအရှင်မြတ်သည် ကမ္ဘာလောက၏ များစွာသော တာဝန်များ၊စီမံခန့်ခွဲမှုများကိုကောင်းကင်မလာအိကာ တမန်များအားလွှဲအပ်သည်ဟု ယုံကြည်ခြင်း။
(ဆ)…ကောင်းကင်တမန်များ၏ အရေအတွက်ကို အလ္လာအရှင်မြတ်မှတပါးမည်သူမျှမသိဟုယုံကြည်ခြင်း။
(ဇ)…မလာအိကာတမန်များအနက် (၄ )ပါးသော မလာအိကာသည် မြင့်မြတ်၊ထင်ရှားပါသည်။၎င်းတို့မှာ—
၁။—ဂျိဗ်ရာအိလ် အလိုက်ဟိစ္စလာမ်သည် နဗီ တမန်တော်များထံသို့ အလ္လာအရှင်မြတ်၏ အမိန့်တော် များကို ပို့ဆောင်ခြင်း တာဝန်ကို ထမ်းဆောင်ခဲ့၏။
၂။—အိဇ်ရာအီလ် အလိုက်ဟိစ္စလာမ် သည် သတ္တဝါများကို အသက်ဇီဝိန်ကို နုတ်ယူသောတာဝန်ကိုထမ်း
ဆောင် ၏
၃။—မီကာအိလ် အလိုက်ဟိစ္စလာမ် သည် မိုးရွာခြင်း၊သတ္တဝါအပေါင်း၏ စားနပ်ရိက္ခာပို့ဆောင်ခြင်းတာဝန်များ ကိုထမ်းဆောင်၏။
၎။—အိစ္စရာဖိလ် အလိုက်ဟိစ္စလာမ် သည်ကိယာမတ်ကမ္ဘာပျက်မည့်နေ့ တွင်ခရာပလွေ မှုတ်သော တာဝန်ကို ထမ်းဆောင်၏။
ပထမတစ်ကြိမ် ခရာမှုတ်ပြီး ကမ္ဘာ တခုလုံးပျက်စီးသွားမည်ဖြစ်သည်။ ဒုတိယ အကြိမ်ခရာမှုတ်သော သောအခါ
အစစ်အဆေးခံရန်ပြန်လည် ရှင်ပြန်ထရမည်ဖြစ်သည်။
(ဈ)။…အလ္လာအရှင်မြတ်သည် အဖန်ဆင်းခံ (မခလုက်) အချို့ကိုနုရ်ရောင်ခြည်တော်ဖြင့်၎င်း၊အချို့မီး
ဖြင့်၎င်း၊အချို့ကို ပထဝီမြေကြီးဖြင့်၎င်းဖန်ဆင်းသည်ကို ယုံကြည်ခြင်း။
(ည)။…ဖရိရှ်တာ(တမန်များ)ကို နူးရ်ရောင်ခြည်တော်ဖြင့် ဖန်ဆင်း၏။၎င်းတို့ကို ကျွန်တော်မျက်စိဖြင့်မမြင်နိုင်ခြင်း။
(ဋ)။…ထိုဖိရိရှ်တာ များသည်အလ္လာ အမိန့်ကို အမြဲနာခံလေ့ရှိသည်။ဆန့်ကျင်၍ မည်သည့်အလုပ်ကိုမျှ
ပြုလုပ်ခြင်းမရှိဟုယုံကြည်ခြင်း။
(ဌ)။…ဖိရိရှ်တာများစွာ အနက်ဟဇရတ်ဂျီဘရာအီလ်(အလိုက်ဟိစ္စလာမ်) သည်အလွန်ကျော်ကြား သော
ကောင်းကင်တမန်ကြီးဖြစ်ပါသည်။
(ဍ)…ထိုတမန်ကြီသည် ပွင့်လာမျှ တမန်တော်များထံ ဝဟီ(ဗျာဒိတ်) ယူတောင်ခဲ့သည်ကို ယုံကြည်ခြင်း။
( ဎ)…အလ္လာအရှင်မြတ်သည် ကွရ်အန်ကျမ်းတော်မြတ် ကို၎င်းမှတဆင့် တမန်တော်မိုဟာမ္မဒ် ထံပို့ချသည်ကို ယုံကြည်ခြင်း။
(ဏ)။…ဟဇရတ်ဂျီဘရာအီလ်(အလိုက်ဟိစ္စလာမ်) ကို ကျမ်းမြတ်ကွရ်အန်တွင် (ရုဟွလ်အာမိန်)ဟု ကင်းပွန်းတပ် ခေါ်ဝေးထားသည်ကိုတွေ့ရပါသည်။
 Islami Aqida  အပိုင်း ( ၅ )
ဂျင်၊ဝလီသူတော်စင်၊စွဟာဘီ —– ဆိုင်ရာယုံကြည်ချက်များ

Aqida-(၄)ဂျင်(နတ်၊ဗြဟ္မာ)များဆိုင်ရာယုံကြည်ချက်
(က)—-အလ္လာအရှင်မြတ်သည် ဂျင်(နတ်၊ဗြဟ္မာ၊နာနာဘဝ၊တစ္ဆေ၊သရဲ၊မကောင်းဆိုးဝါးကောင် ….
…စသည်မျာ) ၎င်း ဂျင်များကိုမီးဖြင့်ဖန်ဆင်တော်မူသည်။
(ခ)—-၎င်းတို့ကို ကျွန်ပ်တို့မျက်စိဖြင့်မမြင်နိုင်ပေ။၎င်း ဂျင်တွင်လည်း မုအ်မင်၊မွတ်ဆလင် ဂျင်များနှင့်
ကာဖိရ်ဂျင် အကောင်း၊အဆိုး နှစ်မျိုးရှိလေသည်။
(ဂ)—-လူသားတို့ကဲ့သို့ အိမ်ထောင်ပြုခြင်း၊သားသမီးထွန်ကား သည်။၎င်းတို့တွင် အထင်ရှားဆုံး၊
အဆိုးသွမ်းဆုံးမှာ (ရှိုင်တာန်အီဗလိစ်) ဖြစ်သည်။

Aqida-(၅)ဝလီသူတော်စင်များဆိုင်ရာယုံကြည်ချက်

(က)—အစ္စလာမ်ဘာသာတရားတော်ကို ကိုင်းရှိင်းပြီး အပြစ်ဂိုနားဟ်များကိုရှောင်ကြဉ်၏။
(ခ)—လောကီရေးများအား စိတ်မဝင်စားဘဲ အလ္လာအရှင်မြတ်နှင့်ရစူလ်နဗီ ၏အမိန့်ညွှန်ကြားချက်များကို အမြဲလေးစာလိုက်နာကျင့်သုံး၏။
(ဂ)—ဤသို့သောသူကို ဝလီသူတော်စင်ဟု ခေါ်သည်။
(ဃ)—တစ်ခါတစ်ရံ ထိုပုဂ္ဂိုလ်များသည် သာမန်လူသားတို့မစွမ်းဆောင်နိုင် ကေရာမတ်(တန်ခိုး) အဖြစ်ဆန်းများ ပေါ်ပေါက်တတ်သည်။
(င)—၎င်းကို ကေရာမတ်ဟုခေါ် ယုံကြည်ရ၏။
(စ)—ဝလီသူတော်စင်များသည်မည်မျှပင် အဆင့်အတန်းကြီးမားစေကာမူ နဗီ အဆင့်သို့မရောက်နိုင်ပေ။
(ဆ)—ဝလီသူတော်များသည်မည်မျှပင် အဆင့်အတန်းမြင့်မားစေကာမူ သတိဝိရိယနှင့်ရှိနေသမျှရှရီအတ်
တရားတော်ကို လိုက်နာကျင့်သုံးရသည်။
(ဇ)—ဖရဇ်တာဝန်များကိုလိုက်နာကျင့်သုံးရမည်။နမာဇ်၊ရိုဇဟ်နှင့်အခြားမည်သည့် ဖရဇ်မျှကင်းလွှတ်ခွင့်
မရှိ။မည်သည့်ဂိုနားဟ်လည်း ၎င်းတို့က လုပ်ပိုင်ခွင့်မရှိချေ။
(ဈ)—၀လီသူတော်စင်များသည်အဆင့်အတန်းမည်မျှပင်မြင့်မားစေကာမူ မည်သည်စွဟာဘာ၏
အဆင့်အတန်းကိုမကျော်လွှားနိုင်သည်ကိုယုံကြည်ရာ၏။
(ည)—ရှရီအတ်တရာတော်ကို ဆန့်ကျင် လျှောက်လှမ်းသောသူသည် ဝလီသူတော်စင်မဖြစ်နိုင်ချေ။
(ဋ)—ထိုသူတော်စင်တို့သည် ဆန်းသစ်သော အံ့ဖွယ်ရာများပေါ်ပေါက်ခဲ့သော်လည်း ထိုလုပ်ရပ်သည် မျက်လှည့်၊မှော်၊အောက်လမ်းပညာတစ်ခုခုဖြစ်၍ ထိုသူ့အပေါ်ယုံကြည်ခြင်း၊တပည့်ခံယူခြင်းသည်
မှားယွင်းသော လုပ်ရပ်ဖြစ်သည်။

Aqida-(၆)ဗစ်ဒ်အတ်သာသနလုပ်ရပ်အသစ်အဆန်းတီထွင်ခြင်

(က)—-အလ္လာဟ်အရှင်မြတ်နှင့်တမန်တော်မြတ်၏ သည်သာသနာရေးကိစ္စများနှင့် ပါတ်သက်၍ ကျမ်းမြတ်ကွရ်အန်နှင့် ဟာဒီစ်တော်များတွင်ရှင်းလင်းတင်ပြထားပြီးဖြစ်ပါသည်။
(ခ)—-ထိုကျမ်းတော်များတွင်မရှိသော အလုပ်များကို အသစ်တီထွင်၍ ကျင့်သုံးခွင့်မပိုင်ပေ။
(ဂ)—-ဤအသစ် တီထွင်ခြင်းကို ဗစ်ဒ်အတ်ဟုခေါ်လေသည်။
(ဃ)—-ဗစ်ဒ်အတ်ကျင့်စဉ်သည် အလွန်ကြီးမားသောအပြစ်(ဂိုနားဟ်ကဘီရာ)ဖြစ်သည်ဟုယုံကြည်ရာ၏။
(င)—-အလ္လာဟ်အရှင်မြတ်နှင့်တမန်တော်မြတ်၏ အမိန့် ညွှန်ကြားချက်များကို တိကျစွာ ယုံကြည်ရမည်။
(စ)—-ထိုအမိန်ညွှန်ကြားချက်များ အပေါ် သံသယဝင်ခြင်း၊ဝေဖန်ခြင်း၊အပြစ်ရှာခြင်းနှင့် နှောက်ပြောင်ခြင်းပြုလျှင်အီမာန်ပျက်သည် -ဟုယုံကြည်ရမည်။

Aqida-(၇)၊စွာဟာဗီများဆိုင်ရာယုံကြည်ချက်

(က)—-စွဟာဘီဆိုရာတွင်တမန်တော်မြတ်အားအီမာန်ဖြင့်တွေ့မြင်၍ အီမာန်နှင့်တကွကွယ်လွန်သွားသောသူကို စွာဟာဘီ(သာဝက)ခေါ်ကြသည်။
(ခ)—-ထိုပုဂ္ဂိုလ်တို့၏ အဆင့်အတန်းသည်  အလွန်မြင့်မားသည်။
(ဂ)—-၎င်းတို့ကို ချစ်ခင်လေးစားကြည်ညိုခြင်းနှင့်ကောင်းမြတ်သော ထင်မြင်မှုများထားရှိရန်
အရေးကြီးသည်။၎င်းစွာဟာဘာများအနက် (၄) ပါးသော စွဟာဘီသည်အကျော်ကြားဆုံးနှင့်
အဆင့်အတန်းအမြင့်ဆုံးဖြစ်သည်။၎င်းတို့မှာ–
(၁)—-ဟဇရတ်အဘူဘက္ကရ်စိဒ္ဒိက် သခင်ရဇီယလ္လာဟုအန္နူဟူသည် ပထမဆုံးခလီဖါ(ပထမဆုံး သမ္မတ)ဖြစ်ပြီးအွမ္မတ်များအားလုံးတွင်အမွန်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။
(၂)—-ဟဇရတ် အူမွရ်သခင်ရဇီယလ္လာဟုအန္နူဟူသည် ဒုတိယမြောက် ခလီဖါ(ဒုတိယမြောက် သမ္မတ)ဖြစ်ပြီးအွမ္မတ်များအားလုံးတွင်ဒုတိယအမွန်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။
(၄)—-ဟဇရတ် အအွစ်မားန် သခင်ရဇီယလ္လာဟုအန္နူဟူသည် တတိယမြောက် ခလီဖါ(တတိယမြောက် သမ္မတ)ဖြစ်ပြီးအွမ္မတ်များအားလုံးတွင်တတိယ အမွန်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။
(၂)—-ဟဇရတ်အာလီ သခင်ရဇီယလ္လာဟုအန္နူဟူသည် စတုတ္ထမြောက် ခလီဖါ(စတုတ္ထ သမ္မတ)ဖြစ်ပြီးအွမ္မတ်များအားလုံးတွင်စတုတ္ထ အမွန်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သည်ဟုယုံကြည်ရာ၏။

Aqida-ယုံကြည်ချက်(၈)တမန်တော်မိုဟာမ္မဒ်(စွ)၏ကြင်ယာတော်သား/သမီးဆိုင်ရာယုံကြည်ချက်များ

(က)—-ကျွနုပ်တို့မြတ်နဗီတမန်မိုဟာမ္မဒ် သခင်စွလ္လာလ္လာဟုအလိုက်ဟိစ္စလာမ်      ၏ဇနီးကြင်ယာတော်များနှင့်သား၊သမီးတို့အားအစဉ်အလေးစားကြည်ညိုကြရမည့်ပုဂ္ဂိုလ်များဖြစ်သည်။
(ခ)—-ဇနီးကြင်ယာတော်များတွင် ခတီဂျာသခင်မနှင့်အာအေရှာ သခင်မသည်အဆင့်အမြင့်ဆုံးဖြစ်သည်။
(ဂ)—-သားသမီးများတွင် ဖါတေမ သခင်မသည် အဆင့်အမြင့်ဆုံးဖြစ်သည် ဟု ယုံကြည်ရာ၏။
Aqida-(၉)အပြစ်ဂိုနားဟ်များဆိုင်ရာယုံကြည်ချက်များ
(က)—-အပြစ်ဂိုနားဟ် တခုခု ကိုလုပ်ပိုင်သည်ဟုယူဆလျှင် အီမာန်ပျက်၏။
(ခ)—-အပြစ်ဂိုနားမည်မျှပင်သေးငယ်စေကာမူ မကောင်းမှုဟုယူဆနေသမျှ အီမားန်မပျက်ပေ။
(ဂ)—-သို့သော်အပြစ်မှုဂိုနားကျူးလွန်ခြင်းဖြင့် အီမာန်ကို ညှိုးနွမ်း၍ အားနည်းစေသည်။

  Aqida ယုံကြည်ချက်(၁၀) အလ္လာရဟာမတ်(မျော်လင့်ချက်ကင်းမဲ့ခြင်း) ဆိုင်ရာယုံကြည်ချက်များ

(က)—-အလ္လာအရှင်မြတ်အားကြောက်ရွံ့မှု ကင်းမဲ့ခြင်းနှင့်
(ခ)—-အလ္လာဟ်အရှင်မြတ် ထံမှ ရဟာမတ် မျော်လင့်ချက် ကင်းမဲ့ခြင်း( Hopeless from Allah’s kindness ) သည် ကွဖ်ဖရ်(သွေဖီငြင်းပယ်ခြင်း) ဖြစ်သည်။
Aqida-(၁၁)ဗေဒင်၊လက္ခဏာဆိုင်ရာယုံကြည်ချက်များ
(က)—-ဗေဒင်ဆရာ၊လက္ခဏာဆရာ၊နက္ခတ်ဗေဒ ပညာရှင်များထံ ဗေဒင်မေးခြင်း၊ဗေဒင်ဟောသည်
ကိုယုံကြည် ခြင်း။
(ခ)—-အကွယ်မှစကားကိုမေးမြန်းခြင်း၊အနာဂါတ်အကြောင်းအရာကိုမေးမြန်းစုံစမ်းခြင်းသည် ကွဖ်ဖရ်
သွေဖီခြင်း လုပ်ရပ်ဖြစ်၍ အီမာန်ပျက်၏။
Aqida-(၁၂)အိလ်မလ်ဂိုဗ် အကွယ်အသိပညာဆိုင်ရာယုံကြည်ချက်များ
(က)—-အိလ်မလ်ဂိုက် အကွယ်မှာရှိသော အကြောင်းအရာများကို အလ္လာအရှင်မြတ်မှ တပါးအခြားမည်သူ
တစ်တစ်ယောက်မျှမသိနိုင်ပေ။
(ခ)သို့သော် တမန်တော်မြတ်မိုဟာမ္မဒ် သခင်စွလ္လာဟုအလိုက်ဟိစ္စလာမ် အားများစွာသောအကြောင်း
အရာများကို အသိပေးထားတော်မူသည်။
Aqida-(၁၃)လူတစ် ဦးအားကာဖိရ်၊လာအအ်ပြောဆိုခြင်းဆိုင်ရာယုံကြည်ချက်မျာ်း
(က)—-လူတစ်တစ်ယောက် အား အမည်တပ်၍ ကာဖိရ်ဟူ၍လည်ကောင်း၊ အလ္လာဟ်၏လာအအ်နတ်ကျရောက်ပါစေဟူ၍လည်းကောင်း လုံ့ဝပြောဆို ပိုင်ခွင့်မရှိပေ။
(ခ)—- သို့သော် ဇာလင်မ် မတရားညှင်းပန်းနှိပ်စက်သူတို့အပေါ်အလ္လာ၏လာအအ်နတ် ကျရောက်
ပါစေ ဟူ၍ပြောဆိုနိုင်သည်။
Aqida-(၁၄)ကျမ်းစာများဆိုင်ရာယုံကြည်ချက်များ
အလ္လာအရှင်မြတ်ထံမှ နဗီရစူ တမန်တော်များထံသို့ ကျမ်း၊ကျမ်းငယ်များအစောင်စောင်ချပေး၍ ရစူလ်၊နဗီ များကမိမိအွမ္မတ် သားများကို ဘာသာရေးတရားလမ်းမှန်များ ဟောကြားတော်မူ ခဲ့သည်။ထိုချပေးခဲ့သော ကျမ်းများအနက်အောက်ပါ(၄) အုပ်မှာ အထင်ရှာဆုံးနှင့် အကျော်ကြား
ဆုံးဖြစ်ပါသည်။၎င်းတို့မှာ–
(၁)…တမန်တော်–မူဆာ-(အလိုက်ဟိစ္စလာမ်) ထံ တောဝ်ရတ်ကျမ်း
(၂)…တန်တော်–ဒါဝူးဒ်-(အလိုက်ဟိစ္စလာမ်) ထံ ဇဘူရ်ကျမ်း
(၃)…တမန်တော်–အီစာ-(အလိုက်ဟိစ္စလာမ်) ထံ အင်ဂျင်လ်ကျမ်း
(၄)…တမန်တော်–မိုဟမ္မဒ်–(စွလ္လာလ္လာဟုအလိုက်ဟိစ္စလာ်) ထံ ကွရ်အန်ကျမ်း—စသည်တီု့ဖြစ်သည်။
သို့သော် လူသားတို့သည် ကွရ်အန်ကျမ်း မှလွှဲ၍ အခြားကျမ်းများကို မိမိအလိုကျ အပြောင်း၊အလဲ ပြုလုပ်ခဲ့ကြသည်။
ဉပမာ။  ။အင်ဂျင်လ်ကျမ်းကို (Bible)ဟု၍အမည်ပြောင်းပြီးမိမိ အလိုကျအလျှော့၊အတိုးများပြုလုပ်ကာ            ဓမ္မာဟောင်း၊ဓမ္မာသစ် သို့ပြောင်းလဲခြင်းဖြစ်သည်။

Aqida-အပိုင်း( ၆ )
သင်္ချင်္ိုင်း၊ကုသိုလ်ပြုခြင်း၊ကေယာမတ်၊ဂျန္နတ်၊ဂျဟန္နမ် ဆိုင်ရာယုံကြည်ချက်

Aqida-(၁၅)ကဘရ်၊သင်္ချိုင်းဆိုင်ရာယုံကြည်ချက်
၁။—-လူတစ်ဦးသေဆုံးချိန်ရောက်သောအခါ(စခရာတ်)သေမျောမျောသောအခါ ထိုသူအား၊  သေဆုံးလျှင် သူသွားမည့်နေရာဂျန္နတ်လား(သို့မဟုတ်)ဂျဟန္နမ်လား ဆိုတာကို၎င်းအားပြသည်။
၂။—-အီမာန်ရှင်ဖြစ်ပါက ဂျန္နတ်သွားမည်ဖြစ်၍သူပျော်သွားမည်ဖြစ်ပြီး၊ငရဲသွားမည်သူဖြစ်ပါက အထိတ်တလန့်ဖြစ်သွားမည်။
Aqida-(၁၆)ဘဝကူပြောင်းခြင်းဆိုင်ရာယုံကြည်ချက်
၁။—- လူတို့ သေဆုံးလျှင်ဘဝအမျိုးမျိုးကူးပြောင်း သည်ဆိုသောဝါဒမှာလုံ့ဝမှန်ကန်မှုမရှိပေ။
၂။—-လူသားတို့သေဆုံးလျှင် အခြားခန္ဓာကိုယ်အတွင်းဝင်စားခြင်းလုံ့ဝမရှိ၊သူပြုလုပ်ခဲ့သော
ကောင်းမှု၊မကောင်းမှုကို *သင်္ချိုင်းတွင်းကာလ ၌ ခံကြရမည်ဖြစ်သည်။

မှတ်ချက်။   ။သင်္ချိုင်းတွင်းကာလဟုဆိုရာတွင်(အဟ်ဝါလေဘရ်ဇခ်)သေဆုံးသည့်အချိန်မှ
နောက်တစ်ကြိမ်ကိယာမတ်နေ့ ရှင်ပြန်ထသောနေ့ထိကြားကာလကုဆိုလိုခြင်းဖြစ်ပါသည်။
Aqida-(၁၇) သေဆုံးသူအပေါ်အီစွာလီစွဝါဗ်ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဆိုင်ရာယုံကြည်ချက်များ
လူတို့သေဆုံးသွားပြီးနောက် သူ့၏အာမလ် တွေအားလုံးရပ်ဆိုင်းသွားသည်။သို့သော်ထိုသူသည် အီမာန်ရှင်ဖြစ်ပါကဒွန္နိယာလောက မှာရှင်နေသောသူများက ထိုသူ့အတွက်(အီစာလီစွာဝါဘ်)ကုသိုလ် ကောင်းမှုများပြုလုပ်ပါက ထိုသေဆုံးသူများသည် ကုသိုလ်ရရှိမည်ဖြစ်သည်။၎င်းအပြင် သူပြုလုပ်ခဲ့သော ထာဝရ ကုသိုလ်လည်းဆက်လက်ခံစားရမည်ဖြစ်ပါသည်။
Aqida -(၁၈)  ကေယာမတ်ကမ္ဘာပျက်မည့်ဆိုင်ရာယုံကြည်ချက်များ

အလ္လာအရှင်မြတ်နှင့်တမန်တော်မြတ်တို့်ကကေယာမတ်ဖြစ်မည့်လက္ခဏာများကိုကြိုတင်ဟောပြော
မိန့်ကြားခဲ့ပါသည်။ထိုနိမိတ်လက္ခဏာများသည်မုချဧကန်ဆိုက်ရောက်မည်ဖြစ်သည်။၎င်းတို့မှာ—
၁။—-အီမာမ်မဲဟ်ဒီအလိုက်ဟိစ္စလာမ် ပွင့်တော်မူမည်။
၂။—-၎င်းက တရားမျှတစွာအုပ်ချုပ်မည်။
၃။—-မျက်စိတစ်လုံးတည်းရှိသော ” ဒဂ်ျဂျလ် “(ဓမ္မတရာယ်)ပေါ်ထွက်လာမည်။တစ်ကမ္ဘာ္ဘလုံးအားမွှေနှောက်ဖျကိစီးမည်။
၃။—-ဟဇရတ်အီစာ အလိုက်ဟိစ္စလာမ် ကောင်းကင်မှ ဆင်းသက်လာမည်။
၎။—-ဒဂ်ျဂျလ်ကို   ဟဇရတ်အီစာအလိုက်ဟိစ္စလာမ်က သတ်ဖြတ်မည်။
၅။—-ယအ်ဂျုဂ်ျ ၊မအ်ဂျုဂ်ျ  လူမျိုးပေါ်ထွက်လာပြီတစ်ကမ္ဘာလုံး  ပျံ့နှံ့၍ ရုန်းရင်းဆန်ခတ်ပြုလုပ်မည်။
၆။—-၎င်းတို့အပေါ်အလ္လာအရှင်မြတ်၏ အမျက်တော်(ဂဇဘ်)ကျ၍သေကြေပျက်းစီးမည်။
၇။—-အလွန်ထူးဆန်း   အံ့ဖွယ်ရာကောင်းသော သတ္တဝါကြီးတစ်ကောင် မြေကြီးထဲမှပေါ်ထွက်လာ၍လူတို့နှင့်စကားပြောမည်။
၈။—-အနောက်ဖက်နေဝင်ရာအရပ်ျမှ နေထွက်မည်။
၉။—-အီမာန်ရှိသူအပေါင်း သေဆုံးကြမည်။
၁၀။—-တစ်ကမ္ဘာလုံး ကာဖိရ်များနှင့်ပြည်လျှံသွားမည်။
အခြားလက္ခဏာများလည်းရှိပါသေးသည်- —– (ရှာဖွေတင်ပြပါမည်။)
Aqidaကြည်ချက်-(၁၉)  ကေယာမတ်ကမ္ဘာပျက်မည့်လက္ခဏာဆိုင်ရာယုံကြည်ချက်များ
၁။—ကေယာမတ်၊ကမ္ဘာပျက်မည်လက္ခဏာများပြည့်စုံသွားလျှင် ကမ္ဘာကြီးတွင်မွတ်ဆလင်မရှိဘဲကာဖိရ်
များနှင့်ပြည့်နေမည်ဖြစ်သည်။
၂။—ထိုအခါ အလ္လာအရှင်မြတ်၏အမိန်ဖြင့် အိစ္စရာဖိလ် ကောင်းကင်တမန်ကြီးက စူရ်-  တံပိုးခရာကြီးကိုမှုတ်တော်မူမည်။
၃။—ထို စူရ်ခရာ ကြီးအသံကြောင်း အောက်ပါအတိုင်းဖြစ်သွားလိမ္မည်။
(က)– မိုးကောင်းကင် ပြိုကွဲသွားမည်၊ကြယ်တာရာများပျောက်ကွယ်ပျောက်သွားလိမ္မည်။
(ခ)—နေနှင့် လ၏အရောင်များပျောက်ကွယ်သွားလိမ္မည်။
(ဂ)—ပထဝီမြေကြီး၌ပြင်းထန်သော ငလျင်များလှုပ်လိမ္မည်။
(ဃ)—တောင်များဝါဂွမ်းကဲ့သို့လွင့်လိမ္မည်။
(င)—သတ္တဝါအားလုံးသေကြေပျက်စီးလိမ္မည်။
(စ)—တစ်ကမ္ဘာလုံးပျက်စီးသွားလိမ္မည်။
(ဆ)—ဝိညာဏ်များသတိလစ်သွားလိမ္မည်။
(ဇ)—သို့သော်အချို့သောဝိညာဏ်များကို သတိလစ်ခြင်းမှအလ္လာအရှင်မြတ်ကထိန်းသိမ်းတော်မူမည်။
(ဈ)—ဤဖြစ်ရပ်သည် အချိန်ကာလအတန်ကြာသည်ထိရှိနေမည်ဖြစ်သည်။
Aqida-(၂၀) ဒုတိယစူရ်တံပိုးခရာမှုတ်ခြင်းဆိုင်ရာယုံကြည်ချက်များ
၁။—အလ္လာအရှင်မြတ်သည်အလိုရှိတော်မူသော အခါ ဒုတိယအကြိမ် စူရ်တံပိုးခရာကိုမှုတ်တော်မူမည်။
၂။—၎င်းစူရ်ခရာ အသံကြောင်း တလောက လုံးပြန်လည်ရှင်ပြန်ထလာမည်ဖြစ်သည်။
၃။—သေသူအပေါင်းလည်ပြန်လည်းရှင်ပြန်လာမည်။
၎။—ထိုနောက်ဟာရှရ်ကွင်းပြင်ကြီးတွင် တရားစစ်ဆေးခြင်းခံကြရန်အားလုံးစုရုံးကြမည်။
၅။—ထိုနေ့၏ဒုက္ခကြောင်း လူတို့သည်စိုးရိမ်၍ အထိတ်တလန့်ဖြစ်ကြလိမ္မည်။
၆။—လူတို့သည် သူတို့၏နဗီတမန်တော်များထံ အသနားခံလျှောက်လဲပေးရန်သွားရောက်မည်။
၎င်းတို့ကို နဗီတမန်တော်များက မတတ်စွမ်းနိုင်ကြောင်းဖြေကြမည်။
၇။—နောက်ဆုံး နဗီ တမန်တော်မိုဟာမ္မဒ် (စွလ္လာလ္လဟုအလိုက်ဟိစ္စလာမ်)က အလ္လာထံအသနားခံ လျှောက်လဲ၍ချွတ်ကယ်မည်။
၈။—ကွင်းပြင်ကြီးတွင်စာရင်းစစ်ဆေးမှု စတင်မည်။
၉။—မိမိ၏ ကောင်းမှု၊မကောင်းမှု (မိဇာန်)ချိန်ခွင်တွင် ချိန်တွယ်ခြင်းပြူမည်။
၁၀။—ကိုယ်ကျင့်တရားနှင့် ပါတ်သက်၍ဆုံးဖြတ်တော်မူမည်။
၁၁။—ကောင်းမြတ်သောသူများ၏အမလ် စာရင်မင်္ကျာဖက်ပေးအပ်ခံရပြီး၊သည် ဂျန္နတ်သို့သွားခွင့်ရမည်။
၁၁။—မကောင်းသောသူမျာ၏အမလ်စာရင်းသည် နောက်ကျော့ဖက်တွင်ပေးအပ်ခံရပြီးဂျဟာန္နမ်သို့သွားရမည်ဖြစ်သည်။
၁၂။—ကျွန်ုပ်တို့မြတ်နဗီ တမန်တော်မိုဟာမ္မဒ်(စွလ္လာလ္လာဟုအလိုက်ဟိစ္စလာမ်) မိမိအွမ်သားမျာကို ကောင်ဝ် စောရ်တိုက်ကျွေးလိမ္မည်။(ထိုရေသည်နို့ထက်ဖြူ၍ပျားရည်ထက်ချိုမည်။)
၁၃။—ထိုနောက်စေရာတ် တံတားဖြတ်ကျော်ရလိမ်မည်။
၁၄။—ကောင်းသောသူတို့သသည် စေရာတ် တံတားပေါ်မှ လျှင်မြန်စွာဖြတ်ကျော်နိုင်၍ငရဲသားတို့သည် ဂျန္နတ်သို့သွားဝင်သွားလိမ္မည်။
၁၅။—-မကောင်းမှုပြုလုပ်သော ကာဖရ်၊လူဆိုးလ၊လူမိုက် ဒုစရိုက် သမားများသည် စေရာတ်တံတားပေါ်မှချော်လိမ့်ကျ၍ဂျန္နမ်ငရဲသို့ သွားကြမည်။
Aqida-(၂၁)  ဂျန္နတ်ဆိုင်ရာယုံကြည်ချက်ယုံကြည်ချက်များ
၁။—ကောင်းမှုကုသိုလ်ပြုသူမျာအတွက်ဂျန္နတ်သုခဘုံကိုဖန်ဆင်ထားသည်ဖြစ်ရာ၎င်းတွင်အမျိုးမျိုး
သော    စည်းစိမ်များရှိလေသည်။
(က)—၎င်းစည်းစိမ်များကိုမည်သူတစ်ဦးတစ်ယောက်မျှမမြင်ဘူးခြင်း၊
(ခ)—-ထိုကဲ့သို့စည်းစိမ်များကိုမည်သူမျှစိတ်ကူးယဉ်၍မခံစားဘူးခြင်း၊
(ဂ)—-အလ္လာဟ်အရှင်မြတ်ကို ဂျန္နတ်သားတိုင်းမြင်တွေ့ကြမည်ဖြစ် ခြင်း၊
(ဃ)—၎င်းတွင် ပူဆွေးမှု၊ဆင်းရဲမှုမောပန်းမှု၊စိုးရိမ်ကြောင်းကြားမှု မရှိခြင်း၊
(င)—-အမြဲထာဝရ စည်းစိမ်များ၌ပျော်ရွှင်နေကြမည်ဖြစ်ခြင်း၊
(စ)—-၎င်းသုခဘုံတွင် အမြဲနေထိုင်ရမည်ဖြစ်ခြင်း၊မည်သည့်အခါမျှနှင်ထုတ်ခံရမည်မဟုတ်ခြင်း၊
(ဆ)—၎င်းတွင် မည်သည့်အခါမျှ မသေရဘဲထာဝရရှင်သန်နေရမည်ဖြစ်ခြင်း—      စသည်တို့ခံစားရမည်ဖြစ်ပေသည်။
Aqida(၂၂)ဂျဟန္နမ် ဆိုင်ယုံကြည်ချက်များ
မကောင်းမှုဒုစရိုက်ပြုလုပ်သူများအတွက် ဂျန္နမ်၊အပါယ်ငရဲဘုံဖန်ဆင်းထားသည်ဖြစ်ရာ၎င်းတွင်
အောက်ပါအာဇာဘ်များကိုပေူခံရမည်ဖြစ်သည်။၎င်းတို့မှာ-
(က)—မြွေများ၊ကင်းများ အဆိပ်ရှိသောသတ္တဝါများကိုငရဲကျသူနှင့်အတူထားရှိစေခြင်း၊
(ခ)—-မျိုးစုံသော အဇာဘ်များ ပေးခံရမည်ဖြစ်ခြင်း၊
(ဂ)—-မြူမှုန်ခန့်လောက်မျှ အီမာန်ရှိမည်ဆိုပါကလည်းနောက်ဆုံးပြစ်ဒဏ်ကျခံရပြီး   နောက်ဆုံးလွှတ်ငြိမ်
းချမ်းသာခွင့်ရရှိပြီး ဂျန္နတ်သို့ ဝင်ခွင့်ပြုမည်ဖြစ်ပါသည်။
(ဃ)—အီမာန်လုံ့ဝမရှိသော ကာဖိရ်၊မူရှ်ရိက်တို့ ဂျန္နမ်ငရဲ`၌ အမြဲထာဝရအပြစ်ပေးခံနေရမည်ဖြစ်သည်။
သူတို့အတွက်ပြီးဆုံးသည်ဟူ၍မရှိခြင်း။
(င)—-၎င်းတွင်ငရဲသားတို့အတွက် သေခြင်းတရား( Death) လုံ့ဝ မရှိ၊ထာဝရ ဂျန္နမ်မှာသာအဆုံးမရှိဘဲနေကြရမည်ဖြစ်ပါသည်။
Aqida-(၂၃)  ရှရိက် တုဖက်ကိုးကွယ်ခြင်းဆိုင်ရာယုံကြည်ချက်များ
၁။—-အလ္လာအရှင်မြတ်သည် ရှရိက်တုဖက်ကိုးကွယ်ခြင်းကာဖိရ် သွေဖီဆန့်ကျင်ခြင်သူတို့အား လုံ့ဝ လွှတ်ငြိမ်းချမ်းသာခွင့်ပေးမည်မဟုတ်။
၂။—-ထိုဂိုနားဟ်မှအပ အခြားသောဂိုနားဟ်များကို အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်ဖြင့် ခွင့်လွတ်တော်မူမည်ဖြစ်သည်။

Aqida-(၂၄)ဂျန္နတီသုခဘုံသား၊ဂျဟန္နမ်  ငရဲသားဆိုင်ရာယုံကြည်ချက်
၁။—-အလ္လာဟ်အရှင်မြတ်နှင့်နဗီတမန်တော်မြတ် တို့က ဂျန္နတီ သုခဘုံသားအဖြစ်    အဖြစ်မိန့်ကြားထားပါသည်။
၂။—-ထိုပုဂ္ဂိုလ်များမှအပ အခြားပုဂ္ဂိုလ်များကို ဂျန္နတီ ဟုယတိပြတ်မပြောနိုင်ခြင်း
၃။—-သို့သော် တစ်င်္ဦးတစ်ယောက်၏ကောင်းသောကျင့်စည်အပေါ်  အကောင်းဟုထင်မြင်
ယူဆပိုင်ခွင့်ရှိသည်။
Aqida-(၂၅) အလ္လာအရှင်မြတ်ကို ဖူးမြင်ခြင်းဆိုင်ရာယုံကြည်ချက်များ
၁။—-ဂျန္နတ်၌ အကြီးမားဆုံး(နေအ်မတ်)စည်းစိမ်သည် အလ္လာအရှင်မြတ်ကိုဖူးမြင်ခြင်းပင်ဖြစ်သည်။
၂။—-၎င်းအခွင့်အရေးကိုဂျန္နတ် သုခဘုံသားတိုင်းက ရရှိမည်ဖြစ်သည်။
၃။—-ထိုစည်းစိမ် ရှေ့မှောက်တွင် ကျန်သော  စည်းစိမ်အားလုံးတန်ဖိုးမဲ့ဖြစ်သွားလိမ်မည်။

Aqida-(၂၆)ကောင်းသောသူနှင့်မကောင်းသောသူများ အပေါ်ထားရှိခြင်းဆိုင်ရာယုံကြည်ချက်

၁။—-လူတို့နှင့်ပါတ်သက်၍ ကောင်းသောသူနှင့်မကောင်းသောသူ ဆုံးဖြတ်ချက်ချရာတွင်၎င်း၏
နောက်ဆုံးသေဆုံးခြင်းအပေါ်မူတည်သည်။
၂။—-လူတင်္စဦးသည်အီမာန်ယူ၍ အီမာန်တစ်ကွသေဆုံးလျှင် ကောင်းသောအုပ်စုတွင်ပါဝင်သည်။
၃။—-အကယ်၍ ကာဖိရ်သွေဖ်ီငြင်းပယ်ခြင်းနှင့်သေဆုံးလျှင် ကာဖိရ်အုပ်စုတွင်သည်။

Aqida-(၂၇) တောင်ဝ်ဗာ ဝန်ချတောင်းပန်ခြင်းဆိုင်ရာယုံကြည်ချက်

၁။—-လူသားတို့၏ (တော်ဝ်ဗာ)ဂိုနားဟ်အပြစ်မှဝန်ချတောင်းပန်ခြင်း ကိုအချိန်မရွေးလက်ခံတော်မူသည်။
၂။—-သို့သော် သေလုမျေနေသော(သတိလစ်ချိန်၊စခရာတ်အချိန်)၊အာဇာဘ်ပြစ်းဏ်ပေးမည့်မလာအီကာ
ကောင်းကင်တမန်များ မြင်တွေ့ချိန်တွင် ကာဖိရ်တို့၏အီမာန်သက်ဝင်ယုံကြည်ခြင်း  လက်ခံတော်
မည်မဟုတ်ပါ။

၃။—-ထိုကဲ့သို့သော အချိန်တွင် မုအ်မင်၏တော်ဝ်ဗာ(အပြစ်မှအမှားဝန်ချတောင်းပန်ခြင်း)လက်ခံမည

မဟုတ်ပါ။

Aqida-(၂၈) ရှဖါအတ်ကြားဝင်အသနားခံခြင်းဆိုင်ရာယုံကြည်ချက်

၁။—-ရစူလ်ကိုယ်တော်မြတ်သည်ဂိုနားဟ်အပြစ်ကြောင်း ဂျဟာန္နမ်ငရဲသို့သွားရမည်သူများကဂျဟာန္နမ်မှ

ကင်းလွှတ်ခွင့်ပြုပါရန် ကြားဝင်အသနားခံပေးမည်ဖြစ်ပါသည်။
၂။—-သူတော်စင်များနှင့် ကလေးငယ်များသည်လည်း ဂိုနားအပြစ်ကျူးလွန်သူများအတွက်ကြားဝင်
အနားခံကြမည်ဖြစ်ပါသည်။
အထက်ပါအားလုံးကို အလ္လာအရှင်မြတ်၏ခွင့်ပြုချက်အရ ပြုလုပ်မည်ဖြစ်ပါသည်။
မှတ်ချက်။        ။ အမှားတွေ့ရှိပါက အမှားပြင်ပေးနိုင်ပါရန် kotinmaung2010@gmail.com

(သို့မဟူတ်) comment ဖြင့်  အကြောင်းကြားပေးပါရန်မေတ္တာရပ်ခံပါသည်

About puresunni

I like this site.
This entry was posted in Untags and tagged . Bookmark the permalink.

Leave a comment